ရွိုင်းအိုလာဆိုတာက တော်တော်မီးမွှေးတဲ့သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စူပါအေးဂျင့် ရွိုင်းအိုလာဆိုတာက တော်တော်မီးမွှေးတဲ့သူပါ။ အထူးသဖြင့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနဲ့ မတည့်တဲ့သူဆိုတော့ ဆိုးလ်ရှား အခက်တွေ့အောင်မကြာခဏလုပ်လေ့ရှိပါတယ်။ ယူနိုက်တက် အတွက် အရေးကြီးတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ရှိတဲ့နေ့မတိုင်ခင်မှာ ပဲပေါ့ဘာ အကြောင်းကိုအဖွအဆွလုပ်ပါတယ်။ တိုက်စစ်မှူးတွေ ဒဏ်ရာရနေလို့ ပေါ့ဘာကို အားကိုးရပါမယ်ဆိုမှ စိတ်ဖိစီးမှုဖြစ်အောင် သက်သက်လုပ်သလားထင်ရပါတယ်။

ရွိုင်းအိုလာဟာ ပေါ့ဘာအကြောင်းပြောရုံအားမရဘဲ ဟာလန်းအကြောင်းပါဆွဲထည့်ပြီး နည်းပြဆိုးလ်ရှားကို ရန်စပြန်ပါသေးတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားအနေနဲ့ ဟာလန်းအကြောင်း ပြောမယ့်အစား ပေါ့ဘာဆီက အကောင်းဆုံးပုံစံရလာအောင်ပဲ အာရုံစိုက်သင့်တယ်ဆိုပြီး ပွဲစားကြီးက ဝေဖန်ပြောကြားခဲ့တာပါ။

နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့နှစ်က ဟာလန်းကို ယူနိုက်တက်အသင်းအတွက် အရခေါ်ယူချင်ခဲ့ပေမယ့် နော်ဝေလက်ရွေးစင်တိုက်စစ်မှူးက အိုးထရက်ဖို့ဒ်ကွင်းဆီမလာဘဲဒေါ့မွန်အသင်းဆီကိုပဲ ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။ ဟာလန်းက ဒေါ့မွန်အသင်းဆီကို ရောက်ရှိတဲ့ အချိန်မှာ ဂိုးသွင်းစက်ဆိုတဲ့ နာမည်ရလောက်အောင်အထိ ဂိုးတွေသွင်းယူပေးနေတာပါ။

ပြီးခဲ့တဲ့အပတ် သတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးလ်ရှားက ဒေါ့မွန်အသင်းအတွက် ဟာလန်းပြုလုပ်ပေးနေတဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ချီးကျူးစကားတွေပြောကြားခဲ့ပြီး၊ အသက် ၂၀ အရွယ်ကစားသမားဟာ ချန်ပီယံလိဂ်သမိုင်းမှာ သွင်းဂိုးအများဆုံးနော်ဝေကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ၎င်းရဲ့စံချိန်ကို သက်သက်သာသာနဲ့ ချိုးဖျက်နိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားက “ဟာလန်းရဲ့အလားအလာကောင်းတွေကို မြင်ရဖို့အတွက် သူနဲ့အလုပ်အတူတူလုပ်ရရင် တကယ့်ကိုကောင်းမွန်မှာပါ။ အခုလိုမျိုး ခြေစွမ်းမြင့်တက်လာနေတဲ့ကစားသမားကို နည်းပြရတာက ကျွန်တော့်အတွက်လည်း ဂုဏ်ယူစရာဖြစ်မှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ဟာလန်းရဲ့ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နေတဲ့ ရွိုင်းအိုလာကတော့ နည်းပြ ဆိုးလ်ရှားကိုအခုလိုပြောဆိုထားပါတယ်။

“ဟာလန်းက ဇလာတန် အသက် ၂၀ တုန်းကလိုပါပဲ။ ဆိုးလ်ရှား အနေနဲ့ ဟာလန်း အကြောင်း ပြောနေမယ့်အစား ပေါ့ဘာအတွက် ချန်ပီယံ တစ်ယောက်လို ကစားစေနိုင်မယ့် နည်းလမ်း ကို ရှာဖွေဖို့ စဉ်းစားနေတာကမှ ပိုကောင်းတဲ့ အရာပါ” ဆိုပြီး ပြဿနာပွဲစားကြီးကပြောပါတယ်။

ယူနိုက်တက်အသင်းနဲ့ ပွဲစားကြီးကိုချိတ်ဆက်ထားတဲ့ကစားသမားတွေရဲ့ အနေအထား ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

