ရွှေခြေထောက်ဆုကို ရရှိခဲ့လို့ ရော်နယ်ဒိုက သူ့ကို vote ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ အင်စတာဂရမ် ကတဆင့် ပြောဆိုလိုက်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေခြေထောက်ဆုကို လက်ခံရယူခဲ့အပြီးမှာတော့ သူ့ကို vote ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း သူ့ရဲ့ အင်စတာဂရမ် ကတဆင့် ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုက “ကျွန်တော် ရွှေခြေထောက်ဆုကို ရရှိခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဘောလုံးလောကရဲ့ဂန္ထဝင်တချို့နဲ့အတူ မှတ်တမ်းတင်ခံရလို့ ပိုပြီးတော့ ဂုဏ်ယူရပါတယ်။ ကျွန်တော် ဒီဆုရရှိအောင် vote ပေးခဲ့တဲ့ ကမ္ဘာတဝှမ်းက ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ လေးစားမှုအပြည့်နဲ့ ပြောဆိုခဲ့တာပါ။” လို့ ရေးသားထားပါတယ်။

ရွှေခြေထောက်ဆု လို့လည်းခေါ်တွင်တဲ့ The Golden Foot ကို ရယူနိုင်ခွင့် ရှိသူတွေကတော့ အနည်းဆုံးအသက် ၂၈ နှစ်ရှိရမယ့်အပြင် လက်ရှိကစားနေသူတွေထဲဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ချက်နဲ့ပြည့်စုံရပါတယ်။ ဆုအတွက် ပဏာမကစားသမား ၁၀ ဦးကိုတော့ နိုင်ငံတကာ ဘောလုံးကလောင်ရှင်တွေက ရွေးချယ်ရတာဖြစ်ပြီး တစ်နှစ်အတွင်းမှာ တစ်ဦးချင်းခြေစွမ်း၊ အသင်းနဲ့အတူပြသနိုင်တဲ့ခြေစွမ်း နဲ့ ပုဂ္ဂိုလ်ရေးပိုင်း စွမ်းဆောင်နိုင်တဲ့သူတွေကို သတ်မှတ်ရွေးချယ်တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိကစားနေဆဲဖြစ်ပြီး အသက် ၃၅ နှစ်ရှိနေပြီ ဖြစ်တာကြောင့် ဆုရွေးချယ်မှုမှာ ကစားသမားတွေကို ရွေးချယ်ပေးအပ်ခဲ့တဲ့ ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီဆုကို ဂျူဗင်တပ် အသင်းမှာကစားကြတဲ့ ကစားသမားတွေက အများဆုံး ဆွတ်ခူးထားပြီး ရော်နယ်ဒိုက (၄)ကြိမ်မြောက်ဆုရရှိတဲ့သူလည်းဖြစ်ပါတယ်။ ပေါ်တူဂီ ကစားသမားအနေနဲ့တော့ သူဟာ ပထမဆုံးကစားသမားဖြစ်ပါတယ်။

နာမည်ကျော် ကစားသမားအများအပြား ဆွတ်ခူးရရှိဖူးတဲ့ ရွှေခြေထောက်ဆုကို တကယ့်ခြေရာအစစ်ရယူကာ ရွှေနဲ့ပုံသွင်းပြီး ပေးအပ်နေတာလည်းဖြစ်ပါတယ်။

မိုနာကိုက ကမ်းခြေမှာ ခြေထောက်ရာခတ်နှိပ်ပြီး ကျော်ကြားသူတို့ရဲ့ခြေရာမှတ်တမ်းအဖြစ်လည်း အမှတ်တရထားရှိတာကြောင့် ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားတွေ ကြားမှာ ထူးခြားတဲ့ဆုတစ်ခုလည်းဖြစ်ပါတယ်။

