လက်စတာ နဲ့ ယူနိုက်တက်ပွဲအတွက် အရေးကြီးသတင်း ဆြာလွဲရဲ့ ခန့်မှန်းချက်….
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အိုလေဂန်နား ဆိုးရှားရဲ့ အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အိုးထရတ်ဖို့ဒ် လိဒ်အသင်းကို (၆ – ၂) ဂိုး အနိုင်ရရှိပြီးနောက် ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် လူပြောများလာတာ တွေ့ရတယ်။ ယူနိုက်တက်ဟာ ကြားရက်တုန်းကလည်း အဲဗာတန်အသင်းကို နောက်ကျသွင်းဂိုး(၂)ဂိုးရယူခဲ့ပြီး ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ကိုလည်းတက်ရောက်သွားခဲ့ပါသေးတယ်။
ပရီမီးယားလိဂ်မှာ ယူနိုက်တက်အနေနဲ့ တစ်ပွဲလျော့ ကစားထားပြီး အဆိုပါ ပွဲစဉ်ကို အနိုင်ရရှိပါက လက်ရှိအချိန်မှာ အမှတ်ပေးဇယား အဆင့် ( ၂ ) နေရာကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ( ၆ ) ပွဲမှာ ( ၅ ) ပွဲထိ အနိုင်ရထားပြီး အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် တိုက်ပွဲဝင်နေပါတယ်။ အဝေးကွင်းပွဲတွေမှာလည်း (၁၃)ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ ယူနိုက်တက်အတွက် လက်စတာအသင်းနဲ့ပွဲစဉ်ဟာ သူတို့အသင်းရဲ့ အဝေးကွင်းစံချိန်ကို ဆက်လက် ရေးထိုးနိုင်အုံးမှာလား…?
တစ်ဖက်မှာ လက်စတာ အသင်းကလည်း ပြီးခဲ့တဲ့ အပတ်က မော်ရင်ဟို ရဲ့စပါးအသင်းကို ဗာဒီရဲ့ ပင်နယ်တီသွင်းဂိုး ၊ စပါးနောက်ခံလူ အယ်ဒါဝီရယ်က ဗာဒီရဲ့ခေါင်းတိုက် ဂိုးသွင်းယူမှုကို ဖြတ်ထုတ်ရာကနေ ကိုယ်ဂိုးကိုယ်ပြန်သွင်းယူမိခဲ့တာတွေကြောင့် စပါးအသင်းကို (၂)ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး လက်စတာက အမှတ်ပေးဇယားရဲ့အဆင့်(၂)နေရာထိကိုတက်ရောက်လာခဲ့ပါတယ်။
ဇယားထိပ်က လီဗာပူးအောက် ( ၄ )မှတ်လျော့ အနေအထားနဲ့ အဆင့် ( ၂ ) နေရာမှာ ရပ်တည်နေပါတဲ့ လက်စတာဟာ ဒီရာသီ ပရီးမီးယားလိဂ် ( ၁၄ ) ပွဲမှာ ( ၅ ) ပွဲထိ ရှုံးနိမ့်ထားပြီး အိမ်ကွင်း King Power မှာ ( ၄ ) ပွဲ ရှုံးနိမ့်ထားပါတယ်။
ပွဲကြိုခန့်မှန်းချက်တွေမှာ ပရိသတ်တွေလက်ဖျားခါရလောက်အောင်လွဲနေတဲ့ မိုက်ကယ်အိုဝင်က ဘောက်ဆင်ဒေးပွဲစဉ်မှာ ယူနိုက်တက် နှင့် လက်စတာတို့ တစ်ဖက်တစ်ဂိုးစီ သရေကျမယ်လို့ ခန့်မှန်းထားပါတယ်။ ” ပြီးခဲ့တဲ့ အပတ်တွေမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက အသက်ဝင်လာပါတယ်။ ” လို့ အိုဝင်က BetVictor ကို ပြောကြားခဲ့ပါတယ်။
” ယူနိုက်တက်က အဆင့် ( ၃ ) မှာ ရပ်တည်နေတယ်။ ပွဲကျန်တစ်ပွဲကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် အဆင့် ( ၂ ) နေရာထိ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုးရှားရဲ့ အသင်းက ယုံကြည်မှုအပြည့်နဲ့ ဒီရာသီရဲ့ ( ၁၁ ) ကြိမ်မြောက် အဝေးကွင်းနိုင်ပွဲ ဆက်နိုင်ဖို့ ကြိုးစားလာမှာပါ။ ”
” လက်စတာက အိမ်ကွင်းမှာ အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် အဝေးကွင်းမှာ စပါးကို အနိုင်ကစားထားတယ်။ ဒီပွဲစဉ်မှာတော့ ( ၂ ) သင်းစလုံး သွင်းဂိုး ကိုယ်စီ ရယူနိုင်ပြီး သရေရလဒ် ထွက်ပေါ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။”
ဒီနှစ်သင်းရဲ့ (၂၀၂၀) ရဲ့ နောက်ဆုံးပွဲစဉ်တွေကတော့ လက်စတာအသင်းဟာ တနင်္လာနေ့ည(၉း၃၀)မှာ ခရစ္စတယ်ပဲလေ့ရဲ့ ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်းက အင်္ဂါည (ဗုဒ္ဓဟူးနံနက် ၂း၃၀) မှ ဝုဗ်အသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် လက်စတာအသင်းအတွက်ကတော့ ယူနိုက်တက်အသင်းထက် ပွဲရက်ပိုကြပ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi