ရှုံးပွဲမရှိစံချိန်တင်ရင်း ရိန်းဂျားစ်သမိုင်းမှာ သူ့နာမည်ကို အလှပဆုံးရေးထိုးလိုက်တဲ့ ဂျရတ်

စကော့တလန်အမှတ်ပေးချန်ပီယံ ရိန်းဂျားစ်ဟာ ရာသီပိတ်နောက်ဆုံးပွဲမှာ အဘာဒင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့ပါတယ်။


မတ်လ ၇ ရက်နေ့ကတည်းက ချန်ပီယံဖြစ်ဖို့ သေချာခဲ့တဲ့ ရိန်းဂျားစ်ဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ လိဂ် ၁၉ပွဲစလုံးလည်း အနိုင်ကစားခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ်ဦးဆောင်တဲ့ ရိန်းဂျားစ်ဟာ ယခုရာသီမှာ အများဆုံးရနိုင်မယ့် ၁၁၄ မှတ်ထဲကနေ ၁၀၂ မှတ်အထိ ရယူနိုင်ခဲ့ရာ စကော့တလန်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အမှတ် ၁၀၀နဲ့အထက် ရတဲ့ပထမဆုံးကလပ်လည်းဖြစ်လာပါတယ်။


ကိုဗစ်စည်းမျဉ်းတွေကြောင့် ကွင်းထဲမှာ ပရိသတ်တွေမရှိပေမယ့် ရိန်းဂျားစ်ပရိသတ်ရာပေါင်းများစွာဟာ စနေနေ့ နေ့လယ်ကလည်းက ကွင်းနားမှာ အောင်ပွဲခံဖို့ ရောက်နေခဲ့တာပါ။
လီဗာပူးဂန္ထဝင် ဂျရတ်ဟာ ရိန်းဂျားစ်နည်းပြအဖြစ် တာဝန်ယူတဲ့ တတိယမြောက်ရာသီမှာ နည်းပြဘဝတစ်လျှောက် ပထမဆုံးဆုဖလားရယူနိုင်ခဲ့တဖြစ်ပါတယ်။


ရိန်းဂျားစ်အတွက် ၅၅ကြိမ်မြောက် လိဂ်ဖလားချန်ပီယံဆုရဖို့ ခက်ခဲကြမ်းတမ်းတဲ့ကာလကို ဖြတ်သန်းခဲ့ရပါတယ်။
ရိန်းဂျားစ်ဟာ ဒေဝါလီခံလိုက်ရပြီးနောက် ၂၀၁၂ မှာ ချန်ပီယံရှစ်ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရပြီး စတုတ္ထတန်းကနေ ပြန်လည်စတင်ခဲ့ရပါတယ်။


အဲဒီကတည်းက အခါးသီးဆုံးမြို့ခံပြိုင်ဘက် ဆဲလ်တစ်က စကော့တလန်အမှတ်ပေးချန်ပီယံဆုကို ၉ရာသီဆက် ရယူခဲ့ပေမယ့် ဒီရာသီမှာတော့ ရိန်းဂျားစ်က ဆဲလ်တစ်ကို ၂၅ မှတ်အထိ ဖြတ်နိုင်ခဲ့ပါတယ်။


”ကောင်လေးတွေ(ကစားသမားတွေ)မှာ ချန်ပီယံဖြစ်ဖို့သာမက ကိုယ့်ရဲ့အမွေအနှစ်ပါ ချန်ထားရစ်နိုင်ဖို့ အခွင့်အရေးရခဲ့ကြပါတယ်။ တကယ်လည်း သူတို့ လုပ်နိုင်ခဲ့ပါတယ်”လို့ ဂျရတ်က ပြောပါတယ်။

Zawgyi
ရံႈးပြဲမရွိစံခ်ိန္တင္ရင္း ရိန္းဂ်ားစ္သမုိင္းမွာ သူ႕နာမည္ကို အလွပဆုံးေရးထိုးလုိက္တဲ့ ဂ်ရတ္