ဆာအဲလက်စ် ဖာဂူဆန်ကလည်း ရွိုင်းအိုလာနဲ့ပတ်သက်ပြီး သူ့ရဲ့အတ္ထုပတ္တိစာအုပ်ထဲမှာတောင် ထည်ရေးထားခဲ့ဖူးပါတယ်။ ပေါ့ဘာလိုကစားသမားက သန်း ၁၀၀ တန် နိုင်ပေမယ့် သူ့ရဲ့ အေးဂျင့်ကတော့ အရှုပ်ထုပ်ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ဖာဂူဆန်က ကစားသမားတွေကို ကမ္ဘာအနှံကနေရှာဖွေခဲ့တာကြောင့် ဘောလုံးအေးဂျင့် တွေအများကြီးနဲ့ တွေ့ဆုံခဲ့ချိန်မှာ သူနဲ့ အဆင်မပြေတဲ့သူဟာ အတော်ကိုရှားပါတယ်။ ဒါပေမယ့် ညှိနှိုင်းလို့အဆင်မပြေပဲ ပြောရဆိုရခက်တဲ့ အေးဂျင့် တစ်ယောက်နှစ်ယောက်သာရှိခဲ့တဲ့အထဲမှာ ရွိုင်းအိုလာကတော့နံပါတ်(၁) အရှုပ်ထုပ်ဆိုပြီးတော့ကို မှတ်ချက်ပေးထားခဲ့ပါတယ်။

သိပ်မကြာခင်ကလဲ ပေါလ်စကိုး က ပေါ့ဘာကို ကွင်းထဲမှာ ကောင်းကောင်းကစားနိုင်စေဖို့ဆိုရင် ရွိုင်းအိုလာ ပါစပ်ပိတ်ထားတာအကောင်းဆုံးဆိုပြီးပြောထားပါတယ်။

ဘောလုံးဟာ အသင်းလိုက် အားကစား ဆိုတာ ပေါလ် ရဲ့ အေးဂျင့်နားလည် လာပြီ ဆိုတာနဲ့ ကျွန်တော်တို့ အလုပ်တွဲလုပ်တဲ့အခါ ပိုကောင်းအောင်လုပ်ဆောင်လာနိုင်မှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

႐ြိဳင္းအိုလာဆိုတာက ေတာ္ေတာ္မီးေမႊးတဲ့သူ

စူပါေအးဂ်င့္ ႐ြိဳင္းအိုလာဆိုတာက ေတာ္ေတာ္မီးေမႊးတဲ့သူပါ။ အထူးသျဖင့္ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားနဲ႔ မတည့္တဲ့သူဆိုေတာ့ ဆိုးလ္ရွား အခက္ေတြ႕ေအာင္မၾကာခဏလုပ္ေလ့ရွိပါတယ္။ ယူႏိုက္တက္ အတြက္ အေရးႀကီးတဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ ရွိတဲ့ေန႔မတိုင္ခင္မွာ ပဲေပါ့ဘာ အေၾကာင္းကိုအဖြအဆြလုပ္ပါတယ္။ တိုက္စစ္မႉးေတြ ဒဏ္ရာရေနလို႔ ေပါ့ဘာကို အားကိုးရပါမယ္ဆိုမွ စိတ္ဖိစီးမႈျဖစ္ေအာင္ သက္သက္လုပ္သလားထင္ရပါတယ္။

႐ြိဳင္းအိုလာဟာ ေပါ့ဘာအေၾကာင္းေျပာ႐ုံအားမရဘဲ ဟာလန္းအေၾကာင္းပါဆြဲထည့္ၿပီး နည္းျပဆိုးလ္ရွားကို ရန္စျပန္ပါေသးတယ္။ ယူႏိုက္တက္နည္းျပဆိုးလ္ရွားအေနနဲ႔ ဟာလန္းအေၾကာင္း ေျပာမယ့္အစား ေပါ့ဘာဆီက အေကာင္းဆုံးပုံစံရလာေအာင္ပဲ အာ႐ုံစိုက္သင့္တယ္ဆိုၿပီး ပြဲစားႀကီးက ေဝဖန္ေျပာၾကားခဲ့တာပါ။

နည္းျပဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ႏွစ္က ဟာလန္းကို ယူႏိုက္တက္အသင္းအတြက္ အရေခၚယူခ်င္ခဲ့ေပမယ့္ ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးက အိုးထရက္ဖို႔ဒ္ကြင္းဆီမလာဘဲေဒါ့မြန္အသင္းဆီကိုပဲ ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။ ဟာလန္းက ေဒါ့မြန္အသင္းဆီကို ေရာက္ရွိတဲ့ အခ်ိန္မွာ ဂိုးသြင္းစက္ဆိုတဲ့ နာမည္ရေလာက္ေအာင္အထိ ဂိုးေတြသြင္းယူေပးေနတာပါ။

