
Sky Sports ဝေဖန်သုံးသပ်သူများဖြစ်ကြတဲ့ရွိင်ကိန်းနှင့်ဂျင်မီကာရေဂါတို့ဟာ
ခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံတွင်ထားရန် ဆုံးဖြတ်ခဲ့တဲ့ ယူနိုက်တက်ယာယီနည်းပြ
မိုက်ကယ်ကာရစ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ကြပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်မှာ
ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာယာယီနည်းပြ
မိုက်ကယ်ကာရစ်ရဲ့အရန်စာရင်းတွင်သာထည့်သွင်းခံခဲ့ရပါတယ်။
မိုက်ကယ်ကာရစ်ဟာပထမဆုံးပရီးမီးယားလိဂ်ပွဲကိုင်တွယ်ရာမှာ
ခရစ္စတီယာနိုရော်နယ်ဒိုကိုအရန်ခုံမှာထိုင်စေမှုနဲ့ပတ်သက်ပြီးရွိုင်ကိန်းမှာ
အကြီးအကျယ်တုန်လှုပ်ခဲ့ရပါတယ်။ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းဟာ
ရော်နယ်ဒိုကိုအရန်ခုံတွင်ထိုင်စေမှုနဲ့ပတ်သက်ပြီး
လီဗာပူးဂန္ထဝင်ကာရေဂါနှင့်အငြင်းပွားခဲ့ကြရပါတယ်။
ရွိုင်ကိန်းကပေါ်တူဂီစူပါစတားမှာခံစစ်ပိုင်းအတွက်အကူအညီ
မဖြစ်မှုကြောင့်အကောင်းဆုံးဖြစ်စေရန်အရန်ခုံတွင်ထိုင်စေခြင်းလို့ယူဆကြောင်းဆိုသွားပါတယ်။
ကိန်းက “သူ(ရော်နယ်ဒို)ဟာပြိုင်ဘက်ကိုဖိအားပေးမကစားလာတာ
လေးငါးခြောက်နှစ်ရှိပါပြီ။ရော်နယ်ဒိုကယူနိုက်တက်ပြဿနာတွေရဲ့
အဖြေမဟုတ်ပါဘူး။ဒါပေမယ့်ရော်နယ်ဒိုကိုအရန်ခုံမှာထိုင်စေဖို့
ပြန်ခေါ်စရာတော့မလိုပါဘူး”လို့ပြောကြားသွားပါတယ်။
ယင်းကိုကာရေဂါက “မန်ချက်စတာယူနိုက်တက်ကသူ့ကို
မန်စီးတီးသို့ရောက်သွားမှာစိုးလို့သာခေါ်ခဲ့တာပါ။ရော်နယ်ဒိုကိုခေါ်ဖို့
အစီအစဉ်ကိုမရှိခဲ့တာ။နောက်ဆုံးမိနစ်ကျမှသူ့ကိုခေါ်ယူခဲ့တာ”လို့ပြောကြားခဲ့ပါတယ်။
ယင်းကိုရွိုင်ကိန်းကလည်း “သူတို့ဟာစီးတီးသို့ရောက်မှာစိုးလို့ခေါ်ယူခဲ့တာ။
ဒါပေမယ့်သူကအရန်ခုံမှာထိုင်ဖို့အတွက်ရောက်လာတာလား။ယူနိုက်တက်သို့
သူရောက်လာပြီးတဲ့နောက်မှတ်တမ်းကိုကြည့်လိုက်ရင်အရမ်းကောင်းတယ်”လို့
ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ကာရေဂါကလည်းရွိုင်ကိန်းကတုံ့ပြန်လာတဲ့
ရော်နယ်ဒိုရဲ့မှတ်တမ်းနှင့်ပတ်သက်ပြီး “ဂိုးသွင်းဖို့သက်သက်လား”လို့
ဆိုသွားပါတယ်”လို့ပြောကြားခဲ့ပါတယ်။
အထက်ပါအတိုင်းရွိုင်ကိန်းနှင့်ကာရေဂါတို့ ရော်နယ်ဒိုအား
အရန်ခုံတွင်ထိုင်စေမှုနဲ့ပတ်သက်ပြီးအငြင်းပွားနေမှုကို
ဂယ်ရီနဗီးလ်က Selfie ရိုက်ကာ လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။
zawgyi
႐ြိဳင္ကိန္းႏွင့္ကာေရဂါတို႔ ေရာ္နယ္ဒိုအား အရန္ခုံတြင္ထိုင္ေစမႈနဲ႔ပတ္သက္ၿပီးအျငင္းပြားခဲ့ၾက
