ဘန်လေရဲ့မတ်လောတွန်ဟာမနေ့ညတုန်းကလိဒ်နှင့်ပွဲစဉ်တွင်ဂိုးသွင်းအောင်ပွဲခံ
နေစဉ်လိဒ်ပရိသတ်တစ်ဦးရဲ့ပုလင်းဖြင့်ပစ်ပေါက်မှုခံခဲ့ရပါတယ်။
အသက်၃၂နှစ်ရှိနောက်ခံလူဟာမက်စ်ဝဲလ်ကော်နက်ကချေပဂိုးသွင်းယူပြီးနောက်
ကစားဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် ကိုကာကိုလာဗူးနဲ့အပေါက်ခံခဲ့ရတာ
လည်းဖြစ်ပါတယ်။
လောတွန်ကိုပစ်ပေါက်လိုက်တဲ့ကိုကာကိုလာဗူးအတွင်းတွင်
အချိုရေတချို့ပါဝင်နေသေးတာကြောင့် အနည်းငယ်အထိနာခဲ့ပါတယ်။သူဟာ
ဆေးကုသမှုခံယူခဲ့ရကာပွဲပြီးတဲ့အထိကစားသွားနိုင်ခဲ့ပါတယ်။ ဘန်လေဟာ
ချေပဂိုးရခဲ့ပေမယ့်လည်းစတူးအပ်ဒဲလ်လက်စ်နှင့်ဒန်ဂျိမ်းစ်တို့ရဲ့သွင်းတို့ကြောင့်
လိဒ်ကို၃-၁ဂိုးဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်လိဒ်ပရိသတ်များရဲ့ဆိုးသွမ်းလုပ်ရပ်များစွာဖြစ်
ပေါ်လာခဲ့တာတွေ့ရပါတယ်။
လိဒ်ပရိသတ်တစ်ဦးဟာအာဆင်နယ်ပွဲတွင်လူမျိုးရေးခွဲခြားအော်ဟစ်မှုကြောင့်
ကွင်းအတွင်းတွင်ပင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပဲလေ့စ်နှင့်ပွဲတွင်လည်းပဲလေ့စ်
စတားဂယ်လာဂါကို လိင်ပိုင်းဆိုင်ရာလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။
စနေနေ့တုန်းကအာဆင်နယ်နှင့်မန်စီးတီးပွဲတွင်လည်းမန်စီးတီးစတားရိုဒရီဟာ
နာကျင်အချိန်ပိုအနိုင်ဂိုးသွင်းယူပြီးနောက် အင်္ကျီချွတ်အောင်ပွဲခံနေစဉ်
အာဆင်နယ်ပရိသတ်များရဲ့ရေဗူးဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။
Zawgyi
ရှုံးလည်းရှုံး ကိုလာဘူးနဲ့လည်း အကျွေးခံလိုက်ရသူ