ရှုံးပါတယ်ဆို.. အစစ်ဆေးပါခံရတော့မယ့် ဘယ်လင်ဂမ်

ဒေါ့မွန်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်ဟာဘိုင်ယန်မြူးနစ်အား

ရှုံးနိမ့်တဲ့ပွဲအပြီးမှာပြုလုပ်တဲ့အင်တာဗျူးတွင်ကွင်းလယ်ဒိုင်လူကြီး

ဖီးလစ်ဇွာယာနှင့်ပတ်သက်ပြီးပြောဆိုမှုအတွက်ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့

စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။ဘိုင်ယန်မြူးနစ်ကဒေါ့မွန်ကို၃-၂ဂိုးဖြင့်

အနိုင်ရရှိတဲ့ပွဲမှာဇွာယာဟာမာကိုရူးစ်အားလူးကပ်စ်ဟာနန်ဒက်ဇ်က

ဧရိယာအတွင်းလဲကျအောင်လုပ်မှုအတွက်ပင်နယ်တီမပေးခဲ့ပေမယ့်

ပွဲချိန်၇၇မိနစ်မှာဒေါ့မွန်နောက်ခံလူဟမ်မဲလ်ရဲ့လက်ထိဘောအတွက်ပင်နယ်တီပေးခဲ့ပါတယ်။

ယင်းပင်နယ်တီကိုရောဘတ်လီဝန်ဒေါ့စကီးကကန်သွင်းကာ

ဘိုင်ယန်မြူးနစ်အတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့်

ဘိုင်ယန်ဟာဒေါ့မွန်ကိုရမှတ်၄မှတ်ဖြတ်ထားလာနိုင်ပါတယ်။

ပွဲအပြီးတွင်ဘယ်လင်ဂမ်က “ကျွန်တော့်အတွက်တော့ဒါကပင်နယ်တီမဟုတ်ပါဘူး။

ဟမ်မဲလ်ကဘောလုံးကိုတောင်ကြည့်နေတာမဟုတ်ပါဘူး။

သူကဘောလုံးရဖို့ကြိုးစားနေတာပါ။ဘောလုံးကသူ့ကိုထိတာပါ။

ဘောလုံးကိုသူကြည့်မနေပါဘူး။ဒီပွဲကအခြားဆုံးဖြတ်ချက်တွေကိုလည်း

ကြည့်နိုင်ပါတယ်။ဒီဒိုင်ကအရင်တုန်းကလုပ်ပွဲကစားခဲ့တာခင်ဗျားတို့လည်းအသိပါ။

အခုဂျာမနီရဲ့အကြီးကျယ်ဆုံးပွဲမှာဒီဒိုင်ကိုခန့်လာတော့ဘာဖြစ်လာမယ်ထင်လဲ”ဆိုသွားပါတယ်။

ယခုအခါဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဒိုင်စောင့်ကြည့်သူမာကိုဟက်စ်က

ပွဲပြီးအင်တာဗျူးမှပြောဆိုမှုများအတွက်ဘယ်လင်ဂမ်ကို

တိုင်ချက်ဖွင့်လာပြီဖြစ်ပါတယ်။ဇွာယာဟာ၂၀၀၅ခုနှစ်တုန်းကလုပ်ပွဲတွင်

ပါဝင်ပတ်သက်မှုကြောင့်ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ခြောက်လပွဲပယ်ပြစ်ဒဏ်

ချမှတ်ခံခဲ့ရဖူးပါတယ်။ထိုစဉ်ကဒုတိယတန်းဒိုင်ဟောင်းရောဘတ်ဟွိုင်ဇာမှာလည်

းရာသက်ပန်ဘောလုံးနှင့်ပတ်သက်ခွင့်ပိတ်ပင်ခံရတဲ့အပြင်

ထောင်ဒဏ်၂နှစ်နှင့်ငါးလချမှတ်ခံခဲ့ရပါတယ်။

ထိုစဉ်ကဇွာယာဟာစည်းကြပ်ဒိုင်အဖြစ်တာဝန်ထမ်းဆောင်ပြီး

ဟွိုင်ဇာထံမှ၂၅၆ပေါင်ရယူခဲ့ပါတယ်။အသက်၄၀နှစ်ရှိဇွာယာဟာ

ဟွိုင်ဇာရဲ့လုပ်ပွဲကစားမှုကိုဖွင့်ချခဲ့သူဖြစ်ပြီး၂၀၀၉ခုနှစ်မှစတင်ကာ

ဘွန်ဒက်စ်လီဂါမှာတာဝန်ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။

zawgyi

ရႈံးပါတယ္ဆို.. အစစ္ေဆးပါခံရေတာ့မယ့္ ဘယ္လင္ဂမ္

ေဒါ့မြန္ကြင္းလယ္ကစားသမားဂ်ဴ႕ဘယ္လင္ဂမ္ဟာဘိုင္ယန္ျမဴးနစ္အား

ရႈံးနိမ့္တဲ့ပြဲအၿပီးမွာျပဳလုပ္တဲ့အင္တာဗ်ဴးတြင္ကြင္းလယ္ဒိုင္လူႀကီး

ဖီးလစ္ဇြာယာႏွင့္ပတ္သက္ၿပီးေျပာဆိုမႈအတြက္ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕

