ရွှေဘောလုံးဆုဆန်ခါတင်စာရင်းဝင်သင့်သူအဖြစ် ချဲလ်ဆီးကြယ်ပွင့်ကို သတ်မှတ်လိုက်တဲ့ အင်ဆစ်ဂ်နီ

နာပိုလီတောင်ပံတိုက်စစ်မှူး လော်ရန်ဇိုအစ်ဆစ်ဂ်နီက ချဲလ်ဆီးကြယ်ပွင့် ဂျော်ဂျင်ညိုအနေနဲ့ ၂၀၂၁ ရွှေဘောလုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်သင့်တယ်လု့ိထောက်ခံပါတယ်။
ဂျော်ဂျင်ညိုဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း အီတလီနဲ့အတူ ခြေစွမ်းပြနေပါတယ်။


အသက် ၂၉ နှစ်အရွယ်ရှိ နာပိုလီကွင်းလယ်လူဟောင်း ဂျော်ဂျင်ညိုဟာ အီတလီအသင်းရဲ့ပွဲတိုင်းမှာ ပါဝင်ကစားထားပြီး အသင်းကလည်း ကွာတားဖိုင်နယ်တက်ရောက်ထားပါတယ်။
ဂျော်ဂျင်ညိုရဲ့ချဲလ်ဆီးအသင်းဖော် ကန်တီက ယခုနှစ်ရွှေဘောလုံးဆုရှင်ဖြစ်ဖို့ ရေပန်းစားနေပါတယ်။

ဒါပေမဲ့ အင်ဆစ်ဂ်နီကတော့ ရွှေဘောလုံးဆုအတွက် ဆန်ခါတင်စာရင်းမှာ ဂျော်ဂျင်ညို ပါဝင်သင့်တယ်လို့ ဆိုပြီး အီတလီမှာ သူရှီနေတာကို ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။
”ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေရှိပြီး ဂျော်ဂျင်ညိုကလည်း ရွှေဘောလုံးဆုဆန်ခါတင်စာရင်းမှာ ပါဝင်သင့်ပါတယ်”

”သူဟာ ချဲလ်ဆီးမှာလည်း ခြေစွမ်းပြနေပြီး ကျွန်တော်တို့အသင်းမှာ သူရှိနေလို့ ဂုဏ်ယူမိပါတယ်”
”ဂျော်ဂျင်ညို ရွှေဘောလုံးဆုရှင်ဖြစ်ဖို့ ထိုက်တန်တယ်လို့ ပြောနေတာမဟုတ်ပေမယ့် ဆန်ခါတင်စာရင်းတော့ ဝင်သင့်ပါတယ်”


”ဒီစာရင်းဝင်ဖို့ ထိုက်တန်မှုအပြည့်ရှိပြီး သူက ကြီးကျယ်တဲ့ကစားသမားပါ။ ကျွန်တော်ကတော့ သူ့ကို ပရော်ဖက်ဆာလို့ ခေါ်ပြီး သူနဲ့အတူတွဲကစားခွင့်ရလို့လည်း အားလုံးပျော်ရွှင်နေပါတယ်”လို့ အင်ဆစ်ဂ်နီက ပြောပါတယ်။


အီတလီဟာ ကွာတားဖိုင်နယ်မှာ နာမည်ကြီးဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အင်ဆစ်ဂ်နီကလည်း နည်းပြမန်ချီနီရဲ့နည်းစနစ်မှာ အဓိကနေရာကနေ ပါဝင်နေပါတယ်။

ROME, ITALY – JUNE 16: Italy players look on prior to the UEFA Euro 2020 Championship Group A match between Italy and Switzerland at Olimpico Stadium on June 16, 2021 in Rome, Italy. (Photo by Emmanuele Ciancaglini/Quality Sport Images/Getty Images)

