ရှက်ဖီးယူနိုက်တက်ရဲ့ အနိုင်ဂိုးသွင်းယူမှုမှာ ဆိုးရွားတဲ့ ခံစစ်ကစားပုံကို ပြသခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ မနေ့ညက ဆိုးရွားတဲ့ ခံစစ်ကစားပုံကြောင့် ပေးဆပ်မှု ကြီးမားခဲ့ပြီး သင်ခန်းစာကောင်းကောင်းတစ်ခုကို ရသွားခဲ့ပါတယ်။

အိုလီဗာ ဘာကီရဲ့ သွင်းဂိုးက တွမ်ဇီဘီနဲ့ ထိပြီး ဂိုးဝင်ခဲ့တာ ဆိုပေမဲ့ ယူနိုက်တက်ရဲ့ ခံစစ်ကစားပုံ၊ နေရာယူပုံတွေက ပရိသတ်တွေရဲ့ အမြင်မှာတော့ တော်တော်လေး ဆိုးရွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

မက်ဂွါရီက ဂိုးစည်းနားက ဒီဂီယာဆီ ဘောလုံးပေးချိန် ဒီဂီယာကလည်း လွတ်တဲ့နေရာ ပေးလိုက်ရာမှာ ပြိုင်ဘက် ကွင်းလယ် လန်းစ်ရန်းထံကို တန်းရောက်သွားခဲ့ပါတယ်။

တွမ်ဇီဘီကလည်း ဘောလုံးရတဲ့အချိန် ရှင်းထုတ်ဖို့ အခွင့်အရေး ရပေမဲ့ ပြိုင်ဘက် ကစားသမားဆီ တန်းပေးလိုက်ပါတယ်။ အဲ့ဒီလို အခွင့်အရေး အကြိမ်ကြိမ်ပေးနေတဲ့ အနေအထားမှာ ရှက်ဖီးကလည်း ခြေထောက်မပါတဲ့ အသင်းမဟုတ်တာကြောင့် ဘာကီက အနိုင်ဂိုး သွင်းသွားခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေဟာ ပြိုင်ဘက်ကို နေရာလွတ်တွေ အများကြီးပေးထားဖို့ ဆုံးဖြတ်ခဲ့ပြီး ရှင်းထုတ်ဖို့ မကြိုးစားတဲ့ အကြောင်းအရင်းကို ဘုရားပဲ သိမယ်ထင်ပါတယ်။

ပရိသတ်တစ်ဦးက “ငါကတော့ ဒီ၁၅စက္ကန့်ကို မြင်ဖူးသမျှထဲမှာ အဆိုးဆုံး ခံစစ်ပိုင်းလို့ ထင်တာပဲ”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးက “ကန်ထုတ်ရမယ့် အခြေအနေမှာ ဘောလုံးပေးပို့ပုံ ကောင်းချင်တော့ ဒီလိုတွေ ဖြစ်လာတာပဲ”လို့ ဆိုပါတယ်။

ယူနိုက်တက်အနေနဲ့ ဇယားထိပ် ပြန်တက်နိုင်မယ့် အကောင်းဆုံး အခွင့်အရေးအဖြစ် ဇယားအောက်ဆုံးက အသင်းနဲ့ ကစားခဲ့ရပေမဲ့ ယခုလို ဖြုန်းတီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအစား ရှက်ဖီးယူနိုက်တက်က ၁၉၇၃ခုနှစ်နောက်ပိုင်း ယူနိုက်တက်ကွင်းမှာ ပထမဆုံး နိုင်ပွဲ ရသွားခဲ့ပြီး လာမယ့်ပွဲမှာ မန်စီးတီးနဲ့ ဆက်လက် ရင်ဆိုင်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ရွက္ဖီးယူႏိုက္တက္ရဲ႕ အႏုိင္ဂုိးသြင္းယူမႈမွာ ဆုိးရြားတဲ့ ခံစစ္ကစားပံုကို ျပသခဲ့တဲ့ ယူနိုက္တက္

