ရွိုင်ကိန်းကို အရမ်းမုန်းတီးတဲ့သူတစ်ယောက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

ဘောလုံးသမားတွေထဲမှာ ပရိသတ်ချစ်တဲ့သူတွေရှိသလို၊ ပရိသတ်မကြိုက်တဲ့သူတွေလည်းရှိပါတယ်။ ကစားသမားအချင်းချင်းကတော့ ပိုဆိုးပါတယ်။ မတည့်ရင် ကွင်းအတွင်း၊ကွင်းအပြင်မှာပါ ရန်ဖြစ်ကြတာပါ။ အခုလည်း ရွိုင်ကိန်းကို တော်တော်မုန်းတီးတဲ့သူတစ်ယောက်ရှိပါတယ်။ သူကတော့ အိုင်ယာလန် လက်ရွေးစင် ကွင်းလယ်လူဟောင်း ဖြစ်သူ ဂျေဆင်မက်အာတီးယားပဲဖြစ်ပါတယ်။ အာတီးယားတစ်ယောက် ကိန်းကို ဘယ်လောက်တောင်မုန်းလဲဆိုရင် ပြိုင်ဘက်ကစားသမားအဖြစ်ယှဉ်ပြိုင်ရင်ဆိုင်ရတိုင်း တစ်ခုခုလုပ်ပစ်ချင်စိတ်အမြဲတမ်းဖြစ်ပေါ်ကြောင်းသိရပါတယ်။

 

လီဗာပူး ၊ ဘလက်ဘန်း နဲ့ ဘော်တန် ကစားသမားဟောင်း ဖြစ်သူ မက်အာတီးယားနဲ့ ကိန်း တို့ကြားမှာချစ်ခင်မှု ဆိုတာ လုံး၀ မရှိသလို၊ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွင်း ၎င်းတို့ နှစ်ဦး အကြိမ်ပေါင်း များစွာ အချင်းများမှုတွေ ဖြစ်ပွား ခဲ့ကြတာပါ။ မက်အာတီးယားက “ကလပ် အသင်းအတွက်ကစားရတဲ့ပွဲတွေမှာ တစ်ခါတစ်ရံ ကိုယ့်ရဲ့ လက်ရွေးစင် အသင်းဖော် တွေနဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင် ရတာတွေ ရှိတတ်ပါတယ်။ ဥပမာ လိဒ်ယူနိုက်တက် နဲ့ပွဲ ဆိုရင် ကျွန်တော် အီရန်ဟတ် နဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင် ရပါတယ်။”

 

“ကျွန်တော် သူ့ကို လူချ ကစားချင်တယ် ဆိုပြီး တစ်ခါမှ မတွေးမိ ခဲ့ပါဘူး။ သူဟာ ဘယ်တောင်ပံမှာ ကစားသူပါ။ ကျွန်တော်က ညာတောင်ပံမှာ ကစားပါတယ်။ ဒ့ါကြောင့် ကွင်းထဲမှာ အမြဲတမ်း ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သန့်သန့်ရှင်းရှင်း ကစား ကြပါတယ်။ ပွဲမစမီ ကျွန်တော်တို့ ဖက်လှဲတစ်ကင်း နှုတ်ဆက် ကြသလို ပွဲအပြီးမှာလည်း ဒီလိုပဲ လုပ်ကြပါတယ်။”

 

“ရွိုင်ကိန်းနဲ့ ကျတော့ ကျွန်တော် သူ့ကို ပွဲအတွင်းမှာတင် နာကျင်အောင်၊ မှတ်လောက်သားလောက်အောင် တစ်ခုခုလုပ်ပစ်လိုက်ချင်တာပါ။ ကျွန်တော် သူနဲ့ အမြဲတမ်း နီးပါး စကားများလေ့ ရှိပါတယ်။သူနဲ့ ဆက်ဆံရေး အဆင်ပြေချင်စိတ်လည်း မရှိပါဘူး။ ပွဲအပြီးမှာလည်း သူနဲ့ နှုတ်ဆက်ချင်စိတ် မရှိပါဘူး။”လို့ မက်အာတီးယားကပြောဆိုထားပါတယ်။

 

ရွိုင်ကိန်းဟာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က နည်းပြ မစ်မက္ကသီနဲ့ အချင်းများကာ အိုင်ယာလန်ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့ပါတယ်။မက်အာတီးယားဟာ အဆိုပါ လူစာရင်းမှာ ပါဝင် ခဲ့သူ ဖြစ်ပြီး အိုင်ယာလန်ဟာ အဆိုပါ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ နောက်ဆုံး ၁၆ သင်း အဆင့်မှာ စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးကာ ပြိုင်ပွဲ ကနေ ထွက်ခွာ ခဲ့ရပါတယ်။ အာတီးယားက ရွိုင်ကိန်း အဆိုပါ ပြိုင်ပွဲမှာ မပါဝင် ခဲ့တဲ့ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေဆဲ ဖြစ်ပါတယ်။

