လက်စတာနဲ့ပွဲစဉ်က တစ်ဦးချင်း ခြေစွမ်းတွေသာမက အသင်းလိုက် ကစားပုံမှာပါ စိတ်ပျက်စရာကောင်းတဲ့ အရာတွေ . . .

ကင်းပါဝါ မှာ အိမ်ရှင် လက်စတာ ကို ယူနိုက်တက် တို့ ၄-၂ နဲ့ ရှုံးနိမ့် ခဲ့ပြီး

တစ်ဦးချင်း ခြေစွမ်းတွေသာမက အသင်းလိုက် ကစားပုံမှာပါ စိတ်ပျက်စရာ ကောင်းတဲ့

အရာတွေကို မြင်တွေ့ ခဲ့ရ ပါတယ် ။၂၉ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိတဲ့လမ်းကြောင်းဟာ

လက်စတာစီးတီးတို့ရဲ့ကင်းပါဝင်မှာ အဆုံးသတ်ခဲ့ပြီးနောက် မန်နေဂျာ ဆိုးလ်ရှားပေါ်မှာ

ရှိနေတဲ့ဖိအားတွေက ပိုလို့သာတိုးလာခဲ့ပါတော့တယ်။ ဒီပွဲမှာမေဆင် ဂရင်းဝုဒ် နဲ့

ရက်ရှ်ဖိုဒ့် တို့ ဂိုးသွင်း နိုင်ခဲ့ကြပြီး ဒါဟာ ယူနိုက်တက် အတွက် အဆိုးထဲက

အကောင်းလို့ မှတ်ယူရမှာပါ ။အသက် ၂၀အရွယ်တိုက်စစ်မှူးဂရင်းဝုဒ်ရဲ့ဂိုးဟာ

ဒီရာသီလိဂ်၇ပွဲအတွင်း သူ့ရဲ့ပထမဆုံးဂိုးဖြစ်ပါတယ်။

ရာသီကြိုမှာ ပုခုံးခွဲစိတ်ခဲ့ရပြီးနောက် ဒါဟာ မားကပ်ရက်ရှ်ဖို့ဒ်အတွက်

ဒီရာသီပထမဆုံးပွဲဖြစ်ပြီး ၆၅မိနစ်မှာ လူစားလဲဝင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုနဲ့လူစားလဲဝင်ခဲ့တာဖြစ်ပြီး၊ဘယ်ခြမ်းမှာလှုပ်တဲ့ရက်ရှ်ဖို့ဒ်ဟာ

လက်စတာတို့ကို ပြဿနာတွေပေးနိုင်ခဲ့ပြီး ခရစ်စတီယာနိုဂိုးရအောင်လည်း

သေချာဖန်တီးပေးခဲ့ပါသေးတယ်။ဒါပေမဲ့ ရော်နယ်ဒိုလွဲချော်ခဲ့တာပါ။

ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က သူ့ဘာသူပဲရအောင်ဂိုးသွင်းပြီး ယူနိုက်တက်တို့ကို

လမ်းကြောင်းပေါ်ပြန်တင်ပေးပေမဲ့ တစ်မိနစ်အတွင်း ဗာဒီကပြန်ဖျက်ဆီးသွားခဲ့ပါတယ်။

ဒဏ်ရာကနေပြန်လာရတဲ့မက်ဂွိုင်းယားဟာ အသင်းဟောင်းနဲ့ရင်ဆိုင်ပြီး

ခြေကောင်းကို မပြသနိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်တာ ဒီတစ်ကြိမ်တည်းမကတော့ပါဘူး။

မနေ့ညကပွဲမှာတော့ ဖရက်ဒ် တစ်ယောက် မပါနိုင်ခဲ့ ပါဘူး ။အကျိုးဆက် ကတော့ ဗာဒီ ၊

တိုင်လီမန်းစ် ၊ မက်ဒီဆင် ၊ အီဟီရာနာချို တို့ကို နောက်ကလိုက်ပြီး ဖိအားပေး နိုင်မယ့်

