လက်စတာ ၂ – ၂ ယူနိုက်တက် ပွဲစဉ်မှ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ လက်စတာအသင်းကို ( ၂ ) ကြိမ်တိုင် ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ တစ်ဖက် ( ၂ ) ဂိုးစီ သရေကျခဲ့တယ်။ ဒီရလဒ်ကြောင့် အဝေးကွင်းရာနှုန်းပြည့်နိုင်ပွဲရပ်တန့်သွားခဲ့သလို အဆင့်(၂)နေရာကိုတက်လှမ်းနိုင်တဲ့အခွင့်အရေးလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ သွင်းဂိုးတွေရယူပေးခဲ့ကြတဲ့ ရက်ဖို့ဒ် နဲ့ ဖာနန်ဒက်တို့ကတော့ မှတ်တမ်း အသစ်တွေရရှိခဲ့ကြပါတယ်။ ရက်ဖို့ဒ် က ယူနိုက်တက်အသင်းအတွက် သွင်းဂိုး (၅၀)ပြည့်ကစားသမားဖြစ်ခဲ့သလို ဘရုနိုကလည်း ဒီရာသီမှာ သွင်းဂိုး (၁၀)ဂိုးရရှိလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းကစားသမားတွေရဲ့ ဒီနေ့ပွဲမှာ စွမ်းဆောင်ရည်တွေက တစ်ဦးခြင်းစီမှာတင် အကောင်းနဲ့ အဆိုးဒွန်တွဲနေခဲ့ပါတယ်။ ဒါကြောင့် သူတို့တွေရဲ့ စွမ်းဆောင်ရည်ကို ဘယ်လိုသတ်မှတ်ခဲ့ကြပါသလဲ….

ဒီဂီယာ – စွမ်းဆောင်ရည်သတ်မှတ်ချက် (၅)

ဂရုစိုက်မှု အားနည်းပြီး ဘားနက်ရဲ့ ချေပဂိုးမှာလည်း လိုအပ်ချက်တွေ ရှိခဲ့တယ်။

လင်ဒီလော့ – စွမ်းဆောင်ရည်သတ်မှတ်ချက် (၅)

right back အဖြစ် အံ့သြဖွယ် ရွေးချယ်ခဲ့ပြီး ကစားရတာ သက်သောင့်သက်သာ မရှိပဲ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့တယ်။ နောက်ကျောဒဏ်ရာကြောင့် ဒုတိယပိုင်းမှာ လူစားလှဲခဲ့တယ်။

ဘိုင်လီ – စွမ်းဆောင်ရည်သတ်မှတ်ချက် (၆)

အစောပိုင်းကာလမှာ ဗာဒီကို ထိန်းချုပ်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ တည်ငြိမ်စွာ ကစားခဲ့တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ စပါးနဲ့ပွဲစဉ်မှာ ပရီးမီးယားလိဂ် နောက်ဆုံးကစားခဲ့ပြီး ယခုပွဲစဉ်မှ ပြန်လည်ပါဝင်ခွင့်ရတာ ဖြစ်တယ်။

လက်စတာရဲ့ ဒုတိယ ခြေပဂိုးမှာ ဗာဒီကို လူကပ်ထားခဲ့သင့်ပါတယ်။ ဒါပေမယ့် ဗာဒီလိုတိုက်စစ်မှူးတစ်ယောက်အတွက် ဂိုးရရှိဖို့အခွင့်အရေးဆိုတာ အများကြီးမလိုပါဘူး။ ဗာဒီရဲ့ ခြေပဂိုးကလည်း အတော်ကိုကောင်းမွန်တဲ့ အဆုံးသတ်မှုတစ်ခုပါပဲ။

မက်ဂွိုင်းယား – စွမ်းဆောင်ရည်သတ်မှတ်ချက် (၆)
ဘားနပ်ရဲ့ ခြေပဂိုးကို ကန်သွင်းခွင့် မပြုဖို့ ကြိုးစားခဲ့သင့်တယ်။ အသင်းကို အကောင်းဆုံး ဦးဆောင်ခဲ့တယ်။ ဒါပေမယ့် ဗာဒီကို လူကပ်မထားတဲ့အတွက် ဒုတိယချေပဂိုး ပေးခဲ့ရတယ်။

လုခ်ရှော – စွမ်းဆောင်ရည်သတ်မှတ်ချက် (၇)
လက်စတာက လင်ဒီလော့ဘက်ကိုပဲ ပစ်မှတ်ထားပြီး တိုက်စစ်ဆင်ခဲ့တဲ့အတွက် ခံစစ်ပိုင်းမှာ သိပ်အလုပ်မရှုပ်ခဲ့ပါဘူး။ free kick ကနေ ဂိုးဖန်တီးမှု ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ခေါင်းတိုက်သွင်းချက်က ဂိုးလွန်ဘောဖြစ်သွားခဲ့တာကြောင့် သွင်းဂိုးအဖြစ်မရရှိခဲ့တာပါ။ ဒီနေ့ပွဲမှာ သူ့ဟာ ခြေစွမ်းပြနိုင်တဲ့ ကစားသမားဖြစ်တယ်။

