လက်ကျန်(၇)ပွဲကို ဗိုလ်လုပွဲတွေလိုသဘောထားကစားရမယ့် ရွန်နီရဲ့ဒါဘီအသင်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးရွန်နီနည်းပြအဖြစ်ဆောင်ရွက်နေတဲ့

ဒါဘီအသင်းဟာ ဒီတစ်ပတ်ကစားတဲ့ ကွန်ဗင်ထရီနဲ့ပွဲမှာ(၁-၁)ဂိုးစီသရေကျခဲ့ပြီး

လိဂ်ချန်ပီယံရှစ်မှာ ဆက်လက်ရပ်တည်နိုင်ဖို့ လက်ကျန်(၇)ပွဲကို

ဗိုလ်လုပွဲတွေလိုသဘောထားကစားရတော့မှာဖြစ်ပါတယ်။

အသင်းရဲ့အရှုပ်အထွေးတွေကြောင့် (၂၁)မှတ်လျှော့ခံထားရတဲ့ ဒါဘီအသင်းဟာ

အခုလောလောဆယ် (၃၉)ပွဲကစား၊ (၂၅)မှတ်မှတ်နဲ့ တန်းဆင်းဇုန်ဖြစ်တဲ့

အဆင့်(၂၃)နေရာမှာရပ်တည်နေပြီး တန်းဆင်းဇုန်ပြင်ပက

ရက်ဒင်း(အဆင့်၂၁)နဲ့ ဘလက်ဘန်းနဲ့ပွဲမကစားခင်မှာ(၅)မှတ်ကွာနေပါတယ်။

နှစ်သင်းစလုံးရဲ့လက်ကျန်ပွဲတွေမှာလည်း ထိပ်ပိုင်းကအသင်းတွေနဲ့

ရင်ဆိုင်ရမယ့်ပွဲတွေပါဝင်နေတာကြောင့်

တန်းမဆင်းရအောင် အသည်းအသန်ကစားရမှာပါ။

ဒါဘီအသင်းဟာ လာမယ့်(၇)ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးရပ်တည်နေပြီး

ပရီးမီးယားလိဂ်ကိုတစ်ကျော့ပြန်လာဖို့အခြေအနေကောင်းနေတဲ့

ဖူလ်ဟမ်(အိမ်)၊ Play-off မျှော်လင့်ချက်ရှိတဲ့ QPR(အဝေး)တို့နဲ့

ကစားရမှာဖြစ်သလို အမှတ်ပေးဇယားအလယ်အလတ်အဆင့်က

အသင်းတွေနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ ရက်ဒင်းအသင်းကတော့

ဒါဘီအသင်းထက် တစ်ပွဲလျော့နေပြီး လက်ကျန်ပွဲတွေမှာ အဆင့်(၂)နေရာမှန်းနေတဲ့

ရှက်ဖီးယူနိုက်တက်၊ Play-off ကစားခွင့်ရဖို့ရုန်းကန်နေတဲ့

လူတန်အသင်းတို့နဲ့ဆုံတွေ့ရဖို့ရှိနေသလို မထင်မှတ်ဘဲ

ခြေချော်နိုင်တဲ့ပွဲတွေလည်းပါဝင်နေပါတယ်။

နှစ်သင်းစလုံးရဲ့လက်ကျန်ပွဲအနေအထားက မျှတယ်လို့သတ်မှတ်ရမှာဖြစ်ပြီး

အမှတ်အသာရနေတဲ့ ရက်ဒင်းအတွက် လိဂ်ချန်ပီယံရှစ်မှာ

ဆက်ရှင်သန်ခွင့်ရဖို့အခွင့်အရေးပိုသာနေတယ်လို့ဆိုရမှာပါ။

ဒါပေမဲ့ ဒါဘီအသင်းကလည်း ကစားသမားဘဝတုန်းက

အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ကစားခဲ့တဲ့ ရွန်နီနည်းပြနေတဲ့အသင်းဖြစ်လို့

လာမယ့်ပွဲတွေမှာ ဘယ်လိုရုန်းထနိုင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ် . . . .

zawgyi

လက္က်န္(၇)ပြဲကို ဗိုလ္လုပြဲေတြလိုသေဘာထားကစားရမယ့္ ႐ြန္နီရဲ႕ဒါဘီအသင္း

မန္ခ်က္စတာယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉး႐ြန္နီနည္းျပအျဖစ္ေဆာင္႐ြက္ေနတဲ့

