ရက်ရှ်ဖို့ဒ်ကို သူ့ရဲ့ ဂိုးမှတ်တမ်းတွေကို ရိုက်ချိုးပြစမ်းပါလို့  မိုတီပေးလာတဲ့ ရွန်းနီ

ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမား ရွန်းနီကတော့ အကယ်ဒမီထွက်ကစားသမား

ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်မှာဆက်နေပြီး ယူနိုက်တက်ရဲ့

ဂိုးသွင်းအများဆုံး ကစားသမားဖြစ်အောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ၂၀၁၅ခုနှစ်ကနေ စပြီး

ယူနိုက်တက်အသင်း အတွက် ပွဲပေါင်း ၂၉၇ ပွဲမှာ ၉၃ ဂိုး သွင်းယူထားတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းမှာ အခုနောက်ပိုင်း အခွင့်ကောင်းတွေ

လွတ်နေတာဖြစ်ပြီး ဒီနှစ်ထဲမှာ လိဂ်သုံးပွဲသာ ကစားထားတာဖြစ်ပါတယ်။

သူဟာ ၂၀၂၀-၂၁ ရဲ့ပြိုင်ပွဲစုံ ၂၁ ပွဲမှာလည်း ၅ ဂိုးသာ သွင်းယူနိုင်ထားတာဖြစ်ပါတယ်။

ယူနိုက်တက်မှာ ကစားပွဲနည်းလာချိန်မှာပဲ နည်းပြဆောက်ဂိတ်ကလည်း

သူ့ကို အင်္ဂလန်အသင်းလူစာရင်းကနေ ပယ်ထားခဲ့တာဖြစ်ပါတယ်။

“ရှက်ရှ်ဖို့ဒ်အတွက် ကျွန်တော် ပြောချင်တာ ကတော့

ကျွန်တော့်ရဲ့ ဂိုးမှတ်တမ်းတွေ ကို ရိုက်ချိုး ပြစမ်းပါ ဆိုတာပါပဲ ။

ယူနိုက်တက် ရဲ့ သမိုင်း မှတ်တမ်း တင်ရတဲ့ ဂိုးသွင်းရှင် ဖြစ်ပြလိုက်စမ်းပါ။

အရှုပ်ထုပ်တွေ ထဲကနေ ခေါင်းကို မော့ထားပြီး

ဂိုးတွေသွင်း ၊ စံချိန်တွေ ယူပြလိုက်စမ်းပါ ဆိုတာပါပဲ”

“ဒီကောင်လေးက ယူနိုက်တက် အကယ်ဒမီထွက်ကောင်လေး တစ်ယောက်ပါ ။

သူ့မှာ ယူနိုက်တက် အသွေးအသားတွေ ရှိနေပါတယ် ။ သေချာသာ အာရုံစိုက်ပြီး

မလိုအပ်တဲ့ အရာတွေကို မေ့ပစ်လိုက်ပါ လို့ပဲ ပြောချင်ပါတယ်” လို့

ရွန်းနီ က မိုတီပေးထားပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ယူနိုက်တက်ရဲ့ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်မှာဖြစ်ပေမဲ့လို့

ယူနိုက်တက်အနေနဲ့ နောက်တစ်နှစ် သက်တမ်းတိုးခွင့်တော့ ရှိပါသေးတယ်။

zawgyi

ရွက္ရွ္ဖို႔ဒ္ကို သူ႔ရဲ႕ ဂိုးမွတ္တမ္းေတြကို ႐ိုက္ခ်ိဳးျပစမ္းပါလို႔  မိုတီေပးလာတဲ့ ႐ြန္းနီ

ယူႏိုက္တက္ရဲ႕ ဂႏၲဝင္ကစားသမား ႐ြန္းနီကေတာ့ အကယ္ဒမီထြက္ကစားသမား

ရက္ရွ္ဖို႔ဒ္ကို ယူႏိုက္တက္မွာဆက္ေနၿပီး ယူႏိုက္တက္ရဲ႕

ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္ေအာင္လုပ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၁၅ခုႏွစ္ကေန စၿပီး

ယူႏိုက္တက္အသင္း အတြက္ ပြဲေပါင္း ၂၉၇ ပြဲမွာ ၉၃ ဂိုး သြင္းယူထားတာပါ။

ရက္ရွ္ဖို႔ဒ္ဟာ ယူႏိုက္တက္အသင္းမွာ အခုေနာက္ပိုင္း အခြင့္ေကာင္းေတြ

လြတ္ေနတာျဖစ္ၿပီး ဒီႏွစ္ထဲမွာ လိဂ္သုံးပြဲသာ ကစားထားတာျဖစ္ပါတယ္။

သူဟာ ၂၀၂၀-၂၁ ရဲ႕ၿပိဳင္ပြဲစုံ ၂၁ ပြဲမွာလည္း ၅ ဂိုးသာ သြင္းယူႏိုင္ထားတာျဖစ္ပါတယ္။

ယူႏိုက္တက္မွာ ကစားပြဲနည္းလာခ်ိန္မွာပဲ နည္းျပေဆာက္ဂိတ္ကလည္း

သူ႔ကို အဂၤလန္အသင္းလူစာရင္းကေန ပယ္ထားခဲ့တာျဖစ္ပါတယ္။

“ရွက္ရွ္ဖို႔ဒ္အတြက္ ကြၽန္ေတာ္ ေျပာခ်င္တာ ကေတာ့

ကြၽန္ေတာ့္ရဲ႕ ဂိုးမွတ္တမ္းေတြ ကို ႐ိုက္ခ်ိဳး ျပစမ္းပါ ဆိုတာပါပဲ ။

ယူႏိုက္တက္ ရဲ႕ သမိုင္း မွတ္တမ္း တင္ရတဲ့ ဂိုးသြင္းရွင္ ျဖစ္ျပလိုက္စမ္းပါ။

အရႈပ္ထုပ္ေတြ ထဲကေန ေခါင္းကို ေမာ့ထားၿပီး

ဂိုးေတြသြင္း ၊ စံခ်ိန္ေတြ ယူျပလိုက္စမ္းပါ ဆိုတာပါပဲ”

“ဒီေကာင္ေလးက ယူႏိုက္တက္ အကယ္ဒမီထြက္ေကာင္ေလး တစ္ေယာက္ပါ ။

သူ႔မွာ ယူႏိုက္တက္ အေသြးအသားေတြ ရွိေနပါတယ္ ။ ေသခ်ာသာ အာ႐ုံစိုက္ၿပီး

မလိုအပ္တဲ့ အရာေတြကို ေမ့ပစ္လိုက္ပါ လို႔ပဲ ေျပာခ်င္ပါတယ္” လို႔

႐ြန္းနီ က မိုတီေပးထားပါတယ္။

ရက္ရွ္ဖို႔ဒ္နဲ႔ယူႏိုက္တက္ရဲ႕ စာခ်ဳပ္ဟာ ၂၀၂၃ မွာ ကုန္မွာျဖစ္ေပမဲ့လို႔

ယူႏိုက္တက္အေနနဲ႔ ေနာက္တစ္ႏွစ္ သက္တမ္းတိုးခြင့္ေတာ့ ရွိပါေသးတယ္။