လက်ကျန်လစာကို ၂နှစ်အတွင်း ပေးမယ်ဆိုရင် အာဆင်နယ်ကို ပျော်ပျော်ကြီးလက်ပြနှုတ်ဆက်မယ့် အိုဇေးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်ဟာ ယခုလအတွင်းမှာပဲ အသင်းကနေ ထွက်ခွာဖို့ ပျော်ပျော်ကြီးလက်သင့်ခံနိုင်ပေမယ့် သူ့လစာတွေကို လာမယ့် ၂နှစ်အတွင်း အသင်းဘက်က ဆက်လက်ပေးချေမှသာ အဲဒီလိုထွက်ခွာသွားမယ်လို့ သိရပါတယ်။


အိုဇေးလ်ဟာ မတ်လကတည်းက အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့်ဆုံးရှုံးနေရတာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေတဲ့သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းက လာမယ့်ဇွန်လမှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဒီနှစ်ထဲမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။


မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အသက် ၃၂ နှစ်အရွယ်ရှိ အိုဇေးလ်ဟာ တူရကီကလပ် ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီလို့ သိရသလို တစ်ဘက်မှာလည်း မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းနဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။


The Sun သတင်းစာရဲ့ဖော်ပြချက်အရ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို ၆လစောပြီး ဖျက်သိမ်းဖို့ အသင့်ရှိပေမယ့် အသင်းဘက်က ၂၀၂၃ နွေရာသီအထိ သူ့ကို တစ်ပတ် ပေါင် ၆၃၀၀၀ ပေးချေမှသာ အဲဒီလိုလုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။

တစ်ချိန်တည်းမှာပဲ တူရကီမှာ ထွက်ပေါ်နေတဲ့သတင်းတွေအရ အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ အိုဇေးလ်တို့ဟာ ယခုလအတွင်း အိုဇေးလ် အသင်းပြောင်းရွှေ့နိုင်ရေးအတွက် လက်ကျန်လုပ်ခလစာနဲ့ပတ်သက်လို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။


တကယ်လို့ အိုဇေးလ်အနေနဲ့ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာဆက်ကစားမယ်ဆိုရင် လစာ ပေါင် ၇.၂ သန်းရရှိမှာဖြစ်ပြီး အိုဇေးလ်အနေနဲ့ အာဆင်နယ်ကနေ အဲဒီပမာဏထက် လျော့နည်းတဲ့လစာနဲ့ ထွက်ခွာမှာမဟုတ်ကြောင်း သိရပါတယ်။


အိုဇေးလ်ဟာ ၂၀၁၃ စက်တင်ဘာလက ရီးရဲလ်ကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး (ထိုစဉ်က) ပေါင် ၄၂.၅ သန်းနဲ့ ရောက်ရှိလာသူဖြစ်ပြီး အသင်းအတွက် ၂၅၄ပွဲမှာ ၄၄ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇၇ကြိမ်ပြုလုပ်ပေးထားပါတယ်။


အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ၄ကြိမ်ရရှိထားပေမယ့် နောက်ဆုံးအကြိမ်ရရှိထားတဲ့ ယမန်နှစ်ပြိုင်ပွဲမှာတော့ နည်းပြအာတီတာရဲ့လက်အောက် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
လက္က်န္လစာကို ၂ႏွစ္အတြင္း ေပးမယ္ဆိုရင္ အာဆင္နယ္ကို ေပ်ာ္ေပ်ာ္ႀကီးလက္ျပႏႈတ္ဆက္မယ့္ အိုေဇးလ္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းကြင္းလယ္လူ အိုေဇးလ္ဟာ ယခုလအတြင္းမွာပဲ အသင္းကေန ထြက္ခြာဖို႔ ေပ်ာ္ေပ်ာ္ႀကီးလက္သင့္ခံႏိုင္ေပမယ့္ သူ႔လစာေတြကို လာမယ့္ ၂ႏွစ္အတြင္း အသင္းဘက္က ဆက္လက္ေပးေခ်မွသာ အဲဒီလိုထြက္ခြာသြားမယ္လို႔ သိရပါတယ္။
အိုေဇးလ္ဟာ မတ္လကတည္းက အာဆင္နယ္အသင္းမွာ ပြဲထြက္ခြင့္ဆုံးရႈံးေနရတာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ရရွိေနတဲ့သူ႔ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက လာမယ့္ဇြန္လမွာ ကုန္ဆုံးေတာ့မွာျဖစ္လို႔ ဒီႏွစ္ထဲမွာ အသင္းကေန ထြက္ခြာဖြယ္ရွိေနပါတယ္။
မၾကာေသးခင္ကထြက္ေပၚခဲ့တဲ့သတင္းေတြအရ အသက္ ၃၂ ႏွစ္အ႐ြယ္ရွိ အိုေဇးလ္ဟာ တူရကီကလပ္ ဖီနာဘာခ်ီကို ေျပာင္းေ႐ႊ႕ဖို႔ အလြန္နီးစပ္ေနၿပီလို႔ သိရသလို တစ္ဘက္မွာလည္း ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္အသင္းနဲ႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ အိုေဇးလ္ဟာ အာဆင္နယ္နဲ႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကို ၆လေစာၿပီး ဖ်က္သိမ္းဖို႔ အသင့္ရွိေပမယ့္ အသင္းဘက္က ၂၀၂၃ ေႏြရာသီအထိ သူ႔ကို တစ္ပတ္ ေပါင္ ၆၃၀၀၀ ေပးေခ်မွသာ အဲဒီလိုလုပ္ေဆာင္မွာျဖစ္ေၾကာင္း သိရပါတယ္။
တစ္ခ်ိန္တည္းမွာပဲ တူရကီမွာ ထြက္ေပၚေနတဲ့သတင္းေတြအရ အာဆင္နယ္အသင္းတာဝန္ရွိသူေတြနဲ႔ အိုေဇးလ္တို႔ဟာ ယခုလအတြင္း အိုေဇးလ္ အသင္းေျပာင္းေ႐ႊ႕ႏိုင္ေရးအတြက္ လက္က်န္လုပ္ခလစာနဲ႔ပတ္သက္လို႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
တကယ္လို႔ အိုေဇးလ္အေနနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိ အသင္းမွာဆက္ကစားမယ္ဆိုရင္ လစာ ေပါင္ ၇.၂ သန္းရရွိမွာျဖစ္ၿပီး အိုေဇးလ္အေနနဲ႔ အာဆင္နယ္ကေန အဲဒီပမာဏထက္ ေလ်ာ့နည္းတဲ့လစာနဲ႔ ထြက္ခြာမွာမဟုတ္ေၾကာင္း သိရပါတယ္။
အိုေဇးလ္ဟာ ၂၀၁၃ စက္တင္ဘာလက ရီးရဲလ္ကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး (ထိုစဥ္က) ေပါင္ ၄၂.၅ သန္းနဲ႔ ေရာက္ရွိလာသူျဖစ္ၿပီး အသင္းအတြက္ ၂၅၄ပြဲမွာ ၄၄ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၇၇ႀကိမ္ျပဳလုပ္ေပးထားပါတယ္။
အိုေဇးလ္ဟာ အာဆင္နယ္အသင္းနဲ႔အတူ အက္ဖ္ေအဖလား ၄ႀကိမ္ရရွိထားေပမယ့္ ေနာက္ဆုံးအႀကိမ္ရရွိထားတဲ့ ယမန္ႏွစ္ၿပိဳင္ပြဲမွာေတာ့ နည္းျပအာတီတာရဲ႕လက္ေအာက္ ပုံမွန္ပြဲထြက္ခြင့္ဆုံးရႈံးခဲ့ရပါတယ္။