ရှက်ဖီးနဲ့ ပွဲမှာ အမှားလုပ်မိတဲ့အပေါ် လူမျိုးရေးခွဲခြားခံခဲ့ရတာကြောင့် တွစ်တာအကောင့်ပါဖျက်လိုက်ရတဲ့ တွမ်ဇီဘီ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ရှက်ဖီးလ်ယူနိုက်တက်အသင်းကိုအရေးနိမ့်ခဲ့တဲ့ပွဲအပြီးှမှာ လူမျိုးရေးခွဲခြားခံခဲ့ရတာကြောင့် တွမ်ဇီဘီဟာ သူ့ရဲ့တွစ်တာအကောင့်ကို ဖျက်ခဲ့ရတယ်လို့ သိရပါတယ်။
ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ အိမ်ကွင်းမှာပဲ အမှတ်ပေးဇယားအောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဘောလုံးပိုင်ဆိုင်မှုအပိုင်းအသာစီးယူနိုင်ခဲ့ပေမယ့် အမှား ၂ ခုကနေ ၂ ဂိုးပေးလိုက်ရပြီး မက်ဂွါရီက အသင်းအတွက် ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘိုင်လီဒဏ်ရာရရှိနေတာကြောင့် တွမ်ဇီဘီဟာ နောက်တန်းမှာ မက်ဂွါရီနဲ့တွဲဖက်ခဲ့ရပေမယ့် အမှားများခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အသက် ၂၃ နှစ်သားကို တွစ်တာကနေ လူမျိုးရေးခွဲခြားခဲ့ကြပြီး သတင်းတွေအရ ကစားသမားဟာ တွစ်တာအကောင့်ပါဖျက်ခဲ့ရတယ်လို့ ဆိုပါတယ်။
ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဇယားအောက်ဆုံးက ရှက်ဖီးလ်ကိုရင်ဆိုင်ခဲ့ရပေမယ့် စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
စကော့မက်တော်မီနေးနဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကတော့ အင်စတာဂရမ်မှာ တက်လာတဲ့ တွမ်ဇီဘီအ​ပေါ်လူမျိုးရေးခွဲခြားတဲ့ ကွန်မန့်တွေကို ဆန့်ကျင်ခဲ့သလို တွမ်ဇေဘီဘက်ကရပ်တည်ကြောင်း အသီးသီးရေးသားခဲ့ကြပါတယ်။
ဒ့ါအပြင် ဒီဂီယာကလည်း လုံလောက်တဲ့လက်စွမ်းတစ်ရပ်ကိုမပြသနိုင်ခဲ့ဘဲ အမှားများခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်ဟာ ဒုတိယပိုင်းမှာချေပဂိုးအတွက် တောက်လျှောက်ဖိအားပေးခဲ့ပေမယ့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ရှက်ဖီးလ်ကိုအရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ လိဂ် ၁၃ ပွဲအတွင်း ပထမဆုံးအကြိမ်အရေးနိမ့်ခဲ့ရပါတယ်။ လာမယ့်အပတ်မှာတော့ ယူနိုက်တက်ဟာ ပထမအကျော့တုန်းက အရေးနိမ့်ခဲ့တဲ့ အာဆင်နယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
စကော့မက်တော်မီနေးနဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကတော့ အင်စတာဂရမ်မှာ တက်လာတဲ့ တွမ်ဇီဘီအ​ပေါ်လူမျိုးရေးခွဲခြားတဲ့ ကွန်မန့်တွေကို ဆန့်ကျင်ခဲ့သလို တွမ်ဇေဘီဘက်ကရပ်တည်ကြောင်း အသီးသီးရေးသားခဲ့ကြပါတယ်။