ဒီဆုရဲ့ စကာတင်စာရင်းမှာ မက်ဆီနဲ့ ကာလရှည်ကြာယှဉ်ပြိုင်နေခဲ့ရာကနေ ၂၀၂၀ ခုနှစ်မှာတော့ ရော်နယ်ဒိုဟာ ဒီဆုကို ရွေးချယ်ခံခဲ့ရသူ ဖြစ်သွားပါတယ်။ ဒီဆုဟာ ကစားသမားတစ်ယောက်အတွက် တစ်သက်မှာတစ်ကြိမ်သာ ရရှိမယ်ဆုဖြစ်တာကြောင့် ဒီဆုကိုရရှိခဲ့တာဟာ မက်ဆီကိုကျော်ပြီး ရရှိခဲ့တာဖြစ်တာကြောင့် ရော်နယ်ဒို အတွက် အရမ်းဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အတွက်ခြေစွမ်းပြခဲ့သလို ပေါ်တူဂီအသင်းမှာလည်း ခြေစွမ်းတွေပြသနိုင်နေပြီး နိုင်ငံတကာသွင်းဂိုးစံချိန်ချိုးနိုင်တော့မယ့်အခြေအနေလည်းရှိနေပါတယ်။ ဒီရာသီမှာလည်း ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြနေပြီး ပြက္ခဒိန်တစ်နှစ်တာအတွင်း စီးရီးအေ သွင်းဂိုး ၃၃ဂိုးအထိ ရရှိခဲ့ကာ အီတလီဘောလုံးလောကရဲ့ ၅၉နှစ်ကြာ ပျောက်ဆုံးနေတဲ့ စံချိန်တစ်ခုကိုလည်းရယူနိုင်ခဲ့ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၂၀ အတွင်း ပေါ်တူဂီနဲ့ ဂျူဗင်တပ်တို့အတွက် ၄၄ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ လီဝန်ဒေါစကီးက ၄၇ ဂိုး၊ မက်ဆီက ၂၆ဂိုး သွင်းခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေ႐ႊေျခေထာက္ဆုကို ရရွိခဲ့လို႔ ေရာ္နယ္ဒိုက သူ႔ကို vote ေပးခဲ့တဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း သူ႔ရဲ႕ အင္စတာဂရမ္ ကတဆင့္ ေျပာဆိုလိုက္ပါတယ္။

ေရာ္နယ္ဒိုဟာ ေဘာလုံးေလာကမွာ ဂုဏ္သိကၡာႀကီးမားတဲ့ ေ႐ႊေျခေထာက္ဆုကို လက္ခံရယူခဲ့အၿပီးမွာေတာ့ သူ႔ကို vote ေပးခဲ့တဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း သူ႔ရဲ႕ အင္စတာဂရမ္ ကတဆင့္ ေျပာဆိုလိုက္ပါတယ္။

ေရာ္နယ္ဒိုက “ကၽြန္ေတာ္ ေ႐ႊေျခေထာက္ဆုကို ရရွိခဲ့လို႔ ဂုဏ္ယူမိပါတယ္။ ေဘာလုံးေလာကရဲ႕ဂႏၴဝင္တခ်ိဳ႕နဲ႔အတူ မွတ္တမ္းတင္ခံရလို႔ ပိုၿပီးေတာ့ ဂုဏ္ယူရပါတယ္။ ကြၽန္ေတာ္ ဒီဆုရရွိေအာင္ vote ေပးခဲ့တဲ့ ကမာၻတဝွမ္းက ပရိသတ္အားလုံးကို ေက်းဇူးတင္ပါတယ္။ ေလးစားမႈအျပည့္နဲ႕ ေျပာဆိုခဲ့တာပါ။” လို႔ ေရးသားထားပါတယ္။

ေ႐ႊေျခေထာက္ဆု လို႔လည္းေခၚတြင္တဲ့ The Golden Foot ကို ရယူႏိုင္ခြင့္ ရွိသူေတြကေတာ့ အနည္းဆုံးအသက္ ၂၈ ႏွစ္ရွိရမယ့္အျပင္ လက္ရွိကစားေနသူေတြထဲျဖစ္ရမယ္ ဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ျပည့္စုံရပါတယ္။ ဆုအတြက္ ပဏာမကစားသမား ၁၀ ဦးကိုေတာ့ ႏိုင္ငံတကာ ေဘာလုံးကေလာင္ရွင္ေတြက ေ႐ြးခ်ယ္ရတာျဖစ္ၿပီး တစ္ႏွစ္အတြင္းမွာ တစ္ဦးခ်င္းေျခစြမ္း၊ အသင္းနဲ႔အတူျပသႏိုင္တဲ့ေျခစြမ္း နဲ႔ ပုဂၢိဳလ္ေရးပိုင္း စြမ္းေဆာင္ႏိုင္တဲ့သူေတြကို သတ္မွတ္ေ႐ြးခ်ယ္တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ လက္ရွိကစားေနဆဲျဖစ္ၿပီး အသက္ ၃၅ ႏွစ္ရွိေနၿပီ ျဖစ္တာေၾကာင့္ ဆုေရြးခ်ယ္မႈမွာ ကစားသမားေတြကို ေ႐ြးခ်ယ္ေပးအပ္ခဲ့တဲ့ ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒီဆုကို ဂ်ဴဗင္တပ္ အသင္းမွာကစားၾကတဲ့ ကစားသမားေတြက အမ်ားဆံုး ဆြတ္ခူးထားၿပီး ေရာ္နယ္ဒိုက (၄)ၾကိမ္ေျမာက္ဆုရရွိတဲ့သူလည္းျဖစ္ပါတယ္။ ေပၚတူဂီ ကစားသမားအေနနဲ႕ေတာ့ သူဟာ ပထမဆံုးကစားသမားျဖစ္ပါတယ္။

