လက်စတာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့လို့ အာဆင်နယ်လည်း တန်းဆင်းရနိုင်တယ်လို့ ပါလာ သတိပေး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဂန္ထဝင်ကွင်းလယ်လူ ရေးပါလာက အသင်းဟောင်းအနေနဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရနိုင်တယ်လို့ ဝန်ခံလိုက်ပြိး ၂၀၁၅-၁၆ ရာသီက လက်စတာအသင်း အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာကို ကြည့်ရင် ပရီးမီးယားလိဂ်မှာ ဘယ်အရာမဆိုဖြစ်နိုင်တာ သိထားရမှာဖြစ်ကြောင်း ဆိုပါတယ်။


လက်စတာအသင်းဟာ အဲဒီတုန်းက အမှတ်ပေးချန်ပီယံဖြစ်ဖို့ ၅၀၀၀/၁ အထိ အလေးပေးခံခဲ့ရပေမယ့် နည်းပြကြီး ရာနီရေရီရဲ့ဦးဆောင်မှုနဲ့အတူ အလေးပေးမှုတွေကို ကျော်ဖြတ်ကာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပါတယ်။


အာဆင်နယ်ဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး အသင်းကြီးအနေအထားကနေ အခုတော့ တန်းဆင်းဇုန်နား ရောက်နေရပါတယ်။


အာဆင်နယ်ဟာ နည်းပြအာတီတာလက်ထက် အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတွေရယူနိုင်ခဲ့ပေမယ့် ခြေစွမ်းတစ်သမတ်တည်းရှိဖို့ ရုန်းကန်နေရပြီး ၁၃ပွဲကစားပြီးချိန်မှာ ၄ပွဲပဲအနိုင်ရထားသလို အမှတ်ကလည်း ၁၄ မှတ်သာရယူထားပါတယ်။

အာဆင်နယ်ဟာ တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၅ မှတ်အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး အခုဆိုရင် အရင်တုန်းက စိတ်ကူးထဲတောင်မဝင်ခဲ့တဲ့ အာဆင်နယ်အသင်း တန်းဆင်းရနိုင်တယ်ဆိုတဲ့အတွေးတွေလည်း ပရိသတ်တွေအကြား စတင်တွေးနေပြီဖြစ်ပါတယ်။


ပါလာက နောက်ဆုံးမှာတော့ အာဆင်နယ်အသင်း အကောင်းဆုံးပြန်လည်နိုးထလာနိုင်လိမ့်မယ်လို့ ယုံကြည်ပေမယ့် လက်ရှိအနေအထားက အသင်းအတွက် သတိပေးချက်ဖြစ်ပြီး မဖြစ်မနေသတိထားရတော့မှာဖြစ်ကြောင်း ပြောပါတယ်။


”အာဆင်နယ်အသင်း တန်းဆင်းရနိုင်လားလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ကောင်းပြီလေ၊ ဒီလိုဖြစ်လာဖို့တော့မလွယ်ဘူးပေါ့လေ။ ဒါပေမဲ့ လက်စတာအသင်းက ၅၀၀၀/၁ အလေးပေးခံရာကနေ အမှတ်ပေးချန်ပီယံဖြစ်ခဲ့လို့ အာဆင်နယ်လည်း တန်းဆင်းရနိုင်တယ်လို့ ပြန်ဖြေမိမှာပါ”

”တကယ်လို့ အခုကစပြီး အမှတ်တွေရယူ၊ လက်ရှိအခြေအနေကို အမြန်ဆုံးမပြောင်းလဲနိုင်ဘူးဆိုရင် အာဆင်နယ်အတွက် တကယ့်ပြဿနာတွေဖြစ်လာနိုင်ပါတယ်”လို့ ပါလာက ပြောပါတယ်။
အာဆင်နယ်ဟာ နောက်ပိုင်းမှာ ရလဒ်ပိုင်းသာမက ကစားသမားတွေရဲ့စည်းကမ်းပိုင်းနဲ့ပတ်သက်လို့လည်း စိုးရိမ်စရာဖြစ်လာခဲ့ပြီး ဆောက်သမ်တန်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာလည်း နောက်ခံလူ ဂါဘရီရယ် ထုတ်ပယ်ခံခဲ့ရပါတယ်။


