ရှက်ဖီးကိုပေးရတဲ့ ဒုတိယဂိုးနဲ့ပတ်သက်လို့ ညည်းတွားလိုက်တဲ့ ဆိုးလ်ရှား

အိုးလ်ထရက်ဖို့ဒ်က ရှက်ဖီးယူရဲ့ဒုတိယဂိုးမှာ သူ့အသင်းရဲ့ခံစစ်ပိုင်းဟာ ညံ့ဖျင်းခဲ့တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားဟာ ပွင့်ပွင့်လင်းလင်းပဲ အကဲဖြတ်လိုက်ပြီး သူ့အသင်းဟာ ပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့တယ်လို့လည်း ဝန်ခံလိုက်ပါတယ်။

မန်ယူဟာ ဇယားအောက်ဆုံးက အသင်းကို မထင်မှတ်ဘဲ အိမ်ကွင်းမှာ အရေးနိမ့်ခဲ့လို့ မန်စီးတီးဆီက ထိပ်ဆုံးနေရာပြန်ယူနိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ရှက်ဖီးယူရဲ့ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင်မက်ဂွိုင်းယားက ပြန်လည်ချေပပေးနိုင်ခဲ့ပေမယ့် နောက် ၁၀ မိနစ်အကြာမှာ ဧည့်အသင်းက ထပ်မံဦးဆောင်နိုင်ခဲ့ပြီး အဲဒါဟာ မန်ယူဘက်က ဆိုးရွားတဲ့ခံစစ်ကစားပုံကြောင့် ဖြစ်ပါတယ်။

ဘောလုံးကို အကြိမ်ကြိမ်ရှင်းထုတ်နိုင်ခြင်းမရှိခဲ့တဲ့ မန်ယူခံစစ်ကစားသမားတွေကြောင့် ရှက်ဖီးယူဟာ အနိုင်ဂိုးဖြစ်စေမယ့် ဒုတိယဂိုးရရှိသွားခဲ့တာပါ။

အဲဒီဂိုးကိုကြည့်ပြီး ဆိုးလ်ရှားတစ်ယောက်လည်း စိတ်ပျက်သွားပုံရကာ တစ်ပွဲလုံးက ခြေစွမ်းကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

မန်ယူပေးလိုက်ရတဲ့ဒုတိယဂိုးက ခံစစ်ပိုင်းနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ဆိုးလ်ရှားက”ဆိုးရွားပါတယ်။ ကျွန်တော်တို့ဟာ ဘောလုံးကို ပေါ့ပေါ့တန်တန်နဲ့ပဲ ဆုံးရှုံးရပြီး ကိုယ့်လူတွေအများကြီးရှိရက်နဲ့ ရှင်းထုတ်နိုင်ခြင်း မရှိခဲ့ဘူး”လို့ ပြန်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး ဆိုးလ်ရှားက”အဲဒီဂိုးနဲ့ပတ်သက်လု့ိ အရာအားလုံးမှားယွင်းခဲ့ပါတယ်။ ကျွန်တော်တု့ိ တကယ်ကိုအပြစ်ပေးခံလိုရတာပါ။ ဒါဟာ ပရီးမီးယားလိဂ်ပါ။ ကျွန်တော်တို့ဟာ လုံလောက်အောင် မစွမ်းဆောင်နိုင်ဘဲ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့တယ်”လို့ ဆိုပါတယ်။

အခုဆိုရင် မန်ယူဟာ ဒီရာသီပရီးမီးယားလိဂ်မှာ အိမ်ကွင်း ၄ ပွဲမြောက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး သူတို့အတွက် ခြေစွမ်းပြနိုင်တဲ့ရာသီတစ်ခုမှာ အိုးလ်ထရက်ဖို့ဒ်က ရလဒ်တွေဟာ တည်ငြိမ်မှုမရှိခဲ့ပါဘူး။

