လက်စတာ−မန်ယူ ပွဲကြို သုံးသပ်ချက်

မန်ယူအသင်းဟာ ဒီနေ့ည (၈) နာရီခွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၈) အဖြစ်

လက်စတာအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့တော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့

အိမ်ကွင်း (၂) ပွဲဆက်တိုက် အနိုင်ရလဒ်ပျောက်ဆုံးနေမှုကို ဒီနေ့မှာ

အဝေးကွင်းနိုင်ပွဲနဲ့ အဆုံးသတ်ပြနိုင်ဖို့လိုနေပါတယ်။

မန်ယူအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် (၇) ပွဲ ကစားပြီးချိန်မှာတော့

(၄) ပွဲအထိ အနိုင်ရပြီး အဆင့် (၄) နေရာမှာရပ်တည်နေကာ ဇယားထိပ်ဆုံးက

ချယ်လ်ဆီး နဲ့ (၂) မှတ်သာ ကွာဟနေပါသေးတယ်။

လက်စတာအသင်းကတော့ ဒီရာသီမှာ ရလဒ်ပိုင်းတွေ ဆိုးရွားနေပြီး (၇) ပွဲ

ကစားပြီးချိန်မှာ (၂) ပွဲသာ အနိုင်ရပြီး အဆင့် (၁၃) နေရာကို ရောက်ရှိနေပါတယ်။

အိမ်ရှင် လက်စတာ အသင်းအတွက်ကလည်း ရလဒ်ပိုင်း ယိမ်းယိုင်နေတာတွေကို

ပြန်လည်တည့်မတ်ဖို့အတွက် ဒီနေ့ပွဲမှာ မန်ယူအသင်းကို မဖြစ်အနေ

ခြေကုန်ထုတ်ပြီး ကစားသွားမှာ သေချာပါတယ်။

လက်စတာအသင်းက ပုံမှန်ဆိုရင် ခံစစ်ကစားပုံ ကျစ်လစ်တဲ့ အသင်းဖြစ်ပေမယ့်

ဒီရာသီမှာ ခံစစ်က အမှားများနေတာကြောင့် ဂိုးတွေ ခွင့်ပြုနေရပြီး မန်ယူအသင်း

ဘက်မှာလည်း ဂိုးသွင်းတိကျတဲ့ ရော်နာလ်ဒို နဲ့ တစ်ကိုယ်တော် အစွမ်းနဲ့

ဂိုးတွေရယူတတ်တဲ့ ဂရင်းဝုဒ်ရှိနေတာကြောင့် မန်ယူအသင်းရဲ့ သွင်းဂိုးတွေကိုတော့

မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါပေမယ့် မန်ယူအသင်းမှာ အဓိက ခံစစ်ကစားသမားတွေဖြစ်တဲ့

ဗာရန်း နဲ့ မက်ဂွိုင်းယားတို့ မပါဝင်နိုင်တာက အကြီးမားဆုံး ပြဿနာဖြစ်နေပြီး

လက်စတာအသင်းရဲ့ တိုက်စစ်ကလည်း ကစားပြီးတဲ့ (၇) ပွဲလုံးမှာ ဂိုးတွေ

ရရှိထားတာကြောင့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

မန်ယူအသင်းကတော့ ကစားသမားအစုအဖွဲ့အရ အားသာချက်ရှိသလို

နောက်ထပ် အားသာချက်တစ်ခုကတော့ နည်းပြဆိုးလ်ရှား လက်ထက်

အဝေးကွင်း ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့်

ဒီညပွဲစဉ်မှာလည်း အဆိုပါ စံချိန်ကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းသွားနိုင်ဖွယ်ရှိပါတယ်။

သို့သော်ငြားလည်း နည်းပြဆိုးလ်ရှားရဲ့ ကစားကွက် အခင်းအကျင်းတွေကတော့

အားနည်းချက်ရှိနေဆဲဖြစ်တာကြောင့် ဒီနေ့ညပွဲမှာလည်း အပြန်အလှန်

သွင်းဂိုးတွေနဲ့အတူ သရေ တစ်မှတ်သာ ခွဲယူသွားဖွယ်ရှိနေပါတယ်။

zawgyi

လက္စတာ−မန္ယူ ပြဲႀကိဳ သုံးသပ္ခ်က္

မန္ယူအသင္းဟာ ဒီေန႔ည (၈) နာရီခြဲမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၈) အျဖစ္

လက္စတာအသင္းကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

မန္ယူအသင္းအေနနဲ႔ေတာ့ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံးကစားခဲ့တဲ့