စုံစမ္းစစ္ေဆးျခင္းခံေနရပါတယ္။ဘိုင္ယန္ျမဴးနစ္ကေဒါ့မြန္ကို၃-၂ဂိုးျဖင့္

အႏိုင္ရရွိတဲ့ပြဲမွာဇြာယာဟာမာကို႐ူးစ္အားလူးကပ္စ္ဟာနန္ဒက္ဇ္က

ဧရိယာအတြင္းလဲက်ေအာင္လုပ္မႈအတြက္ပင္နယ္တီမေပးခဲ့ေပမယ့္

ပြဲခ်ိန္၇၇မိနစ္မွာေဒါ့မြန္ေနာက္ခံလူဟမ္မဲလ္ရဲ႕လက္ထိေဘာအတြက္ပင္နယ္တီေပးခဲ့ပါတယ္။

ယင္းပင္နယ္တီကိုေရာဘတ္လီဝန္ေဒါ့စကီးကကန္သြင္းကာ

ဘိုင္ယန္ျမဴးနစ္အတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းႏိုင္ပြဲေၾကာင့္

ဘိုင္ယန္ဟာေဒါ့မြန္ကိုရမွတ္၄မွတ္ျဖတ္ထားလာႏိုင္ပါတယ္။

ပြဲအၿပီးတြင္ဘယ္လင္ဂမ္က “ကြၽန္ေတာ့္အတြက္ေတာ့ဒါကပင္နယ္တီမဟုတ္ပါဘူး။

ဟမ္မဲလ္ကေဘာလုံးကိုေတာင္ၾကည့္ေနတာမဟုတ္ပါဘူး။

သူကေဘာလုံးရဖို႔ႀကိဳးစားေနတာပါ။ေဘာလုံးကသူ႔ကိုထိတာပါ။

ေဘာလုံးကိုသူၾကည့္မေနပါဘူး။ဒီပြဲကအျခားဆုံးျဖတ္ခ်က္ေတြကိုလည္း

ၾကည့္ႏိုင္ပါတယ္။ဒီဒိုင္ကအရင္တုန္းကလုပ္ပြဲကစားခဲ့တာခင္ဗ်ားတို႔လည္းအသိပါ။

အခုဂ်ာမနီရဲ႕အႀကီးက်ယ္ဆုံးပြဲမွာဒီဒိုင္ကိုခန႔္လာေတာ့ဘာျဖစ္လာမယ္ထင္လဲ”ဆိုသြားပါတယ္။

ယခုအခါဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ဒိုင္ေစာင့္ၾကည့္သူမာကိုဟက္စ္က

ပြဲၿပီးအင္တာဗ်ဴးမွေျပာဆိုမႈမ်ားအတြက္ဘယ္လင္ဂမ္ကို

တိုင္ခ်က္ဖြင့္လာၿပီျဖစ္ပါတယ္။ဇြာယာဟာ၂၀၀၅ခုႏွစ္တုန္းကလုပ္ပြဲတြင္

ပါဝင္ပတ္သက္မႈေၾကာင့္ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ေျခာက္လပြဲပယ္ျပစ္ဒဏ္

ခ်မွတ္ခံခဲ့ရဖူးပါတယ္။ထိုစဥ္ကဒုတိယတန္းဒိုင္ေဟာင္းေရာဘတ္ဟြိဳင္ဇာမွာလည္

းရာသက္ပန္ေဘာလုံးႏွင့္ပတ္သက္ခြင့္ပိတ္ပင္ခံရတဲ့အျပင္

ေထာင္ဒဏ္၂ႏွစ္ႏွင့္ငါးလခ်မွတ္ခံခဲ့ရပါတယ္။

ထိုစဥ္ကဇြာယာဟာစည္းၾကပ္ဒိုင္အျဖစ္တာဝန္ထမ္းေဆာင္ၿပီး

ဟြိဳင္ဇာထံမွ၂၅၆ေပါင္ရယူခဲ့ပါတယ္။အသက္၄၀ႏွစ္ရွိဇြာယာဟာ

ဟြိဳင္ဇာရဲ႕လုပ္ပြဲကစားမႈကိုဖြင့္ခ်ခဲ့သူျဖစ္ၿပီး၂၀၀၉ခုႏွစ္မွစတင္ကာ

ဘြန္ဒက္စ္လီဂါမွာတာဝန္ထမ္းေဆာင္ခြင့္ရခဲ့ပါတယ္။