လက်စတာမှာ ကစားခဲ့တဲ့ အတွေ့အကြုံကို အသုံးချပြီး ဗာဒီကို ထိန်းချုပ်သွားမယ်လို့မက်ဂွိုင်းယားဆို…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ လက်ရှိ ယူနိုက်တက်ရဲ့ ပုံစံကောင်းကို ဘောက်ဆင်ဒေးပွဲစဉ်မှာ ဆက်လက်ထိန်းထားဖို့ အရေးကြီးကြောင်း သိရှိထားပြီး လက်စတာစီးအသင်းမှာ ကစားခဲ့တဲ့ အတွေ့အကြုံတွေကို အဆိုပါပွဲစဉ်မှာ အကောင်းဆုံး အသုံးချသွားမယ်လို့ သိရပါတယ်။

မက်ဂွဲယားယာ ( ၂၀၁၉ ) ခုနှစ်အတွင်း လက်စတာကနေ ယူနိုက်တက်ကို ပြောင်းရွေ့လာပြီး အသင်းနောက်တန်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြ ကစားနေသူလည်းဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ယူနိုက်တက်ကို နိုင်ပွဲတွေ ဆက်တိုက်ရရှိအောင် ဦးဆောင် ကစားထားတာ တွေ့ရပါတယ်။

လာမယ့် ယခုပွဲစဉ်မှာ မက်ဂွဲယားအနေနဲ့ သူ့ရဲ့ အသင်းဟောင်းကို King Power မှာ သွားရောက်ကစားရဖို့ ရှိနေပြီး ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီက သွင်းဂိုး(၂၃)ဂိုးနဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို ရရှိထားသလို ယခုရာသီမှာလည်း ( ၁၁ ) ဂိုး ထိသွင်းယူထားတဲ့ အသင်းဖော်ဟောင်း ဂျေမီဗာဒီနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေတယ်။

” ဗာဒီက ကစားသမားကောင်းပါ ။ ပြီးခဲ့တဲ့ရာသီက ရွှေဖိနပ်ဆု ရထားသလို သူ့အတွက် ဂုဏ်ယူမိပါတယ်။ သူကအဆုံးသတ် ကောင်းမွန်တဲ့တိုက်စစ်မှူး တစ်ယောက်ဖြစ်ပြီး ပရီမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

သူနဲ့ လေကျင့်ရေးကွင်းမှာ အကြိမ်များစွာ တွေ့ဆုံဖူးသလို ယူနိုက်တက်ကစားသမားတစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာလည်း ( ၂ ) ကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။

မနှစ်ကတွေ့ဆုံခဲ့ချိန်ကနှစ်ပွဲစလုံးကို အနိုင်ရခဲ့ပေမယ့် ဒီနှစ်မှာ တိုးတက်လာတဲ့ လက်စတာအသင်းရဲ့ ခြေစွမ်းကြောင့် ဒီပွဲဟာလည်း ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယူနိုက်တက် ခံစစ်ကစားသမားတွေ အနေနဲ့ ဒီပွဲမှာလည်းအကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

” ပြီးခဲ့တဲရာသီက ဒီလိုခရစ္စမတ်ကာလမှာ ကျွန်တော်တို့အနေနဲ့ လိုအပ်နေတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီနှစ် ဘောက်ဆင်ဒေးပွဲစဉ်မှာလည်း မနှစ်ကလို ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့လိုအပ်ပါတယ်။ ပွဲစဉ်တိုင်းကိုလည်း အနိုင်ရရှိအောင်ပဲ ကစားသွားမှာဖြစ်ပြီး ရာသီအစပွဲစဉ်တွေလို အမှတ်တွေ ဆုံးရှုံးလို့ မဖြစ်တော့ပါဘူး။

အကောင်းဆုံးအနေအထားနဲ့ ပွဲကို အနိုင်ရရှိအောင် ကစားသွားမှာပါ။ ဒါပေမယ့် လက်စတာကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် ခက်ခဲမှာ သေချာပါတယ်။”

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္စတာမွာ ကစားခဲ့တဲ့ အေတြ႕အႀကဳံကို အသုံးခ်ၿပီး ဗာဒီကို ထိန္းခ်ဳပ္သြားမယ္လို႕မက္ဂြိဳင္းယားဆို…

ဟယ္ရီ မက္ဂြိဳင္းယား အေနနဲ႔ လက္ရွိ ယူႏိုက္တက္ရဲ႕ ပုံစံေကာင္းကို ေဘာက္ဆင္ေဒးပြဲစဥ္မွာ ဆက္လက္ထိန္းထားဖို႔ အေရးႀကီးေၾကာင္း သိရွိထားၿပီး လက္စတာစီးအသင္းမွာ ကစားခဲ့တဲ့ အေတြ႕အႀကဳံေတြကို အဆိုပါပြဲစဥ္မွာ အေကာင္းဆုံး အသုံးခ်သြားမယ္လို႔ သိရပါတယ္။ မက္ဂြဲယားယာ ( ၂၀၁၉ ) ခုႏွစ္အတြင္း လက္စတာကေန ယူႏိုက္တက္ကို ေျပာင္းေ႐ြ႕လာၿပီး အသင္းေနာက္တန္းရဲ႕ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပ ကစားေနသူလည္းျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ယူႏိုက္တက္ကို ႏိုင္ပြဲေတြ ဆက္တိုက္ရရွိေအာင္ ဦးေဆာင္ ကစားထားတာ ေတြ႕ရပါတယ္။

လာမယ့္ ယခုပြဲစဥ္မွာ မက္ဂြဲယားအေနနဲ႔ သူ႔ရဲ႕ အသင္းေဟာင္းကို King Power မွာ သြားေရာက္ကစားရဖို႔ ရွိေနၿပီး ၿပီးခဲ့တဲ့ ႏွစ္ေဘာလံုးရာသီက သြင္းဂိုး(၂၃)ဂိုးနဲ႕ ဂိုးသြင္းအမ်ားဆုံးေရႊဖိနပ္ဆုကို ရရွိထားသလို ယခုရာသီမွာလည္း ( ၁၁ ) ဂိုး ထိသြင္းယူထားတဲ့ အသင္းေဖာ္ေဟာင္း ေဂ်မီဗာဒီနဲ႔ ထိပ္တိုက္ရင္ဆိုင္ရဖို႔ ရွိေနတယ္။ ” ဗာဒီက ကစားသမားေကာင္းပါ ။ ၿပီးခဲ့တဲ့ရာသီက ေ႐ႊဖိနပ္ဆု ရထားသလို သူ႔အတြက္ ဂုဏ္ယူမိပါတယ္။ သူကအဆံုးသတ္ ေကာင္းမြန္တဲ့တိုက္စစ္မွဴး တစ္ေယာက္ျဖစ္ၿပီး ပရီမီးယားလိဂ္ရဲ႕ ထိပ္တန္းကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။ သူနဲ႔ ေလက်င့္ေရးကြင္းမွာ အႀကိမ္မ်ားစြာ ေတြ႕ဆုံဖူးသလို ယူႏိုက္တက္ကစားသမားတစ္ေယာက္အေနနဲ႕ ၿပီးခဲ့တဲ့ရာသီမွာလည္း ( ၂ ) ႀကိမ္ ေတြ႕ဆုံခဲ့ဖူးပါတယ္။ မႏွစ္ကေတြ႕ဆံုခဲ့ခ်ိန္ကႏွစ္ပြဲစလံုးကို အႏိုင္ရခဲ့ေပမယ့္ ဒီႏွစ္မွာ တိုးတက္လာတဲ့ လက္စတာအသင္းရဲ႕ ေျခစြမ္းေၾကာင့္ ဒီပြဲဟာလည္း ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႕ ယူႏိုက္တက္ ခံစစ္ကစားသမားေတြ အေနနဲ႔ ဒီပြဲမွာလည္းအေကာင္းဆုံး စြမ္းေဆာင္ရည္ျပသႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။”

” ၿပီးခဲ့တဲရာသီက ဒီလိုခရစၥမတ္ကာလမွာ ကြၽန္ေတာ္တို႔အေနနဲ႔ လိုအပ္ေနတဲ့ ရလဒ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ဒီႏွစ္ ေဘာက္ဆင္ေဒးပြဲစဥ္မွာလည္း မႏွစ္ကလို ရလဒ္ေကာင္းေတြ ပိုင္ဆိုင္ႏိုင္ဖို႔လိုအပ္ပါတယ္။ ပြဲစဥ္တိုင္းကိုလည္း အႏိုင္ရရွိေအာင္ပဲ ကစားသြားမွာျဖစ္ၿပီး ရာသီအစပြဲစဥ္ေတြလို အမွတ္ေတြ ဆုံးရႈံးလို႔ မျဖစ္ေတာ့ပါဘူး။ အေကာင္းဆုံးအေနအထားနဲ႔ ပြဲကို အႏိုင္ရရွိေအာင္ ကစားသြားမွာပါ။ ဒါေပမယ့္ လက္စတာကလည္း အသင္းေကာင္းတစ္သင္းျဖစ္တဲ့အတြက္ ခက္ခဲမွာ ေသခ်ာပါတယ္။”