
ရွိုင်ကိန်းဟာမန်ချက်စတာယူနိုက်တက်နှင့်အင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားအား
ဝေဖန်မှုအတွက်အနိုင်ကျင့်နေတယ်ဆိုပြီးစွပ်စွဲခြင်းခံနေရပါတယ်။
ဟယ်ရီကိန်းဟာမန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကိုဝေဖန်မှုများ
ပြုလုပ်လာခဲ့သူလည်းဖြစ်ပါတယ်။သူဟာသောကြာနေ့တုန်းကအယ်ဘေးနီးယားနှင့်
အင်္ဂလန်ပွဲတွင်လည်းဂိုးသွင်းပြီးနောက်နားနှစ်ဖက်ကိုပိတ်ကာအောင်ပွဲခံခဲ့တဲ့
ဟယ်ရီမက်ဂွိုင်းယားရဲ့အောင်ပွဲခံမှုပုံစံကိုဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ဒါကြောင့်လည်းဗီလာကစားသမားဟောင်းအဘွန်လဟော်က”ပြောနေတာတွေ
ကြားပါတယ်။ရွိုင်ကိန်းရဲ့ဗီဒီယိုကြည့်ရတယ်။ရွိုင်ကိန်းကအနိုင်ကျင့်နေတာပါ။
ဟယ်ရီမက်ဂွိုင်းယားကမန်ယူမှာခြေစွမ်းမကောင်းတော့ဖိအားတွေအောက်မှာ
အများကြီးရောက်နေချိန်မှာသူ့ကိုအနိုင်ကျင့်နေတာလို့ထင်ပါတယ်။
သူကဗဟိုနောက်ခံလူကောင်းတစ်ဦးဆိုတာသက်သေပြဖို့အခွင့်အရေးရှိပါတယ်။
သူဂိုးသွင်းတယ်။ဒီတော့အောင်ပွဲခံရမယ်ပေါ့။ကျုပ်ဆိုရင်လည်းခြေစွမ်း
ဆက်တိုက်ဆိုးပြီးဂိုးသွင်းနိုင်ရင်ဒီလိုနားနှစ်ဖက်ပိတ်ပြီးအောင်ပွဲခံမှာပဲ”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်အင်္ဂလန်နည်းပြဆောက်ဂိတ်ကလည်း ရွိုင်ကိန်းမှာဟယ်ရီမက်ဂွိုင်းယားကို
ဝေဖန်မှုပြုလုပ်ပြီးသတင်းခေါင်းစီးတွင်ပါဝင်ရန်ကြိုးပမ်းနေတယ်လို့
ဝေဖန်မှုပြုလုပ်သွားပါတယ်။
zawgyi
႐ြိဳင္ကိန္းကို ေဂါင္းႀကီးအား အႏိုင္က်င့္ေနတယ္ဆိုၿပီး စြပ္စြဲမႈေတြရွိလာ
႐ြိဳင္ကိန္းဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္အဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားအား
ေဝဖန္မႈအတြက္အႏိုင္က်င့္ေနတယ္ဆိုၿပီးစြပ္စြဲျခင္းခံေနရပါတယ္။
ဟယ္ရီကိန္းဟာမန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကိုေဝဖန္မႈမ်ား
ျပဳလုပ္လာခဲ့သူလည္းျဖစ္ပါတယ္။သူဟာေသာၾကာေန႔တုန္းကအယ္ေဘးနီးယားႏွင့္
အဂၤလန္ပြဲတြင္လည္းဂိုးသြင္းၿပီးေနာက္နားႏွစ္ဖက္ကိုပိတ္ကာေအာင္ပြဲခံခဲ့တဲ့
ဟယ္ရီမက္ဂြိဳင္းယားရဲ႕ေအာင္ပြဲခံမႈပုံစံကိုေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းဗီလာကစားသမားေဟာင္းအဘြန္လေဟာ္က”ေျပာေနတာေတြ
ၾကားပါတယ္။႐ြိဳင္ကိန္းရဲ႕ဗီဒီယိုၾကည့္ရတယ္။႐ြိဳင္ကိန္းကအႏိုင္က်င့္ေနတာပါ။
ဟယ္ရီမက္ဂြိဳင္းယားကမန္ယူမွာေျခစြမ္းမေကာင္းေတာ့ဖိအားေတြေအာက္မွာ
အမ်ားႀကီးေရာက္ေနခ်ိန္မွာသူ႔ကိုအႏိုင္က်င့္ေနတာလို႔ထင္ပါတယ္။
သူကဗဟိုေနာက္ခံလူေကာင္းတစ္ဦးဆိုတာသက္ေသျပဖို႔အခြင့္အေရးရွိပါတယ္။
သူဂိုးသြင္းတယ္။ဒီေတာ့ေအာင္ပြဲခံရမယ္ေပါ့။က်ဳပ္ဆိုရင္လည္းေျခစြမ္း
ဆက္တိုက္ဆိုးၿပီးဂိုးသြင္းႏိုင္ရင္ဒီလိုနားႏွစ္ဖက္ပိတ္ၿပီးေအာင္ပြဲခံမွာပဲ”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္အဂၤလန္နည္းျပေဆာက္ဂိတ္ကလည္း ႐ြိဳင္ကိန္းမွာဟယ္ရီမက္ဂြိဳင္းယားကို
ေဝဖန္မႈျပဳလုပ္ၿပီးသတင္းေခါင္းစီးတြင္ပါဝင္ရန္ႀကိဳးပမ္းေနတယ္လို႔
ေဝဖန္မႈျပဳလုပ္သြားပါတယ္။