Zawgyi
ေ႐ႊေဘာလုံးဆုဆန္ခါတင္စာရင္းဝင္သင့္သူအျဖစ္ ခ်ဲလ္ဆီးၾကယ္ပြင့္ကို သတ္မွတ္လိုက္တဲ့ အင္ဆစ္ဂ္နီ
နာပိုလီေတာင္ပံတိုက္စစ္မႉး ေလာ္ရန္ဇိုအစ္ဆစ္ဂ္နီက ခ်ဲလ္ဆီးၾကယ္ပြင့္ ေဂ်ာ္ဂ်င္ညိဳအေနနဲ႔ ၂၀၂၁ ေ႐ႊေဘာလုံးဆုအတြက္ ဆန္ခါတင္စာရင္းမွာ ပါဝင္သင့္တယ္လု႔ိေထာက္ခံပါတယ္။
ေဂ်ာ္ဂ်င္ညိဳဟာ ၿပီးခဲ့တဲ့ရာသီက ခ်ဲလ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့သလို ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း အီတလီနဲ႔အတူ ေျခစြမ္းျပေနပါတယ္။
အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ နာပိုလီကြင္းလယ္လူေဟာင္း ေဂ်ာ္ဂ်င္ညိဳဟာ အီတလီအသင္းရဲ႕ပြဲတိုင္းမွာ ပါဝင္ကစားထားၿပီး အသင္းကလည္း ကြာတားဖိုင္နယ္တက္ေရာက္ထားပါတယ္။
ေဂ်ာ္ဂ်င္ညိဳရဲ႕ခ်ဲလ္ဆီးအသင္းေဖာ္ ကန္တီက ယခုႏွစ္ေ႐ႊေဘာလုံးဆုရွင္ျဖစ္ဖို႔ ေရပန္းစားေနပါတယ္။
ဒါေပမဲ့ အင္ဆစ္ဂ္နီကေတာ့ ေ႐ႊေဘာလုံးဆုအတြက္ ဆန္ခါတင္စာရင္းမွာ ေဂ်ာ္ဂ်င္ညိဳ ပါဝင္သင့္တယ္လို႔ ဆိုၿပီး အီတလီမွာ သူရွီေနတာကို ဂုဏ္ယူမိတယ္လို႔ ေျပာပါတယ္။
”ကြၽန္ေတာ္တို႔အသင္းမွာ အရည္အေသြးျမင့္ကစားသမားေတြရွိၿပီး ေဂ်ာ္ဂ်င္ညိဳကလည္း ေ႐ႊေဘာလုံးဆုဆန္ခါတင္စာရင္းမွာ ပါဝင္သင့္ပါတယ္”
”သူဟာ ခ်ဲလ္ဆီးမွာလည္း ေျခစြမ္းျပေနၿပီး ကြၽန္ေတာ္တို႔အသင္းမွာ သူရွိေနလို႔ ဂုဏ္ယူမိပါတယ္”
”ေဂ်ာ္ဂ်င္ညိဳ ေ႐ႊေဘာလုံးဆုရွင္ျဖစ္ဖို႔ ထိုက္တန္တယ္လို႔ ေျပာေနတာမဟုတ္ေပမယ့္ ဆန္ခါတင္စာရင္းေတာ့ ဝင္သင့္ပါတယ္”
”ဒီစာရင္းဝင္ဖို႔ ထိုက္တန္မႈအျပည့္ရွိၿပီး သူက ႀကီးက်ယ္တဲ့ကစားသမားပါ။ ကြၽန္ေတာ္ကေတာ့ သူ႔ကို ပေရာ္ဖက္ဆာလို႔ ေခၚၿပီး သူနဲ႔အတူတြဲကစားခြင့္ရလို႔လည္း အားလုံးေပ်ာ္႐ႊင္ေနပါတယ္”လို႔ အင္ဆစ္ဂ္နီက ေျပာပါတယ္။
အီတလီဟာ ကြာတားဖိုင္နယ္မွာ နာမည္ႀကီးဘယ္လ္ဂ်ီယံနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အင္ဆစ္ဂ္နီကလည္း နည္းျပမန္ခ်ီနီရဲ႕နည္းစနစ္မွာ အဓိကေနရာကေန ပါဝင္ေနပါတယ္။