ကစားသမား မရှိဘဲ ဖြစ်ခဲ့ရတော့တာပါပဲ ။မာတစ် ဟာ ကွင်းလယ်မှာ ကစားပုံ

မညံ့ခဲ့ ပါဘူး ။ဒါပေမယ့် လိုက်လံဖိအားပေးတဲ့ အပိုင်းကိုတော့ ကောင်းကောင်း

မလုပ်နိုင်ခဲ့တာကို ငြင်းလို့ မရပါဘူး ။ဖရက်ဒ်ကလည်း မစွံပါဘူး ဆိုသူတွေအတွက်

ကွင်းလယ်ခံစစ်သမားကောင်း တစ်ယောက်ဝယ်ဖို့ လိုပါမယ်။

လက်စတာ စီးတီး ဟာ နှစ်ပေါင်း ၁၀၀ ကျော် အတွင်း ယူနိုက်တက် ကို

၃ ခါဆက်တိုက် မနိုင်ဖူးခဲ့ ပါဘူး ။ သူတို့ ဒီလို နောက်ဆုံး လုပ်ခဲ့တာက

၁၉၀၁ ခုနှစ်တုန်းကပါ ။မနေ့ညကပွဲ အပြီးမှာတော့ လက်စတာ တို့ နှစ် ၁၀၀ ကျော်က

မှတ်တမ်းကောင်းကို ပြန်လည် တူးဆွ နိုင်ခဲ့ ပါပြီ ။ ဒါဟာ ဘရန်ဒန် ရော်ဂျာ နဲ့

မြေခွေးပြာတို့ရဲ့ စွမ်းဆောင်မှုကြောင့်ပါပဲ ။ဆိုးလ်ရှားကတော့ ရာထူးကနေ

မပြုတ်သရွှေ့ အမှတ်ရှိမယ် မထင်ပါဘူး။

zawgyi

လက္စတာနဲ႔ပြဲစဥ္က တစ္ဦးခ်င္း ေျခစြမ္းေတြသာမက အသင္းလိုက္ ကစားပုံမွာပါ စိတ္ပ်က္စရာေကာင္းတဲ့ အရာေတြ . . .

ကင္းပါဝါ မွာ အိမ္ရွင္ လက္စတာ ကို ယူႏိုက္တက္ တို႔ ၄-၂ နဲ႔ ရႈံးနိမ့္ ခဲ့ၿပီး

တစ္ဦးခ်င္း ေျခစြမ္းေတြသာမက အသင္းလိုက္ ကစားပုံမွာပါ စိတ္ပ်က္စရာ ေကာင္းတဲ့

အရာေတြကို ျမင္ေတြ႕ ခဲ့ရ ပါတယ္ ။၂၉ပြဲဆက္ အေဝးကြင္းရႈံးပြဲမရွိတဲ့လမ္းေၾကာင္းဟာ

လက္စတာစီးတီးတို႔ရဲ႕ကင္းပါဝင္မွာ အဆုံးသတ္ခဲ့ၿပီးေနာက္ မန္ေနဂ်ာ ဆိုးလ္ရွားေပၚမွာ

ရွိေနတဲ့ဖိအားေတြက ပိုလို႔သာတိုးလာခဲ့ပါေတာ့တယ္။ ဒီပြဲမွာေမဆင္ ဂရင္းဝုဒ္ နဲ႔

ရက္ရွ္ဖိုဒ့္ တို႔ ဂိုးသြင္း ႏိုင္ခဲ့ၾကၿပီး ဒါဟာ ယူႏိုက္တက္ အတြက္ အဆိုးထဲက

အေကာင္းလို႔ မွတ္ယူရမွာပါ ။အသက္ ၂၀အ႐ြယ္တိုက္စစ္မႉးဂရင္းဝုဒ္ရဲ႕ဂိုးဟာ

ဒီရာသီလိဂ္၇ပြဲအတြင္း သူ႔ရဲ႕ပထမဆုံးဂိုးျဖစ္ပါတယ္။

ရာသီႀကိဳမွာ ပုခုံးခြဲစိတ္ခဲ့ရၿပီးေနာက္ ဒါဟာ မားကပ္ရက္ရွ္ဖို႔ဒ္အတြက္

ဒီရာသီပထမဆုံးပြဲျဖစ္ၿပီး ၆၅မိနစ္မွာ လူစားလဲဝင္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳနဲ႔လူစားလဲဝင္ခဲ့တာျဖစ္ၿပီး၊ဘယ္ျခမ္းမွာလႈပ္တဲ့ရက္ရွ္ဖို႔ဒ္ဟာ

