ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေအကြောင်း ပြောပြသွားတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ယနေ့ည ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲမတိုင်ခင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာ အခြေအနေအကြောင်းကို ရှင်းလင်းသွားခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။


အင်္ဂလန်သားဟာ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ကာ ကောင်းမွန်တဲ့ ခြေစွမ်း ပြသခဲ့ပေမဲ့ ဒဏ်ရာရခဲ့ကာ မာရှယ်နဲ့ လူစားလဲခဲ့ရပြီး ဥမင်ထဲကနေ ထော့နဲ့ထော့နဲ့ ဖြင့် ထွက်သွားခဲ့ရပါတယ်။

ဆိုးလ်ရှားက ၂၃နှစ်သားဟာ ဒူးဒဏ်ရာခံစားနေရကြောင်း အတည်ပြုခဲ့ကာ ပရိသတ်တွေအတွက် စိတ်ပူစရာ ဖြစ်ခဲ့ပေမဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ယနေ့ညပွဲမှာ ပြန်ကစားနိုင်မယ်လို့ ဆိုခဲ့ပါတယ်။


ဆိုးလ်ရှားက “မားကပ်စ်က ဒီညပွဲ ဝင်ကစားနိုင်ပါတယ်။ သူ ဒီမနက် လေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ သူ့ကို ယနေ့ညပွဲအတွက် ရွေးချယ်နိုင်ပါတယ်။ သူ ဒူးနည်းနည်းထိသွားပေမဲ့ ဒီနေ့မနက် အပြည့်အ၀ လေ့ကျင့်နိုင်ခဲ့ပါတယ်။ အဲ့ဒါက အဆင်ပြေပါတယ်”လို့ ပြောခဲ့ပါတယ်။


လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာလည်း လီဗာပူးနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဆိုးလ်ရှားက အကယ်ဒမီထွက်လေးအတွက် အကောင်းဆုံးခြေစွမ်းတွေက မလာသေးဘူးလို့ ယုံကြည်နေပါတယ်။
“မေဆင်က ရာသီဝက်မှာ အဓိက ကစားသမားဖြစ်လာမယ်လို့ ထင်ခဲ့ပေမဲ့ အခြေအနေတွေက သူ့အလိုလို ဖြစ်လာမှာ မဟုတ်ပါဘူး။ သူ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဂိုးသွင်းခဲ့ပြီး ပြန်လာဖို့ မျှော်လင့်ခဲ့တာပါ။ သူ အများကြီး ခြေစွမ်းတိုးတက်လာပြီး ရင့်ကျက်လာကာ ကာဗာနီနဲ့ အတူ ရာသီဝက်လေ့ကျင့်ခဲ့ပြီး အကျင့်ကောင်းတွေ လေ့လာနေပါတယ်”

“မေဆင်က ဂိုးတွေ၊ ဖန်တီးမှုတွေနဲ့ မကြာခင် ပြန်လာနိုင်မယ်ဆိုတာ ကျွန်တော် လုံး၀ ယုံပါတယ်”လို့ ဆိုခဲ့ပါတယ်။ ဆိုးလ်ရှားက အသင်းကို ရောက်လာပြီးတဲ့နောက် အကောင်းဆုံး အကျိုးပြုနေတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီကိုလည်း ချီးကျူးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ပြဲမတိုင္ခင္ ရက္ရွ္ဖို႔ဒ္ရဲ႕ ဒဏ္ရာအေျခအေနအေၾကာင္း ေျပာျပသြားတဲ့ ဆုိးလ္ရွား
===================
ယူႏိုက္တက္နည္းျပ ဆုိးလ္ရွားက ယေန႔ည ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ တိုက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ရဲ႕ ဒဏ္ရာ အေျခအေနအေၾကာင္းကို ရွင္းလင္းသြားခဲ့ပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ လီဗာပူးကို ၃-၂နဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ပဲြစဥ္မွာ သြင္းဂိုး ၁ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

အဂၤလန္သားဟာ ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏို္င္ခဲ့ကာ ေကာင္းမြန္တဲ့ ေျခစြမ္း ျပသခဲ့ေပမဲ့ ဒဏ္ရာရခဲ့ကာ မာရွယ္နဲ႔ လူစားလဲခဲ့ရျပီး ဥမင္ထဲကေန ေထာ့နဲ႔ေထာ့န႔ဲ ျဖင့္ ထြက္သြားခဲ့ရပါတယ္။
ဆိုးလ္ရွားက ၂၃ႏွစ္သားဟာ ဒူးဒဏ္ရာခံစားေနရေၾကာင္း အတည္ျပဳခဲ့ကာ ပရိသတ္ေတြအတြက္ စိတ္ပူစရာ ျဖစ္ခဲ့ေပမဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ျပီးတဲ့ေနာက္ ယေန႔ညပဲြမွာ ျပန္ကစားႏိုင္မယ္လို႔ ဆုိခဲ့ပါတယ္။
ဆုိးလ္ရွားက “မားကပ္္စ္က ဒီညပဲြ ၀င္ကစားႏုိင္ပါတယ္။ သူ ဒီမနက္ ေလ့က်င့္မႈ ျပဳလုပ္ခဲ့ပါတယ္။ သူ႕ကို ယေန႔ညပြဲအတြက္ ေရြးခ်ယ္ႏိုင္ပါတယ္။ သူ ဒူးနည္းနည္းထိသြားေပမဲ့ ဒီေန႔မနက္ အျပည့္အ၀ ေလ့က်င့္ႏို္င္ခဲ့ပါတယ္။ အဲ့ဒါက အဆင္ေျပပါတယ္”လို႔ ေျပာခဲ့ပါတယ္။
လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္ဟာလည္း လီဗာပူးနဲ႔ပဲြမွာ ဂိုးသြင္းႏိုင္ခဲ့ျပီး ဆုိးလ္ရွားက အကယ္ဒမီထြက္ေလးအတြက္ အေကာင္းဆံုးေျခစြမ္းေတြက မလာေသးဘူးလို႔ ယံုၾကည္ေနပါတယ္။
“ေမဆင္က ရာသီ၀က္မွာ အဓိက ကစားသမားျဖစ္လာမယ္လို႔ ထင္ခဲ့ေပမဲ့ အေျခအေနေတြက သူ႕အလိုလို ျဖစ္လာမွာ မဟုတ္ပါဘူး။ သူ ၀က္စ္ဟမ္းနဲ႔ ပြဲမွာ ဂိုးသြင္းခဲ့ျပီး ျပန္လာဖို႔ ေမွ်ာ္လင့္ခဲ့တာပါ။ သူ အမ်ားၾကီး ေျခစြမ္းတုိးတက္လာျပီး ရင့္က်က္လာကာ ကာဗာနီနဲ႔ အတူ ရာသီ၀က္ေလ့က်င့္ခဲ့ျပီး အက်င့္ေကာင္းေတြ ေလ့လာေနပါတယ္”

“ေမဆင္က ဂိုးေတြ၊ ဖန္တီးမႈေတြနဲ႔ မၾကာခင္ ျပန္လာႏိုင္မယ္ဆိုတာ ကြ်န္ေတာ္ လံုး၀ ယံုပါတယ္”လို႔ ဆုိခဲ့ပါတယ္။ ဆိုးလ္ရွားက အသင္းကို ေရာက္လာျပီးတဲ့ေနာက္ အေကာင္းဆံုး အက်ိဳးျပဳေနတဲ့ ၀ါရင့္တုိက္စစ္မွဴး ကာဗာနီကိုလည္း ခ်ီးက်ဴးခဲ့ပါတယ္။