ယူႏိုက္တက္အသင္းဟာ မေန႔ညက ဆုိးရြားတဲ့ ခံစစ္ကစားပံုေၾကာင့္ ေပးဆပ္မႈ ၾကီးမားခဲ့ျပီး သင္ခန္းစာေကာင္းေကာင္းတစ္ခုကို ရသြားခဲ့ပါတယ္။ အုိလီဗာ ဘာကီရဲ႕ သြင္းဂိုးက တြမ္ဇီဘီနဲ႔ ထိျပီး ဂိုး၀င္ခဲ့တာ ဆုိေပမဲ့ ယူႏိုက္တက္ရဲ႕ ခံစစ္ကစားပံု၊ ေနရာယူပံုေတြက ပရိသတ္ေတြရဲ႕ အျမင္မွာေတာ့ ေတာ္ေတာ္ေလး ဆိုးရြားခဲ့တာ ျမင္ေတြ႕ခဲ့ရပါတယ္။ မက္ဂြါရီက ဂိုးစည္းနားက ဒီဂီယာဆီ ေဘာလံုးေပးခ်ိန္ ဒီဂီယာကလည္း လြတ္တဲ့ေနရာ ေပးလိုက္ရာမွာ ျပိဳင္ဘက္ ကြင္းလယ္ လန္းစ္ရန္းထံကို တန္းေရာက္သြားခဲ့ပါတယ္။

တြမ္ဇီဘီကလည္း ေဘာလံုးရတဲ့အခ်ိန္ ရွင္းထုတ္ဖို႔ အခြင့္အေရး ရေပမဲ့ ျပိဳင္ဘက္ ကစားသမားဆီ တန္းေပးလိုက္ပါတယ္။ အဲ့ဒီလို အခြင့္အေရး အၾကိမ္ၾကိမ္ေပးေနတဲ့ အေနအထားမွာ ရွက္ဖီးကလည္း ေျခေထာက္မပါတဲ့ အသင္းမဟုတ္တာေၾကာင့္ ဘာကီက အႏိုင္ဂိုး သြင္းသြားခဲ့ပါတယ္။ ယူႏိုက္တက္ကစားသမားေတြဟာ ျပိဳင္ဘက္ကို ေနရာလြတ္ေတြ အမ်ားၾကီးေပးထားဖုိ႔ ဆံုးျဖတ္ခဲ့ျပီး ရွင္းထုတ္ဖို႔ မၾကိဳးစားတဲ့ အေၾကာင္းအရင္းကို ဘုရားပဲ သိမယ္ထင္ပါတယ္။ ပရိသတ္တစ္ဦးက “ငါကေတာ့ ဒီ၁၅စကၠန္႔ကို ျမင္ဖူးသမွ်ထဲမွာ အဆုိးဆံုး ခံစစ္ပုိင္းလို႔ ထင္တာပဲ”လို႔ ေရးသားခဲ့ပါတယ္။ ေနာက္တစ္ဦးက “ကန္ထုတ္ရမယ့္ အေျခအေနမွာ ေဘာလံုးေပးပို႔ပံု ေကာင္းခ်င္ေတာ့ ဒီလိုေတြ ျဖစ္လာတာပဲ”လို႔ ဆုိပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဇယားထိပ္ ျပန္တက္ႏိုင္မယ့္ အေကာင္းဆံုး အခြင့္အေရးအျဖစ္ ဇယားေအာက္ဆံုးက အသင္းနဲ႔ ကစားခဲ့ရေပမဲ့ ယခုလို ျဖဳန္းတီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအစား ရွက္ဖီးယူႏိုက္တက္က ၁၉၇၃ခုႏွစ္ေနာက္ပုိင္း ယူႏို္က္တက္ကြင္းမွာ ပထမဆံုး ႏိုင္ပဲြ ရသြားခဲ့ျပီး လာမယ့္ပဲြမွာ မန္စီးတီးနဲ႔ ဆက္လက္ ရင္ဆုိင္ရမွာပါ။