 

မက်အာတီးယားက “ကျွန်တော်အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အတော် ဝမ်းနည်းမိပါတယ်။ ဒါကိုတော့ ကျွန်တော် ရိုးရိုးသားသား ပြောပြတာပါ။ သူ အဲဒီပြိုင်ပွဲနဲ့ လွဲချော် ခဲ့တဲ့ အတွက် သူ့အစား စိတ်ပျက်လက်ပျက် ဖြစ်မိပါတယ်။ သူဟာ အဲဒီအချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။ သူသာ ဒီပြိုင်ပွဲမှာ ပါမယ် ဆိုရင် ကျွန်တော်တို့ကို ကောင်းမွန်တဲ့ အနေအထား တစ်ခု ရောက်အောင် တွန်းပို့ နိုင်မှာပါ။သူသာ ကွင်းထဲမှာ ရှိနေမယ် ဆိုရင် ကျွန်တော်တို့ကို နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ လိုအပ်တဲ့ အရာတစ်ချို့ကို လုပ်ပေး နိုင်မယ်လို့ ထင်ပါတယ်။သူကသူ့ယုံကြည်ချက်အတိုင်း လုပ်ဆောင် ခဲ့တာပါ။သူ့အကြောင်းပြချက်နဲ့သူ ဆိုရင်တော့ မှန်ကန်မှု ရှိပါလိမ့်မယ်။”ဆိုပြီးပြောဆိုထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ြိဳင္ကိန္းကို အရမ္းမုန္းတီးတဲ့သူတစ္​ေယာက္

​ေဘာလုံးသမား​ေတြထဲမွာ ပရိသတ္ခ်စ္တဲ့သူ​ေတြရွိသလို၊ ပရိသတ္မႀကိဳက္တဲ့သူ​ေတြလည္းရွိပါတယ္။ ကစားသမားအခ်င္းခ်င္းက​ေတာ့ ပိုဆိုးပါတယ္။ မတည့္ရင္ ကြင္းအတြင္း၊ကြင္းအျပင္မွာပါ ရန္ျဖစ္ၾကတာပါ။ အခုလည္း ႐ြိဳင္ကိန္းကို ​ေတာ္​ေတာ္မုန္းတီးတဲ့သူတစ္​ေယာက္ရွိပါတယ္။ သူက​ေတာ့ အိုင္ယာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူေဟာင္း ျဖစ္သူ ေဂ်ဆင္မက္အာတီးယားပဲျဖစ္ပါတယ္။ အာတီးယားတစ္​ေယာက္ ကိန္းကို ဘယ္​ေလာက္​ေတာင္မုန္းလဲဆိုရင္ ၿပိဳင္ဘက္ကစားသမားအျဖစ္ယွဥ္ၿပိဳင္ရင္ဆိုင္ရတိုင္း တစ္ခုခုလုပ္ပစ္ခ်င္စိတ္အၿမဲတမ္းျဖစ္​ေပၚ​ေၾကာင္းသိရပါတယ္။

လီဗာပူး ၊ ဘလက္ဘန္း နဲ႔ ေဘာ္တန္ ကစားသမားေဟာင္း ျဖစ္သူ မက္အာတီးယားနဲ႔ ကိန္း တို႔ၾကားမွာခ်စ္ခင္မႈ ဆိုတာ လုံး၀ မရွိသလို၊ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ အတြင္း ၎တို႔ ႏွစ္ဦး အႀကိမ္ေပါင္း မ်ားစြာ အခ်င္းမ်ားမႈေတြ ျဖစ္ပြား ခဲ့ၾကတာပါ။ မက္အာတီးယားက “ကလပ္ အသင္းအတြက္ကစားရတဲ့ပြဲ​ေတြမွာ တစ္ခါတစ္ရံ ကိုယ့္ရဲ႕ လက္ေ႐ြးစင္ အသင္းေဖာ္ ေတြနဲ႔ ၿပိဳင္ဘက္ အျဖစ္ ရင္ဆိုင္ ရတာေတြ ရွိတတ္ပါတယ္။ ဥပမာ လိဒ္ယူႏိုက္တက္ နဲ႔ပြဲ ဆိုရင္ ကြၽန္ေတာ္ အီရန္ဟတ္ နဲ႔ ၿပိဳင္ဘက္ အျဖစ္ ရင္ဆိုင္ ရပါတယ္။”