နာမည္ေက်ာ္ ကစားသမားအမ်ားအျပား ဆြတ္ခူးရရွိဖူးတဲ့ ေ႐ႊေျခေထာက္ဆုကို တကယ့္ေျခရာအစစ္ရယူကာ ေ႐ႊနဲ႔ပုံသြင္းၿပီး ေပးအပ္ေနတာလည္းျဖစ္ပါတယ္။

မိုနာကိုက ကမ္းေျခမွာ ေျခေထာက္ရာခတ္ႏွိပ္ၿပီး ေက်ာ္ၾကားသူတို႔ရဲ႕ေျခရာမွတ္တမ္းအျဖစ္လည္း အမွတ္တရထားရွိတာေၾကာင့္ ေဘာလံုးေလာကရဲ႕ နာမည္ေက်ာ္ကစားသမားေတြ ၾကားမွာ ထူးျခားတဲ့ဆုတစ္ခုလည္းျဖစ္ပါတယ္။

ဒီဆုရဲ႕ စကာတင္စာရင္းမွာ မက္ဆီနဲ႕ ကာလရွည္ၾကာယွဥ္ျပိဳင္ေနခဲ့ရာကေန ၂၀၂၀ ခုႏွစ္မွာေတာ့ ေရာ္နယ္ဒိုဟာ ဒီဆုကို ေရြးခ်ယ္ခံခဲ့ရသူ ျဖစ္သြားပါတယ္။ ဒီဆုဟာ ကစားသမားတစ္ေယာက္အတြက္ တစ္သက္မွာတစ္ၾကိမ္သာ ရရွိမယ္ဆုျဖစ္တာေၾကာင့္ ဒီဆုကိုရရွိခဲ့တာဟာ မက္ဆီကိုေက်ာ္ၿပီး ရရွိခဲ့တာျဖစ္တာေၾကာင့္ ေရာ္နယ္ဒို အတြက္ အရမ္းဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အတြက္ေျခစြမ္းျပခဲ့သလို ေပၚတူဂီအသင္းမွာလည္း ေျခစြမ္းေတြျပသႏိုင္ေနၿပီး ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္ခ်ိဳးႏိုင္ေတာ့မယ့္အေျခအေနလည္းရွိေနပါတယ္။ ဒီရာသီမွာလည္း ဂ်ဴဗင္တပ္အသင္းမွာ ေျခစြမ္းျပေနၿပီး ျပကၡဒိန္တစ္ႏွစ္တာအတြင္း စီးရီးေအ သြင္းဂိုး ၃၃ဂိုးအထိ ရရွိခဲ့ကာ အီတလီေဘာလံုးေလာကရဲ႕ ၅၉ႏွစ္ၾကာ ေပ်ာက္ဆံုးေနတဲ့ စံခ်ိန္တစ္ခုကိုလည္းရယူႏိုင္ခဲ့ပါတယ္။

အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ စီေရာ္နယ္ဒိုဟာ ၂၀၂၀ အတြင္း ေပၚတူဂီနဲ႔ ဂ်ဴဗင္တပ္တို႔အတြက္ ၄၄ ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ လီဝန္ေဒါစကီးက ၄၇ ဂိုး၊ မက္ဆီက ၂၆ဂိုး သြင္းခဲ့ၾကပါတယ္။