ရွိုင်ကိန်းက ဒေ့ါမွန်အသင်းအင်္ဂလန်လူငယ်ကွင်းလယ်လူ ဘယ်လင်ဂမ်ရဲ့ ခြေစွမ်းအပေါ် ချီးကျူးစကားဆို

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်အသင်းခေါင်းဆောင်ရွိုင်ကိန်းက

ဒေ့ါမွန်အသင်းအင်္ဂလန်လူငယ်ကွင်းလယ်လူဘယ်လင်ဂမ်ရဲ့ခြေစွမ်းအပေါ်

ချီးကျူးစကားဆိုခဲ့ပြီး သူဟာ ဘယ်လင်ဂမ်ရဲ့ပရိသတ်တစ်ဦးဖြစ်တယ်လို့

ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့နှစ်က ဘာမင်ဂမ်အသင်းကနေ ဒေ့ါမွန်အသင်းဆီ

ပြောင်းရွှေ့ခဲ့ပြီး ဒေ့ါမွန်အသင်းရဲ့အဓိက,ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိနေသလို

အင်္ဂလန်အသင်းမှာလည်း ဆက်တိုက်ဆိုသလိုရွေးချယ်ခံနေရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက်အသက်အငယ်ဆုံးကစားသမားအဖြစ်

စံချိန်တင်ခဲ့တဲ့ ဘယ်လင်ဂမ်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့

ယူနိုက်တက်၊ လီဗာပူးလ်တို့ကပစ်မှတ်ထားနေပြီး ရွိုင်ကိန်းကလည်း

ဘယ်လင်ဂမ်ရဲ့ခြေစွမ်းအပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

ရွိုင်ကိန်းက “ဒီကောင်လေးဟာအလားအလာကောင်းတွေပိုင်ဆိုင်ထားပါတယ်။

ဘယ်လင်ဂမ်ဟာသူ့ရဲ့စွမ်းဆောင်ရည်ကို မြက်ခင်းစိမ်းတွေပေါ်မှာ လက်တွေ့ပြသနေပြီး

ထိပ်တန်းအဆင့်ကလပ်အသင်းတစ်သင်းမှာ ပုံမှန်ကစားခွင့်ရနေသူဖြစ်ပါတယ်။

သူက ကြံ့ခိုင်ပြီး ခွန်အားရှိတဲ့ကစားသမားဖြစ်သလို ဘောလုံးသမားပုံပေါက်တဲ့သူ

တစ်ယောက်လည်းဖြစ်ပါတယ်”လို့ဆိုခဲ့ပါတယ်။

zawgyi

႐ြိဳင္ကိန္းက ေဒ့ါမြန္အသင္းအဂၤလန္လူငယ္ကြင္းလယ္လူ ဘယ္လင္ဂမ္ရဲ႕ ေျခစြမ္းအေပၚ ခ်ီးက်ဴးစကားဆို

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္အသင္းေခါင္းေဆာင္႐ြိဳင္ကိန္းက

ေဒ့ါမြန္အသင္းအဂၤလန္လူငယ္ကြင္းလယ္လူဘယ္လင္ဂမ္ရဲ႕ေျခစြမ္းအေပၚ

ခ်ီးက်ဴးစကားဆိုခဲ့ၿပီး သူဟာ ဘယ္လင္ဂမ္ရဲ႕ပရိသတ္တစ္ဦးျဖစ္တယ္လို႔

ဝန္ခံေျပာဆိုလိုက္ပါတယ္။ အသက္(၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့

ဘယ္လင္ဂမ္ဟာ ၿပီးခဲ့တဲ့ႏွစ္က ဘာမင္ဂမ္အသင္းကေန ေဒ့ါမြန္အသင္းဆီ

ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေဒ့ါမြန္အသင္းရဲ႕အဓိက,ကစားသမားအျဖစ္ပါဝင္ခြင့္ရရွိေနသလို

အဂၤလန္အသင္းမွာလည္း ဆက္တိုက္ဆိုသလိုေ႐ြးခ်ယ္ခံေနရသူျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္အသက္အငယ္ဆုံးကစားသမားအျဖစ္

စံခ်ိန္တင္ခဲ့တဲ့ ဘယ္လင္ဂမ္ကို ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြျဖစ္တဲ့

ယူႏိုက္တက္၊ လီဗာပူးလ္တို႔ကပစ္မွတ္ထားေနၿပီး ႐ြိဳင္ကိန္းကလည္း

ဘယ္လင္ဂမ္ရဲ႕ေျခစြမ္းအေပၚ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။ ႐ြိဳင္ကိန္းက “ဒီေကာင္ေလးဟာ

အလားအလာေကာင္းေတြပိုင္ဆိုင္ထားပါတယ္။ ဘယ္လင္ဂမ္ဟာ

သူ႔ရဲ႕စြမ္းေဆာင္ရည္ကို ျမက္ခင္းစိမ္းေတြေပၚမွာ လက္ေတြ႕ျပသေနၿပီး

ထိပ္တန္းအဆင့္ကလပ္အသင္းတစ္သင္းမွာ ပုံမွန္ကစားခြင့္ရေနသူျဖစ္ပါတယ္။

သူက ႀကံ့ခိုင္ၿပီး ခြန္အားရွိတဲ့ကစားသမားျဖစ္သလို ေဘာလုံးသမားပုံေပါက္တဲ့သူ

တစ္ေယာက္လည္းျဖစ္ပါတယ္”လို႔ဆိုခဲ့ပါတယ္။