လက်စတာတိုက်စစ်မှုး အီနာချိုဟာ ဒဏ်ရာကြောင့် မန်ယူအသင်းနဲ့ပွဲကို လွဲချော်မယ်

မန်ယူအသင်းဟာ လာမယ့် စနေနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဥ် (၈) အဖြစ်

လက်စတာအသင်းနဲ့ ကစားရဖို့ရှိနေပါတယ်။

ဒီပွဲကို လက်စတာအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရမှာပါ။

ပွဲမတိုင်မီ ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ လက်စတာအသင်းရဲ့

တိုက်စစ်မှုး အီနာချို ဟာ ဒဏ်ရာကြောင့် မန်ယူအသင်းနဲ့ပွဲကို လွဲချော်မယ်လို့သိရပါတယ်။

အဆိုပါ နိုက်ဂျီးရီးယား တိုက်စစ်မှုးဟာ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ

ကစားရင်း ဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် မန်ယူအသင်းဘက်မှာလည်း နောက်ခံလူ ဗာရန်းဟာ ဒီနေ့မနက်

အစောပိုင်းက ကစားခဲ့တဲ့ Nations League ဗိုလ်လုပွဲမှာ ဒဏ်ရာရသွားခဲ့တာကြောင့်

လက်စတာအသင်းနဲ့ ပွဲကို ပါနိုင် ၊ မပါနိုင်ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်နေပါတယ်။

ဒါ့ပေမယ့် မန်ယူအသင်းဘက်မှာ ဒဏ်ရာရ ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ် နဲ့

အာမက်တို့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေကို အပြည့်အဝ ပြန်လည်

ပူးပေါင်းနေနိုင်ပြီဖြစ်တာကတော့ မန်ယူအသင်းအတွင် အပေါင်းလက္ခဏာဆောင်တဲ့

အခြေအနေတစ်ရပ်ဖြစ်ပါတယ်။

Zawgyi

လက္စတာတိုက္စစ္မႈး အီနာခ်ိဳဟာ ဒဏ္ရာေၾကာင့္ မန္ယူအသင္းနဲ႔ပြဲကို လြဲေခ်ာ္မယ္

မန္ယူအသင္းဟာ လာမယ့္ စေနေန႔ညမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၈) အျဖစ္

လက္စတာအသင္းနဲ႔ ကစားရဖို႔ရွိေနပါတယ္။

ဒီပြဲကို လက္စတာအသင္းရဲ႕အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာပါ။

ပြဲမတိုင္မီ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ လက္စတာအသင္းရဲ႕

တိုက္စစ္မႈး အီနာခ်ိဳ ဟာ ဒဏ္ရာေၾကာင့္ မန္ယူအသင္းနဲ႔ပြဲကို လြဲေခ်ာ္မယ္လို႔သိရပါတယ္။

အဆိုပါ ႏိုက္ဂ်ီးရီးယား တိုက္စစ္မႈးဟာ ႏိုင္ငံအသင္းနဲ႔အတူ ကမာၻ႔ဖလားေျခစစ္ပြဲ

ကစားရင္း ဒဏ္ရာရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ မန္ယူအသင္းဘက္မွာလည္း ေနာက္ခံလူ ဗာရန္းဟာ ဒီေန႔မနက္

အေစာပိုင္းက ကစားခဲ့တဲ့ Nations League ဗိုလ္လုပြဲမွာ ဒဏ္ရာရသြားခဲ့တာေၾကာင့္

လက္စတာအသင္းနဲ႔ ပြဲကို ပါႏိုင္ ၊ မပါႏိုင္ဆိုတာ ေစာင့္ၾကည့္ရမယ့္ အေနအထားျဖစ္ေနပါတယ္။

ဒါ့ေပမယ့္ မန္ယူအသင္းဘက္မွာ ဒဏ္ရာရ ကစားသမားေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ နဲ႔

အာမက္တို႔ အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကို အျပည့္အဝ ျပန္လည္

ပူးေပါင္းေနႏိုင္ၿပီျဖစ္တာကေတာ့ မန္ယူအသင္းအတြင္ အေပါင္းလကၡဏာေဆာင္တဲ့

အေျခအေနတစ္ရပ္ျဖစ္ပါတယ္။