Zawgyi

ရွက္ဖီးကိုေပးရတဲ့ ဒုတိယဂိုးနဲ႔ပတ္သက္လုိ႔ ညည္းတြားလိုက္တဲ့ ဆိုးလ္ရွား

အိုးလ္ထရက္ဖုိ႔ဒ္က ရွက္ဖီးယူရဲ႕ဒုတိယဂုိးမွာ သူ႔အသင္းရဲ႕ခံစစ္ပိုင္းဟာ ညံ့ဖ်င္းခဲ့တယ္လုိ႔ မန္ယူနည္းျပဆုိးလ္ရွားဟာ ပြင့္ပြင့္လင္းလင္းပဲ အကဲျဖတ္လုိက္ၿပီး သူ႔အသင္းဟာ ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနခဲ့တယ္လုိ႔လည္း ၀န္ခံလုိက္ပါတယ္။

မန္ယူဟာ ဇယားေအာက္ဆုံးက အသင္းကို မထင္မွတ္ဘဲ အိမ္ကြင္းမွာ အေရးနိမ့္ခဲ့လုိ႔ မန္စီးတီးဆီက ထိပ္ဆုံးေနရာျပန္ယူႏုိင္မယ့္အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။

ရွက္ဖီးယူရဲ႕ဦးေဆာင္ဂိုးကို အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားက ျပန္လည္ေခ်ပေပးႏိုင္ခဲ့ေပမယ့္ ေနာက္ ၁၀ မိနစ္အၾကာမွာ ဧည့္အသင္းက ထပ္မံဦးေဆာင္ႏိုင္ခဲ့ၿပီး အဲဒါဟာ မန္ယူဘက္က ဆုိးရြားတဲ့ခံစစ္ကစားပုံေၾကာင့္ ျဖစ္ပါတယ္။

ေဘာလုံးကို အႀကိမ္ႀကိမ္ရွင္းထုတ္ႏိုင္ျခင္းမရွိခဲ့တဲ့ မန္ယူခံစစ္ကစားသမားေတြေၾကာင့္ ရွက္ဖီးယူဟာ အႏိုင္ဂိုးျဖစ္ေစမယ့္ ဒုတိယဂိုးရရွိသြားခဲ့တာပါ။

အဲဒီဂိုးကိုၾကည့္ၿပီး ဆုိးလ္ရွားတစ္ေယာက္လည္း စိတ္ပ်က္သြားပုံရကာ တစ္ပြဲလုံးက ေျခစြမ္းကိုလည္း ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့ပါတယ္။

မန္ယူေပးလုိက္ရတဲ့ဒုတိယဂိုးက ခံစစ္ပိုင္းနဲ႔ပတ္သက္လုိ႔ ေမးျမန္းတဲ့အခါ ဆိုးလ္ရွားက”ဆုိးရြားပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ ေဘာလုံးကို ေပါ့ေပါ့တန္တန္နဲ႔ပဲ ဆုံးရႈံးရၿပီး ကိုယ့္လူေတြအမ်ားႀကီးရွိရက္နဲ႔ ရွင္းထုတ္ႏိုင္ျခင္း မရွိခဲ့ဘူး”လုိ႔ ျပန္ေျဖခဲ့ပါတယ္။

ဆက္လက္ၿပီး ဆိုးလ္ရွားက”အဲဒီဂိုးနဲ႔ပတ္သက္လု႔ိ အရာအားလုံးမွားယြင္းခဲ့ပါတယ္။ ကၽြန္ေတာ္တု႔ိ တကယ္ကိုအျပစ္ေပးခံလုိရတာပါ။ ဒါဟာ ပရီးမီးယားလိဂ္ပါ။ ကၽြန္ေတာ္တုိ႔ဟာ လုံေလာက္ေအာင္ မစြမ္းေဆာင္ႏိုင္ဘဲ ပံုမွန္ေျခစြမ္းေအာက္ ေရာက္ေနခဲ့တယ္”လုိ႔ ဆုိပါတယ္။

အခုဆုိရင္ မန္ယူဟာ ဒီရာသီပရီးမီးယားလိဂ္မွာ အိမ္ကြင္း ၄ ပြဲေျမာက္အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး သူတုိ႔အတြက္ ေျခစြမ္းျပႏိုင္တဲ့ရာသီတစ္ခုမွာ အုိးလ္ထရက္ဖုိ႔ဒ္က ရလဒ္ေတြဟာ တည္ၿငိမ္မႈမရွိခဲ့ပါဘူး။