အိမ္ကြင္း (၂) ပြဲဆက္တိုက္ အႏိုင္ရလဒ္ေပ်ာက္ဆုံးေနမႈကို ဒီေန႔မွာ

အေဝးကြင္းႏိုင္ပြဲနဲ႔ အဆုံးသတ္ျပႏိုင္ဖို႔လိုေနပါတယ္။

မန္ယူအသင္းဟာ လက္ရွိ ပရီးမီးယားလိဂ္ (၇) ပြဲ ကစားၿပီးခ်ိန္မွာေတာ့

(၄) ပြဲအထိ အႏိုင္ရၿပီး အဆင့္ (၄) ေနရာမွာရပ္တည္ေနကာ ဇယားထိပ္ဆုံးက

ခ်ယ္လ္ဆီး နဲ႔ (၂) မွတ္သာ ကြာဟေနပါေသးတယ္။

လက္စတာအသင္းကေတာ့ ဒီရာသီမွာ ရလဒ္ပိုင္းေတြ ဆိုး႐ြားေနၿပီး (၇) ပြဲ

ကစားၿပီးခ်ိန္မွာ (၂) ပြဲသာ အႏိုင္ရၿပီး အဆင့္ (၁၃) ေနရာကို ေရာက္ရွိေနပါတယ္။

အိမ္ရွင္ လက္စတာ အသင္းအတြက္ကလည္း ရလဒ္ပိုင္း ယိမ္းယိုင္ေနတာေတြကို

ျပန္လည္တည့္မတ္ဖို႔အတြက္ ဒီေန႔ပြဲမွာ မန္ယူအသင္းကို မျဖစ္အေန

ေျခကုန္ထုတ္ၿပီး ကစားသြားမွာ ေသခ်ာပါတယ္။

လက္စတာအသင္းက ပုံမွန္ဆိုရင္ ခံစစ္ကစားပုံ က်စ္လစ္တဲ့ အသင္းျဖစ္ေပမယ့္

ဒီရာသီမွာ ခံစစ္က အမွားမ်ားေနတာေၾကာင့္ ဂိုးေတြ ခြင့္ျပဳေနရၿပီး မန္ယူအသင္း

ဘက္မွာလည္း ဂိုးသြင္းတိက်တဲ့ ေရာ္နာလ္ဒို နဲ႔ တစ္ကိုယ္ေတာ္ အစြမ္းနဲ႔

ဂိုးေတြရယူတတ္တဲ့ ဂရင္းဝုဒ္ရွိေနတာေၾကာင့္ မန္ယူအသင္းရဲ႕ သြင္းဂိုးေတြကိုေတာ့

ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။ ဒါေပမယ့္ မန္ယူအသင္းမွာ အဓိက ခံစစ္ကစားသမားေတြျဖစ္တဲ့

ဗာရန္း နဲ႔ မက္ဂြိဳင္းယားတို႔ မပါဝင္ႏိုင္တာက အႀကီးမားဆုံး ျပႆနာျဖစ္ေနၿပီး

လက္စတာအသင္းရဲ႕ တိုက္စစ္ကလည္း ကစားၿပီးတဲ့ (၇) ပြဲလုံးမွာ ဂိုးေတြ

ရရွိထားတာေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

မန္ယူအသင္းကေတာ့ ကစားသမားအစုအဖြဲ႕အရ အားသာခ်က္ရွိသလို

ေနာက္ထပ္ အားသာခ်က္တစ္ခုကေတာ့ နည္းျပဆိုးလ္ရွား လက္ထက္

အေဝးကြင္း ရႈံးပြဲမရွိေသးတဲ့ စံခ်ိန္ေကာင္းတစ္ခုကို ပိုင္ဆိုင္ထားတာေၾကာင့္

ဒီညပြဲစဥ္မွာလည္း အဆိုပါ စံခ်ိန္ေကာင္းတစ္ခုကို ဆက္လက္ ထိန္းသိမ္းသြားႏိုင္ဖြယ္ရွိပါတယ္။

သို႔ေသာ္ျငားလည္း နည္းျပဆိုးလ္ရွားရဲ႕ ကစားကြက္ အခင္းအက်င္းေတြကေတာ့

အားနည္းခ်က္ရွိေနဆဲျဖစ္တာေၾကာင့္ ဒီေန႔ညပြဲမွာလည္း အျပန္အလွန္

သြင္းဂိုးေတြနဲ႔အတူ သေရ တစ္မွတ္သာ ခြဲယူသြားဖြယ္ရွိေနပါတယ္။