လက်စတာနဲ့ပွဲက သရေတစ်မှတ်ကြောင့် အဝတ်လဲခန်းထဲ ယူနိုက်တက် ကစားသမားတွေ စိတ်ပျက်နေခဲ့တယ်လို့ ဖာနန်ဒက်စ် ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကွင်းလယ်လူ ဖာနန်ဒက်စ်က သူနဲ့အသင်းဖော်တွေဟာ လက်စတာအသင်းကို ဆက်တိုက်ဦးဆောင်နိုင်ခဲ့ပြီးမှ သရေကျခဲ့တာကြောင့် စိတ်ပျက်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ လက်စတာအသင်းနဲ့ပွဲမှာ အနိုင်ရရှိဖို့နီးစပ်ခဲ့ပြီး ထိပ်ဆုံးနေရာက လီဗာပူးကို လိုက်မီနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လူစားဝင်လာတဲ့ တွမ်ဇီဘီက လက်စတာအသင်းအတွက် Own goal သွင်းယူပေးခဲ့တာကြောင့် အနိုင် ၃ မှတ်နဲ့ဝေးကွာခဲ့ပြီး ဖာနန်ဒက်စ်က သရေတစ်မှတ်အတွက် စိတ်ပျက်ရတယ်လို့ ဆိုခဲ့ပါတယ်။

“အဝတ်လဲခန်းထဲကို ဝင်သွားချိန်မှာ အားလုံးက စိတ်ပျက်နေကြပါတယ်။ ကျွန်တော်တို့အနိုင်ရရှိမယ့်အခွင့်အရေးတွေရခဲ့တာပါ။ သရေတစ်မှတ်အတွက် စိတ်ပျက်မိပါတယ်။ ၃ မှတ်ရကိုရခဲ့သင့်တာပါ။ ပွဲတိုင်းကို ကျွန်တော်တို့အနိုင်ရရှိချင်တာပါ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။


ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ရက်ရှ်ဖို့ဒ်က ဖာနန်ဒက်စ်ရဲ့ဖန်တီးပေးမှုကနေ သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ချေပဂိုးကို လက်စတာတောင်ပံကစားသမား ဟာဗေးဘန်းစ်က ပထမပိုင်းမပြီးခင်မှာ သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ဒုတိယပိုင်းမှာ လူစားဝင်ကစားသမား ကာဗာနီက ဖာနန်ဒက်စ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဗာဒီရဲ့ကန်ချက် တွမ်ဇီဘီနဲ့ထိခဲ့တာကြောင့် OG ဂိုးဖြစ်သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က ပြိုင်ဘက်လက်စတာက အသင်းကောင်းဖြစ်ပေမယ့် တိုက်စစ်ပိုင်းမှာ အဆုံးသတ်မသေချာတာက စကားပြောသွားခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့က အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေရခဲ့တာပါ။ စိတ်ပျက်မိတာတော့မှန်ပေမယ့် လာမယ့်ပွဲအတွက် အာရုံစိုက်ရဦးမှာပါ။ လာမယ့်ပွဲမှာ အနိုင် ၃ မှတ်ရယူဖို့ ပြင်ဆင်သွားမှာပါ”လို့ ဖာနန်ဒက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်သားဟာ စပို့တင်းကနေ ယူနိုက်တက်ကိုရောက်လာပြီးနောက် အသင်းအတွက် ၄၄ ပွဲမှာ ၂၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လက္စတာနဲ႔ပြဲက သေရတစ္မွတ္ေၾကာင့္ အ၀တ္လဲခန္းထဲ ယူႏိုက္တက္က ကစားသမားေတြ စိတ္ပ်က္ခဲ့ရတယ္လို႔ ဖာနန္ဒက္စ္ ဖြင့္ဟ

ယူႏိုက္တက္အသင္းကြင္းလယ္လူ ဖာနန္ဒက္စ္က သူနဲ႔အသင္းေဖာ္ေတြဟာ လက္စတာအသင္းကို ဆက္တိုက္ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ သေရက်ခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဆိုးလ္ရွားရဲ႕အသင္းဟာ လက္စတာအသင္းနဲ႔ပြဲမွာ အႏိုင္ရရွိဖို႔နီးစပ္ခဲ့ၿပီး ထိပ္ဆုံးေနရာက လီဗာပူးကို လိုက္မီႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ သေရတစ္မွတ္နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။
လူစားဝင္လာတဲ့ တြမ္ဇီဘီက လက္စတာအသင္းအတြက္ Own goal သြင္းယူေပးခဲ့တာေၾကာင့္ အႏိုင္ ၃ မွတ္နဲ႔ေဝးကြာခဲ့ၿပီး ဖာနန္ဒက္စ္က သေရတစ္မွတ္အတြက္ စိတ္ပ်က္ရတယ္လို႔ ဆိုခဲ့ပါတယ္။

“အဝတ္လဲခန္းထဲကို ဝင္သြားခ်ိန္မွာ အားလုံးက စိတ္ပ်က္ေနၾကပါတယ္။ ကြၽန္ေတာ္တို႔အႏိုင္ရရွိမယ့္အခြင့္အေရးေတြရခဲ့တာပါ။ သေရတစ္မွတ္အတြက္ စိတ္ပ်က္မိပါတယ္။ ၃ မွတ္ရကိုရခဲ့သင့္တာပါ။ ပြဲတိုင္းကို ကြၽန္ေတာ္တို႔အႏိုင္ရရွိခ်င္တာပါ”လို႔ ဖာနန္ဒက္စ္က ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို ရက္ရွ္ဖို႔ဒ္က ဖာနန္ဒက္စ္ရဲ႕ဖန္တီးေပးမႈကေန သြင္းယူေပးခဲ့ပါတယ္။ အဲ့ေနာက္ ေခ်ပဂိုးကို လက္စတာေတာင္ပံကစားသမား ဟာေဗးဘန္းစ္က ပထမပိုင္းမၿပီးခင္မွာ သြင္းယူေပးခဲ့ပါတယ္။

အဲ့ေနာက္ ဒုတိယပိုင္းမွာ လူစားဝင္ကစားသမား ကာဗာနီက ဖာနန္ဒက္စ္ရဲ႕ဂိုးကို ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ ဗာဒီရဲ႕ကန္ခ်က္ တြမ္ဇီဘီနဲ႔ထိခဲ့တာေၾကာင့္ OG ဂိုးျဖစ္သြားခဲ့ပါတယ္။ ဖာနန္ဒက္စ္က ၿပိဳင္ဘက္လက္စတာက အသင္းေကာင္းျဖစ္ေပမယ့္ တိုက္စစ္ပိုင္းမွာ အဆုံးသတ္မေသခ်ာတာက စကားေျပာသြားခဲ့တယ္လို႔ ဆိုပါတယ္။

“သူတို႔က အသင္းေကာင္းတစ္သင္းပါ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ အခြင့္အေရးေကာင္းေတြရခဲ့တာပါ။ စိတ္ပ်က္မိတာေတာ့မွန္ေပမယ့္ လာမယ့္ပြဲအတြက္ အာ႐ုံစိုက္ရဦးမွာပါ။ လာမယ့္ပြဲမွာ အႏိုင္ ၃ မွတ္ရယူဖို႔ ျပင္ဆင္သြားမွာပါ”လို႔ ဖာနန္ဒက္စ္က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။အသက္ ၂၆ ႏွစ္သားဟာ စပို႔တင္းကေန ယူႏိုက္တက္ကိုေရာက္လာၿပီးေနာက္ အသင္းအတြက္ ၄၄ ပြဲမွာ ၂၆ ဂိုးအထိ သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။