ဒါဘီအသင္းဟာ ဒီတစ္ပတ္ကစားတဲ့ ကြန္ဗင္ထရီနဲ႔ပြဲမွာ(၁-၁)ဂိုးစီသေရက်ခဲ့ၿပီး

လိဂ္ခ်န္ပီယံရွစ္မွာ ဆက္လက္ရပ္တည္ႏိုင္ဖို႔ လက္က်န္(၇)ပြဲကို

ဗိုလ္လုပြဲေတြလိုသေဘာထားကစားရေတာ့မွာျဖစ္ပါတယ္။

အသင္းရဲ႕အရႈပ္အေထြးေတြေၾကာင့္ (၂၁)မွတ္ေလွ်ာ့ခံထားရတဲ့ ဒါဘီအသင္းဟာ

အခုေလာေလာဆယ္ (၃၉)ပြဲကစား၊ (၂၅)မွတ္မွတ္နဲ႔ တန္းဆင္းဇုန္ျဖစ္တဲ့

အဆင့္(၂၃)ေနရာမွာရပ္တည္ေနၿပီး တန္းဆင္းဇုန္ျပင္ပက

ရက္ဒင္း(အဆင့္၂၁)နဲ႔ ဘလက္ဘန္းနဲ႔ပြဲမကစားခင္မွာ(၅)မွတ္ကြာေနပါတယ္။

ႏွစ္သင္းစလုံးရဲ႕လက္က်န္ပြဲေတြမွာလည္း ထိပ္ပိုင္းကအသင္းေတြနဲ႔

ရင္ဆိုင္ရမယ့္ပြဲေတြပါဝင္ေနတာေၾကာင့္

တန္းမဆင္းရေအာင္ အသည္းအသန္ကစားရမွာပါ။

ဒါဘီအသင္းဟာ လာမယ့္(၇)ပြဲမွာ အမွတ္ေပးဇယားထိပ္ဆုံးရပ္တည္ေနၿပီး

ပရီးမီးယားလိဂ္ကိုတစ္ေက်ာ့ျပန္လာဖို႔အေျခအေနေကာင္းေနတဲ့

ဖူလ္ဟမ္(အိမ္)၊ Play-off ေမွ်ာ္လင့္ခ်က္ရွိတဲ့ QPR(အေဝး)တို႔နဲ႔

ကစားရမွာျဖစ္သလို အမွတ္ေပးဇယားအလယ္အလတ္အဆင့္က

အသင္းေတြနဲ႔ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ ရက္ဒင္းအသင္းကေတာ့

ဒါဘီအသင္းထက္ တစ္ပြဲေလ်ာ့ေနၿပီး လက္က်န္ပြဲေတြမွာ အဆင့္(၂)ေနရာမွန္းေနတဲ့

ရွက္ဖီးယူႏိုက္တက္၊ Play-off ကစားခြင့္ရဖို႔႐ုန္းကန္ေနတဲ့

လူတန္အသင္းတို႔နဲ႔ဆုံေတြ႕ရဖို႔ရွိေနသလို မထင္မွတ္ဘဲ

ေျခေခ်ာ္ႏိုင္တဲ့ပြဲေတြလည္းပါဝင္ေနပါတယ္။

ႏွစ္သင္းစလုံးရဲ႕လက္က်န္ပြဲအေနအထားက မွ်တယ္လို႔သတ္မွတ္ရမွာျဖစ္ၿပီး

အမွတ္အသာရေနတဲ့ ရက္ဒင္းအတြက္ လိဂ္ခ်န္ပီယံရွစ္မွာ

ဆက္ရွင္သန္ခြင့္ရဖို႔အခြင့္အေရးပိုသာေနတယ္လို႔ဆိုရမွာပါ။

ဒါေပမဲ့ ဒါဘီအသင္းကလည္း ကစားသမားဘဝတုန္းက

အႏိုင္မခံအရႈံးမေပးစိတ္ဓာတ္နဲ႔ကစားခဲ့တဲ့ ႐ြန္နီနည္းျပေနတဲ့အသင္းျဖစ္လို႔

လာမယ့္ပြဲေတြမွာ ဘယ္လို႐ုန္းထႏိုင္မလဲဆိုတာေစာင့္ၾကည့္ရမွာျဖစ္ပါတယ္ . . . .