Sky Sports ေဝဖန္သုံးသပ္သူမ်ားျဖစ္ၾကတဲ့႐ြိင္ကိန္းႏွင့္ဂ်င္မီကာေရဂါတို႔ဟာ
ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအရန္ခုံတြင္ထားရန္ ဆုံးျဖတ္ခဲ့တဲ့ ယူႏိုက္တက္ယာယီနည္းျပ
မိုက္ကယ္ကာရစ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အျငင္းပြားခဲ့ၾကပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္မွာ
ခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာယာယီနည္းျပ
မိုက္ကယ္ကာရစ္ရဲ႕အရန္စာရင္းတြင္သာထည့္သြင္းခံခဲ့ရပါတယ္။
မိုက္ကယ္ကာရစ္ဟာပထမဆုံးပရီးမီးယားလိဂ္ပြဲကိုင္တြယ္ရာမွာ
ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအရန္ခုံမွာထိုင္ေစမႈနဲ႔ပတ္သက္ၿပီး႐ြိဳင္ကိန္းမွာ
အႀကီးအက်ယ္တုန္လႈပ္ခဲ့ရပါတယ္။ယူႏိုက္တက္ဂႏၴဝင္႐ြိဳင္ကိန္းဟာ
ေရာ္နယ္ဒိုကိုအရန္ခုံတြင္ထိုင္ေစမႈနဲ႔ပတ္သက္ၿပီး
လီဗာပူးဂႏၴဝင္ကာေရဂါႏွင့္အျငင္းပြားခဲ့ၾကရပါတယ္။
႐ြိဳင္ကိန္းကေပၚတူဂီစူပါစတားမွာခံစစ္ပိုင္းအတြက္အကူအညီ
မျဖစ္မႈေၾကာင့္အေကာင္းဆုံးျဖစ္ေစရန္အရန္ခုံတြင္ထိုင္ေစျခင္းလို႔ယူဆေၾကာင္းဆိုသြားပါတယ္။
ကိန္းက “သူ(ေရာ္နယ္ဒို)ဟာၿပိဳင္ဘက္ကိုဖိအားေပးမကစားလာတာ
ေလးငါးေျခာက္ႏွစ္ရွိပါၿပီ။ေရာ္နယ္ဒိုကယူႏိုက္တက္ျပႆနာေတြရဲ႕
အေျဖမဟုတ္ပါဘူး။ဒါေပမယ့္ေရာ္နယ္ဒိုကိုအရန္ခုံမွာထိုင္ေစဖို႔
ျပန္ေခၚစရာေတာ့မလိုပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ယင္းကိုကာေရဂါက “မန္ခ်က္စတာယူႏိုက္တက္ကသူ႔ကို
မန္စီးတီးသို႔ေရာက္သြားမွာစိုးလို႔သာေခၚခဲ့တာပါ။ေရာ္နယ္ဒိုကိုေခၚဖို႔
အစီအစဥ္ကိုမရွိခဲ့တာ။ေနာက္ဆုံးမိနစ္က်မွသူ႔ကိုေခၚယူခဲ့တာ”လို႔ေျပာၾကားခဲ့ပါတယ္။
ယင္းကို႐ြိဳင္ကိန္းကလည္း “သူတို႔ဟာစီးတီးသို႔ေရာက္မွာစိုးလို႔ေခၚယူခဲ့တာ။
ဒါေပမယ့္သူကအရန္ခုံမွာထိုင္ဖို႔အတြက္ေရာက္လာတာလား။ယူႏိုက္တက္သို႔
သူေရာက္လာၿပီးတဲ့ေနာက္မွတ္တမ္းကိုၾကည့္လိုက္ရင္အရမ္းေကာင္းတယ္”လို႔
ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။ကာေရဂါကလည္း႐ြိဳင္ကိန္းကတုံ႔ျပန္လာတဲ့
ေရာ္နယ္ဒိုရဲ႕မွတ္တမ္းႏွင့္ပတ္သက္ၿပီး “ဂိုးသြင္းဖို႔သက္သက္လား”လို႔
ဆိုသြားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။
အထက္ပါအတိုင္း႐ြိဳင္ကိန္းႏွင့္ကာေရဂါတို႔ ေရာ္နယ္ဒိုအား
အရန္ခုံတြင္ထိုင္ေစမႈနဲ႔ပတ္သက္ၿပီးအျငင္းပြားေနမႈကို
ဂယ္ရီနဗီးလ္က Selfie ႐ိုက္ကာ ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။