စေကာ့တလန္အမွတ္ေပးခ်န္ပီယံ ရိန္းဂ်ားစ္ဟာ ရာသီပိတ္ေနာက္ဆုံးပဲြဲမွာ အဘာဒင္းကို ၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ တစ္ရာသီလုံး႐ံႈးပြဲမရွိစံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။
မတ္လ ၇ ရက္ေန႔ကတည္းက ခ်န္ပီယံျဖစ္ဖို႔ ေသခ်ာခဲ့တဲ့ ရိန္းဂ်ားစ္ဟာ အိမ္ကြင္းမွာကစားခဲ့တဲ့ လိဂ္ ၁၉ပြဲစလုံးလည္း အႏိုင္ကစားခဲ့ပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂ်ရတ္ဦးေဆာင္တဲ့ ရိန္းဂ်ားစ္ဟာ ယခုရာသီမွာ အမ်ားဆုံးရႏိုင္မယ့္ ၁၁၄ မွတ္ထဲကေန ၁၀၂ မွတ္အထိ ရယူႏိုင္ခဲ့ရာ စေကာ့တလန္အမွတ္ေပးၿပိဳင္ပြဲသမုိင္းတစ္ေလွ်ာက္ တစ္ရာသီအတြင္း အမွတ္ ၁၀၀နဲ႔အထက္ ရတဲ့ပထမဆုံးကလပ္လည္းျဖစ္လာပါတယ္။
ကိုဗစ္စည္းမ်ဥ္းေတြေၾကာင့္ ကြင္းထဲမွာ ပရိသတ္ေတြမရွိေပမယ့္ ရိန္းဂ်ားစ္ပရိသတ္ရာေပါင္းမ်ားစြာဟာ စေနေန႔ ေန႔လယ္ကလည္းက ကြင္းနားမွာ ေအာင္ပြဲခံဖုိ႔ ေရာက္ေနခဲ့တာပါ။
လီဗာပူးဂႏၳ၀င္ ဂ်ရတ္ဟာ ရိန္းဂ်ားစ္နည္းျပအျဖစ္ တာ၀န္ယူတဲ့ တတိယေျမာက္ရာသီမွာ နည္းျပဘ၀တစ္ေလွ်ာက္ ပထမဆုံးဆုဖလားရယူႏိုင္ခဲ့တျဖစ္ပါတယ္။

ရိန္းဂ်ားစ္အတြက္ ၅၅ႀကိမ္ေျမာက္ လိဂ္ဖလားခ်န္ပီယံဆုရဖို႔ ခက္ခဲၾကမ္းတမ္းတဲ့ကာလကို ျဖတ္သန္းခဲ့ရပါတယ္။
ရိန္းဂ်ားစ္ဟာ ေဒ၀ါလီခံလုိက္ရၿပီးေနာက္ ၂၀၁၂ မွာ ခ်န္ပီယံရွစ္ၿပိဳင္ပြဲကေန ထုတ္ပယ္ခံလုိက္ရၿပီး စတုတၳတန္းကေန ျပန္လည္စတင္ခဲ့ရပါတယ္။
အဲဒီကတည္းက အခါးသီးဆုံးၿမိဳ႕ခံၿပိဳင္ဘက္ ဆဲလ္တစ္က စေကာ့တလန္အမွတ္ေပးခ်န္ပီယံဆုကို ၉ရာသီဆက္ ရယူခဲ့ေပမယ့္ ဒီရာသီမွာေတာ့ ရိန္းဂ်ားစ္က ဆဲလ္တစ္ကို ၂၅ မွတ္အထိ ျဖတ္ႏိုင္ခဲ့ပါတယ္။
”ေကာင္ေလးေတြ(ကစားသမားေတြ)မွာ ခ်န္ပီယံျဖစ္ဖုိ႔သာမက ကုိယ့္ရဲ႕အေမြအႏွစ္ပါ ခ်န္ထားရစ္ႏိုင္ဖို႔ အခြင့္အေရးရခဲ့ၾကပါတယ္။ တကယ္လည္း သူတုိ႔ လုပ္ႏုိင္ခဲ့ပါတယ္”လုိ႔ ဂ်ရတ္က ေျပာပါတယ္။