“ကြၽန္ေတာ္ သူ႔ကို လူခ် ကစားခ်င္တယ္ ဆိုၿပီး တစ္ခါမွ မေတြးမိ ခဲ့ပါဘူး။ သူဟာ ဘယ္ေတာင္ပံမွာ ကစားသူပါ။ ကြၽန္ေတာ္က ညာေတာင္ပံမွာ ကစားပါတယ္။ ဒ့ါေၾကာင့္ ကြင္းထဲမွာ အၿမဲတမ္း ထိပ္တိုက္ ရင္ဆိုင္မႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သန႔္သန႔္ရွင္းရွင္း ကစား ၾကပါတယ္။ ပြဲမစမီ ကြၽန္ေတာ္တို႔ ဖက္လွဲတစ္ကင္း ႏႈတ္ဆက္ ၾကသလို ပြဲအၿပီးမွာလည္း ဒီလိုပဲ လုပ္ၾကပါတယ္။”

“႐ြိဳင္ကိန္းနဲ႔ က်ေတာ့ ကြၽန္ေတာ္ သူ႔ကို ပြဲအတြင္းမွာတင္ နာက်င္​ေအာင္၊ မွတ္​ေလာက္သား​ေလာက္​ေအာင္ တစ္ခုခုလုပ္ပစ္လိုက္ခ်င္တာပါ။ ကြၽန္ေတာ္ သူနဲ႔ အၿမဲတမ္း နီးပါး စကားမ်ားေလ့ ရွိပါတယ္။သူနဲ႔ ဆက္ဆံေရး အဆင္ေျပခ်င္စိတ္လည္း မရွိပါဘူး။ ပြဲအၿပီးမွာလည္း သူနဲ႔ ႏႈတ္ဆက္ခ်င္စိတ္ မရွိပါဘူး။”လို႔ မက္အာတီးယားက​ေျပာဆိုထားပါတယ္။

႐ြိဳင္ကိန္းဟာ လြန္ခဲ့တဲ့ ၂၀၀၂ ခုႏွစ္က နည္းျပ မစ္မကၠသီနဲ႔ အခ်င္းမ်ားကာ အိုင္ယာလန္ရဲ႕ ကမာၻ႔ဖလား ၿပိဳင္ပြဲ လူစာရင္း ကေန ႏႈတ္ထြက္ သြားခဲ့ပါတယ္။မက္အာတီးယားဟာ အဆိုပါ လူစာရင္းမွာ ပါဝင္ ခဲ့သူ ျဖစ္ၿပီး အိုင္ယာလန္ဟာ အဆိုပါ ကမာၻ႔ဖလား ၿပိဳင္ပြဲရဲ႕ ေနာက္ဆုံး ၁၆ သင္း အဆင့္မွာ စပိန္ကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ ရႈံးကာ ၿပိဳင္ပြဲ ကေန ထြက္ခြာ ခဲ့ရပါတယ္။ အာတီးယားက ႐ြိဳင္ကိန္း အဆိုပါ ၿပိဳင္ပြဲမွာ မပါဝင္ ခဲ့တဲ့ အေပၚ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနဆဲ ျဖစ္ပါတယ္။

မက္အာတီးယားက “ကြၽန္ေတာ္အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး အေတာ္ ဝမ္းနည္းမိပါတယ္။ ဒါကိုေတာ့ ကြၽန္ေတာ္ ႐ိုး႐ိုးသားသား ေျပာျပတာပါ။ သူ အဲဒီၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ ခဲ့တဲ့ အတြက္ သူ႔အစား စိတ္ပ်က္လက္ပ်က္ ျဖစ္မိပါတယ္။ သူဟာ အဲဒီအခ်ိန္က ကမာၻ႔အေကာင္းဆုံး ကစားသမားေတြ ထဲက တစ္ဦး ျဖစ္ပါတယ္။ သူသာ ဒီၿပိဳင္ပြဲမွာ ပါမယ္ ဆိုရင္ ကြၽန္ေတာ္တို႔ကို ေကာင္းမြန္တဲ့ အေနအထား တစ္ခု ေရာက္ေအာင္ တြန္းပို႔ ႏိုင္မွာပါ။သူသာ ကြင္းထဲမွာ ရွိေနမယ္ ဆိုရင္ ကြၽန္ေတာ္တို႔ကို ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ဖို႔ လိုအပ္တဲ့ အရာတစ္ခ်ိဳ႕ကို လုပ္ေပး ႏိုင္မယ္လို႔ ထင္ပါတယ္။သူကသူ႔ယုံၾကည္ခ်က္အတိုင္း လုပ္ေဆာင္ ခဲ့တာပါ။သူ႔အေၾကာင္းျပခ်က္နဲ႔သူ ဆိုရင္ေတာ့ မွန္ကန္မႈ ရွိပါလိမ့္မယ္။”ဆိုၿပီး​​ေျပာဆိုထားပါတယ္။