ၿပီးခဲ့တဲ့အပတ္ သတင္းစာရွင္းလင္းပြဲမွာ နည္းျပဆိုးလ္ရွားက ေဒါ့မြန္အသင္းအတြက္ ဟာလန္းျပဳလုပ္ေပးေနတဲ့ စြမ္းေဆာင္ရည္ေတြနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးစကားေတြေျပာၾကားခဲ့ၿပီး၊ အသက္ ၂၀ အ႐ြယ္ကစားသမားဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ သြင္းဂိုးအမ်ားဆုံးေနာ္ေဝကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ ၎ရဲ႕စံခ်ိန္ကို သက္သက္သာသာနဲ႔ ခ်ိဳးဖ်က္ႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားက “ဟာလန္းရဲ႕အလားအလာေကာင္းေတြကို ျမင္ရဖို႔အတြက္ သူနဲ႔အလုပ္အတူတူလုပ္ရရင္ တကယ့္ကိုေကာင္းမြန္မွာပါ။ အခုလိုမ်ိဳး ေျခစြမ္းျမင့္တက္လာေနတဲ့ကစားသမားကို နည္းျပရတာက ကြၽန္ေတာ့္အတြက္လည္း ဂုဏ္ယူစရာျဖစ္မွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ဟာလန္းရဲ႕ ကိုယ္စားလွယ္အျဖစ္ေဆာင္႐ြက္ေနတဲ့ ႐ြိဳင္းအိုလာကေတာ့ နည္းျပ ဆိုးလ္ရွားကိုအခုလိုေျပာဆိုထားပါတယ္။

“ဟာလန္းက ဇလာတန္ အသက္ ၂၀ တုန္းကလိုပါပဲ။ ဆိုးလ္ရွား အေနနဲ႔ ဟာလန္း အေၾကာင္း ေျပာေနမယ့္အစား ေပါ့ဘာအတြက္ ခ်န္ပီယံ တစ္ေယာက္လို ကစားေစႏိုင္မယ့္ နည္းလမ္း ကို ရွာေဖြဖို႔ စဥ္းစားေနတာကမွ ပိုေကာင္းတဲ့ အရာပါ” ဆိုၿပီး ျပႆနာပြဲစားႀကီးကေျပာပါတယ္။ ယူႏိုက္တက္အသင္းနဲ႔ ပြဲစားႀကီးကိုခ်ိတ္ဆက္ထားတဲ့ကစားသမားေတြရဲ႕ အေနအထား ေရွ႕ဆက္ဘာျဖစ္မယ္ဆိုတာ ေစာင့္ၾကည့္ၾကရေအာင္ပါ။

ဆာအဲလက္စ္ ဖာဂူဆန္ကလည္း ႐ြိဳင္းအိုလာနဲ႕ပတ္သက္ၿပီး သူ႕ရဲ႕အတၳဳပတၱိစာအုပ္ထဲမွာေတာင္ ထည္ေရးထားခဲ့ဖူးပါတယ္။ ေပါ့ဘာလိုကစားသမားက သန္း ၁၀၀ တန္ ႏိုင္ေပမယ့္ သူ႕ရဲ႕ ေအးဂ်င့္ကေတာ့ အရႈပ္ထုပ္ဆိုၿပီး ေရးသားထားခဲ့ပါတယ္။ ဖာဂူဆန္က ကစားသမားေတြကို ကမၻာအႏွံကေနရွာေဖြခဲ့တာေၾကာင့္ ေဘာလံုးေအးဂ်င့္ ေတြအမ်ားၾကီးနဲ႕ ေတြ႕ဆံုခဲ့ခ်ိန္မွာ သူနဲ႕ အဆင္မေျပတဲ့သူဟာ အေတာ္ကိုရွားပါတယ္။ ဒါေပမယ့္ ညွိႏႈိင္းလို႕အဆင္မေျပပဲ ေျပာရဆိုရခက္တဲ့ ေအးဂ်င့္ တစ္ေယာက္ႏွစ္ေယာက္သာရွိခဲ့တဲ့အထဲမွာ ႐ြိဳင္းအိုလာကေတာ့နံပါတ္(၁) အရႈပ္ထုပ္ဆိုၿပီးေတာ့ကို မွတ္ခ်က္ေပးထားခဲ့ပါတယ္။

သိပ္မၾကာခင္ကလဲ ေပါလ္စကိုး က ေပါ့ဘာကို ကြင္းထဲမွာ ေကာင္းေကာင္းကစားႏိုင္ေစဖို႕ဆိုရင္ ႐ြိဳင္းအိုလာ ပါစပ္ပိတ္ထားတာအေကာင္းဆံုးဆိုၿပီးေျပာထားပါတယ္။ ေဘာလုံးဟာ အသင္းလိုက္ အားကစား ဆိုတာ ေပါလ္ ရဲ့ ေအးဂ်င့္နားလည္ လာၿပီ ဆိုတာနဲ႔ ကၽြန္ေတာ္တို့ အလုပ္တြဲလုပ္တဲ့အခါ ပိုေကာင္းေအာင္လုပ္ေဆာင္လာႏိုင္မွာပါ။