ဒီရလဒ်တွေကြောင့် နည်းပြအာတီတာအပေါ် ဖိအားတွေပိုများလာခဲ့ပေမယ့် ပါလာကတော့ စပိန်သားနည်းပြကို အောင်မြင်မှုရယူဖို့အတွက် အချိန်ပေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
လက္စတာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့လုိ႔ အာဆင္နယ္လည္း တန္းဆင္းရႏိုင္တယ္လုိ႔ ပါလာ သတိေပး
အာဆင္နယ္အသင္းဂႏၳ၀င္ကြင္းလယ္လူ ေရးပါလာက အသင္းေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္ကေန တန္းဆင္းရႏိုင္တယ္လုိ႔ ၀န္ခံလုိက္ၿပိး ၂၀၁၅-၁၆ ရာသီက လက္စတာအသင္း အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တာကို ၾကည့္ရင္ ပရီးမီးယားလိဂ္မွာ ဘယ္အရာမဆုိျဖစ္ႏိုင္တာ သိထားရမွာျဖစ္ေၾကာင္း ဆုိပါတယ္။
လက္စတာအသင္းဟာ အဲဒီတုန္းက အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ၅၀၀၀/၁ အထိ အေလးေပးခံခဲ့ရေပမယ့္ နည္းျပႀကီး ရာနီေရရီရဲ႕ဦးေဆာင္မႈနဲ႔အတူ အေလးေပးမႈေတြကို ေက်ာ္ျဖတ္ကာ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ဒီရာသီမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရၿပီး အသင္းႀကီးအေနအထားကေန အခုေတာ့ တန္းဆင္းဇုန္နား ေရာက္ေနရပါတယ္။

အာဆင္နယ္ဟာ နည္းျပအာတီတာလက္ထက္ အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းေတြရယူႏုိင္ခဲ့ေပမယ့္ ေျခစြမ္းတစ္သမတ္တည္းရွိဖို႔ ႐ုန္းကန္ေနရၿပီး ၁၃ပြဲကစားၿပီးခ်ိန္မွာ ၄ပြဲပဲအႏိုင္ရထားသလုိ အမွတ္ကလည္း ၁၄ မွတ္သာရယူထားပါတယ္။
အာဆင္နယ္ဟာ တန္းဆင္းဇုန္ထဲကအသင္းနဲ႔ ၅ မွတ္အကြာ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနၿပီး အခုဆုိရင္ အရင္တုန္းက စိတ္ကူးထဲေတာင္မ၀င္ခဲ့တဲ့ အာဆင္နယ္အသင္း တန္းဆင္းရႏိုင္တယ္ဆုိတဲ့အေတြးေတြလည္း ပရိသတ္ေတြအၾကား စတင္ေတြးေနၿပီျဖစ္ပါတယ္။
ပါလာက ေနာက္ဆုံးမွာေတာ့ အာဆင္နယ္အသင္း အေကာင္းဆုံးျပန္လည္ႏိုးထလာႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေပမယ့္ လက္ရွိအေနအထားက အသင္းအတြက္ သတိေပးခ်က္ျဖစ္ၿပီး မျဖစ္မေနသတိထားရေတာ့မွာျဖစ္ေၾကာင္း ေျပာပါတယ္။
”အာဆင္နယ္အသင္း တန္းဆင္းရႏိုင္လားလုိ႔ တစ္ေယာက္ေယာက္က ေမးလာခဲ့ရင္ ေကာင္းၿပီေလ၊ ဒီလုိျဖစ္လာဖုိ႔ေတာ့မလြယ္ဘူးေပါ့ေလ။ ဒါေပမဲ့ လက္စတာအသင္းက ၅၀၀၀/၁ အေလးေပးခံရာကေန အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့လုိ႔ အာဆင္နယ္လည္း တန္းဆင္းရႏိုင္တယ္လုိ႔ ျပန္ေျဖမိမွာပါ”
”တကယ္လုိ႔ အခုကစၿပီး အမွတ္ေတြရယူ၊ လက္ရွိအေျခအေနကို အျမန္ဆံုးမေျပာင္းလဲႏုိင္ဘူးဆုိရင္ အာဆင္နယ္အတြက္ တကယ့္ျပႆနာေတြျဖစ္လာႏိုင္ပါတယ္”လုိ႔ ပါလာက ေျပာပါတယ္။

အာဆင္နယ္ဟာ ေနာက္ပို္င္းမွာ ရလဒ္ပိုင္းသာမက ကစားသမားေတြရဲ႕စည္းကမ္းပိုင္းနဲ႔ပတ္သက္လုိ႔လည္း စုိးရိမ္စရာျဖစ္လာခဲ့ၿပီး ေဆာက္သမ္တန္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပြဲမွာလည္း ေနာက္ခံလူ ဂါဘရီရယ္ ထုတ္ပယ္ခံခဲ့ရပါတယ္။
ဒီရလဒ္ေတြေၾကာင့္ နည္းျပအာတီတာအေပၚ ဖိအားေတြပိုမ်ားလာခဲ့ေပမယ့္ ပါလာကေတာ့ စပိန္သားနည္းျပကို ေအာင္ျမင္မႈရယူဖုိ႔အတြက္ အခ်ိန္ေပးသင့္တယ္လုိ႔ တုိက္တြန္းခဲ့ပါတယ္။