လက်စတာအသင်းနဲ့ ပွဲစဉ်ကို ကာဗာနီ နဲ့ ဖရက်ဒ်တို့ နှစ်ဦးလုံး ပွဲမတိုင်မီ အသင်းထံ ပြန်လည်ပူးပေါင်းနိုင်တော့မယ့်အခြေအနေဖြစ်

ဒီနေ့မှာ ကစားခဲ့တဲ့ ဘရာဇီးအသင်းနဲ့ ဥရုဂွေးအသင်းတို့ရဲ့ ကမ္ဘာ့ဖလား

ခြေစစ်ပွဲစဉ်မှာတော့ ဘရာဇီးအသင်းက (၄−၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူအသင်းရဲ့ ဝါရင့် တိုက်စစ်မှုး ကာဗာနီက ဥရုဂွေးအသင်းအတွက်

ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့သလို ကွင်းလယ်လူ ဖရက်ဒ်ကလည်း ပွဲချိန်

(၈၈) မိနစ်အထိ ပါဝင်ကစားပေးခဲ့ပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မန်ယူအသင်းဟာ မနက်ဖြန်ညမှာ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်

အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ဖို့ရှိနေပြီး အဆိုပါ ပွဲစဉ်ကို ကာဗာနီ နဲ့ ဖရက်ဒ်တို့

နှစ်ဦးလုံး လွဲချော်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိ

အခြေအနေအရတော့ ပွဲမတိုင်မီ အသင်းထံ ပြန်လည်ပူးပေါင်းနိုင်တော့မယ့်

အခြေအနေဖြစ်လို့နေပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်း (၆) သင်း နဲ့

ပရီးမီးယားလိဂ် တာဝန်ရှိသူတွေ ညှိနှိုင်းပြီး အထူးအစီအစဉ်တစ်ရပ်အနေနဲ့

တောင်အမေရိက ဇုန်မှ ကစားသမားအချိူ့ကို ယခုအပတ် စနေ ၊ တနင်္ဂနွေ

ပွဲစဉ်တွေ အမီ ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် မန်ယူအသင်းရဲ့

ကစားသမား နှစ်ဦးဖြစ်တဲ ကာဗာနီ နဲ့ ဖရက်ဒ်တို့ဟာလည်း ပွဲမကစားခင်အမီ

အသင်းထံ ပြန်ရောက်လာနိုင်ချေရှိနေပါတယ်။

ဒါပေမယ့် ပွဲကစားချိန်နဲ့ အလွန်နီးကပ်နေပြီး အသင်းလိုက် ထရိန်နင်မှာ

ပူးပေါင်းဖို့ အချိန်နည်းပါးနေတာကြောင့် နည်းပြဆိုးလ်ရှားအနေနဲ့

အဆိုပါ ကစားသမားနှစ်ယောက်လုံးကို မနက်ဖြန်ကစားမယ့် ပွဲမှာ

အနားပေးသွားနိုင်ချေလည်းရှိပါတယ်။

zawgyi

လက္စတာအသင္းနဲ႔ ပြဲစဥ္ကို ကာဗာနီ နဲ႔ ဖရက္ဒ္တို႔ ႏွစ္ဦးလုံး ပြဲမတိုင္မီ အသင္းထံ ျပန္လည္ပူးေပါင္းႏိုင္ေတာ့မယ့္ အေျခအေနျဖစ္

ဒီေန႔မွာ ကစားခဲ့တဲ့ ဘရာဇီးအသင္းနဲ႔ ဥ႐ုေဂြးအသင္းတို႔ရဲ႕ ကမာၻ႔ဖလား

ေျခစစ္ပြဲစဥ္မွာေတာ့ ဘရာဇီးအသင္းက (၄−၁) ဂိုးနဲ႔ ဂိုးျပတ္အႏိုင္ရသြားခဲ့ပါတယ္။

ဒီပြဲမွာ မန္ယူအသင္းရဲ႕ ဝါရင့္ တိုက္စစ္မႈး ကာဗာနီက ဥ႐ုေဂြးအသင္းအတြက္

ပြဲခ်ိန္ျပည့္ ပါဝင္ကစားေပးခဲ့သလို ကြင္းလယ္လူ ဖရက္ဒ္ကလည္း ပြဲခ်ိန္

(၈၈) မိနစ္အထိ ပါဝင္ကစားေပးခဲ့ၿပီး တစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

မန္ယူအသင္းဟာ မနက္ျဖန္ညမွာ လက္စတာအသင္းနဲ႔ ပရီးမီးယားလိဂ္

အေဝးကြင္းပြဲစဥ္ကို ယွဥ္ၿပိဳင္ဖို႔ရွိေနၿပီး အဆိုပါ ပြဲစဥ္ကို ကာဗာနီ နဲ႔ ဖရက္ဒ္တို႔

ႏွစ္ဦးလုံး လြဲေခ်ာ္ႏိုင္ဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ လက္ရွိ

အေျခအေနအရေတာ့ ပြဲမတိုင္မီ အသင္းထံ ျပန္လည္ပူးေပါင္းႏိုင္ေတာ့မယ့္

အေျခအေနျဖစ္လို႔ေနပါတယ္။ ပရီးမီးယားလိဂ္ ကလပ္အသင္း (၆) သင္း နဲ႔

ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြ ညႇိႏႈိင္းၿပီး အထူးအစီအစဥ္တစ္ရပ္အေနနဲ႔

ေတာင္အေမရိက ဇုန္မွ ကစားသမားအခ်ိဴ႕ကို ယခုအပတ္ စေန ၊ တနဂၤေႏြ

ပြဲစဥ္ေတြ အမီ ျပန္လည္ေခၚယူဖို႔ ျပင္ဆင္ေနတာေၾကာင့္ မန္ယူအသင္းရဲ႕

ကစားသမား ႏွစ္ဦးျဖစ္တဲ ကာဗာနီ နဲ႔ ဖရက္ဒ္တို႔ဟာလည္း ပြဲမကစားခင္အမီ

အသင္းထံ ျပန္ေရာက္လာႏိုင္ေခ်ရွိေနပါတယ္။

ဒါေပမယ့္ ပြဲကစားခ်ိန္နဲ႔ အလြန္နီးကပ္ေနၿပီး အသင္းလိုက္ ထရိန္နင္မွာ

ပူးေပါင္းဖို႔ အခ်ိန္နည္းပါးေနတာေၾကာင့္ နည္းျပဆိုးလ္ရွားအေနနဲ႔

အဆိုပါ ကစားသမားႏွစ္ေယာက္လုံးကို မနက္ျဖန္ကစားမယ့္ ပြဲမွာ

အနားေပးသြားႏိုင္ေခ်လည္းရွိပါတယ္။