လက္စတာတို႔ကို ျပႆနာေတြေပးႏိုင္ခဲ့ၿပီး ခရစ္စတီယာႏိုဂိုးရေအာင္လည္း

ေသခ်ာဖန္တီးေပးခဲ့ပါေသးတယ္။ဒါေပမဲ့ ေရာ္နယ္ဒိုလြဲေခ်ာ္ခဲ့တာပါ။

ဒါေပမဲ့ ရက္ရွ္ဖို႔ဒ္က သူ႔ဘာသူပဲရေအာင္ဂိုးသြင္းၿပီး ယူႏိုက္တက္တို႔ကို

လမ္းေၾကာင္းေပၚျပန္တင္ေပးေပမဲ့ တစ္မိနစ္အတြင္း ဗာဒီကျပန္ဖ်က္ဆီးသြားခဲ့ပါတယ္။

ဒဏ္ရာကေနျပန္လာရတဲ့မက္ဂြိဳင္းယားဟာ အသင္းေဟာင္းနဲ႔ရင္ဆိုင္ၿပီး

ေျခေကာင္းကို မျပသႏိုင္ခဲ့ပါဘူး။ ဒီလိုျဖစ္တာ ဒီတစ္ႀကိမ္တည္းမကေတာ့ပါဘူး။

မေန႔ညကပြဲမွာေတာ့ ဖရက္ဒ္ တစ္ေယာက္ မပါႏိုင္ခဲ့ ပါဘူး ။အက်ိဳးဆက္ ကေတာ့ ဗာဒီ ၊

တိုင္လီမန္းစ္ ၊ မက္ဒီဆင္ ၊ အီဟီရာနာခ်ိဳ တို႔ကို ေနာက္ကလိုက္ၿပီး ဖိအားေပး ႏိုင္မယ့္

ကစားသမား မရွိဘဲ ျဖစ္ခဲ့ရေတာ့တာပါပဲ ။မာတစ္ ဟာ ကြင္းလယ္မွာ ကစားပုံ

မညံ့ခဲ့ ပါဘူး ။ဒါေပမယ့္ လိုက္လံဖိအားေပးတဲ့ အပိုင္းကိုေတာ့ ေကာင္းေကာင္း

မလုပ္ႏိုင္ခဲ့တာကို ျငင္းလို႔ မရပါဘူး ။ဖရက္ဒ္ကလည္း မစြံပါဘူး ဆိုသူေတြအတြက္

ကြင္းလယ္ခံစစ္သမားေကာင္း တစ္ေယာက္ဝယ္ဖို႔ လိုပါမယ္။

လက္စတာ စီးတီး ဟာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ အတြင္း ယူႏိုက္တက္ ကို

၃ ခါဆက္တိုက္ မႏိုင္ဖူးခဲ့ ပါဘူး ။ သူတို႔ ဒီလို ေနာက္ဆုံး လုပ္ခဲ့တာက

၁၉၀၁ ခုႏွစ္တုန္းကပါ ။မေန႔ညကပြဲ အၿပီးမွာေတာ့ လက္စတာ တို႔ ႏွစ္ ၁၀၀ ေက်ာ္က

မွတ္တမ္းေကာင္းကို ျပန္လည္ တူးဆြ ႏိုင္ခဲ့ ပါၿပီ ။ ဒါဟာ ဘရန္ဒန္ ေရာ္ဂ်ာ နဲ႔

ေျမေခြးျပာတို႔ရဲ႕ စြမ္းေဆာင္မႈေၾကာင့္ပါပဲ ။ဆိုးလ္ရွားကေတာ့ ရာထူးကေန

မျပဳတ္သေ႐ႊ႕ အမွတ္ရွိမယ္ မထင္ပါဘူး။