မက် တွမ်မီနေး – စွမ်းဆောင်ရည်သတ်မှတ်ချက် (၆)
ဖရက်နဲ့ကွင်းလယ်ခံစစ်အတွဲ ဖြစ်ပြီး ကစားပုံက မာမာထန်ထန် ကစားခဲ့ပေမယ့် ပေါ့ဘာ လူစားမဝင်လာခင်အထိ ပထမပိုင်းမှာသူ့ရဲ့စွမ်းရည်ဟာ အရင်ပွဲတွေကထက်လျှော့ကျနေခဲ့ပြီး ကွင်းလယ်မှာ ဘောလုံးတည်မရခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဖရက် – စွမ်းဆောင်ရည်သတ်မှတ်ချက် (၆ )
ဒီပွဲမှာတော့ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတယ်။ ရက်ဖို့ဒ်အတွက် အခွင့်အရေးတစ်ကြိမ်ဖန်တီးပေးခဲ့တယ်။

ဖာနန်ဒက် – စွမ်းဆောင်ရည်သတ်မှတ်ချက် (၆)
ယူနိုက်တက်ရဲ့ ပထမသွင်းဂိုးကို ဖန်တီးပေးခဲ့သလို လက်စတာရဲ့ ချေပဂိုးကလည်း ဘရူနိုနဲ့ မကင်းခဲ့ပါဘူး ။ ယူနိုက်တက်ကို 2 – 1 အနေအထားနဲ့ ဦးဆောင်ထားနိုင်အောင် စွမ်းဆောင်ပေးခဲ့တယ်။

ဂျိမ်းစ် – စွမ်းဆောင်ရည်သတ်မှတ်ချက် (၅)
ယူနိုက်တက်သွင်းဂိုးရရှိဖို့ အကောင်းဆုံး စွမ်းဆောင်ခဲ့တယ်။ ဒါပေမယ့် လိဒ်အသင်းနဲ့ ပွဲစဉ်က ခြေစွမ်းမျိုးတော့ ပြသထားနိုင်ခြင်းမရှိခဲ့တာ တွေ့ရတယ်။

ရက်ဖို့ဒ် – စွမ်းဆောင်ရည်သတ်မှတ်ချက် (၆)
အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပေမယ့် ယူနိုင်တက်အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့တယ်။ ဂိုးသမားနဲ့ တစ်ဦးချင်းအနေအထား ဂိုးသွင်းခွင့်ရပေမယ့် ရှက်မိုက်ကယ် ကာကွယ်သွားခဲ့တယ်။

မာရှယ် – စွမ်းဆောင်ရည်သတ်မှတ်ချက် (၅)
ဘောလုံးပျက်မှုမကြာခဏဖြစ်ခဲ့ပြီး ခြေစွမ်း ပြသနိုင်ခြင်းမရှိခဲ့သလို အသင်းနဲ့ ချိတ်ဆက်ကစားနိုင်မှု နည်းပါးခဲ့ပါတယ်။ ဂိုးသမားနဲ့ တစ်ယောက်ခြင်းတွေ့ဆုံပြီးဂိုးသွင်းယူနိုင်ခဲ့ပေမယ့် VAR နဲ့ပြန်လည်စစ်ဆေးခဲ့ရာမှာ လူကျွံနေခဲ့တာကြောင့် သွင်းဂိုးအဖြစ်သတ်မှတ်ခံခဲ့ရခြင်းမရှိပါဘူး

လူစားဝင်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်သတ်မှတ်ချက်တွေမှာ ကာဗာနီက အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ဖာနန်ဒက်ရဲ့ သွင်းဂိုးရရှိအောင်ဖန်တီးပေးနိုင်ခဲ့တာကြောင့် (၇)ရရှိခဲ့ပြီး ပေါ့ဘာနဲ့ တွန်ဇီဘီတို့ကတော့ စွမ်းဆောင်ရည်သတ်မှတ်ချက် (၆) သာရရှိခဲ့ကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္စတာ ၂ – ၂ ယူႏိုက္တက္ ပြဲစဥ္မွ ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္

ယူႏိုက္တက္အသင္းဟာ ဒီေန႕ပြဲစဥ္မွာ လက္စတာအသင္းကို ( ၂ ) ႀကိမ္တိုင္ ဦးေဆာင္ကစားႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာ တစ္ဖက္ ( ၂ ) ဂိုးစီ သေရက်ခဲ့တယ္။ ဒီရလဒ္ေၾကာင့္ အေဝးကြင္းရာႏႈန္းျပည့္ႏိုင္ပြဲရပ္တန္႕သြားခဲ့သလို အဆင့္(၂)ေနရာကိုတက္လွမ္းႏိုင္တဲ့အခြင့္အေရးလည္း လက္လႊတ္ခဲ့ရပါတယ္။ ဒီေန႕ပြဲမွာ သြင္းဂိုးေတြရယူေပးခဲ့ၾကတဲ့ ရက္ဖို႔ဒ္ နဲ႕ ဖာနန္ဒက္တို႕ကေတာ့ မွတ္တမ္း အသစ္ေတြရရွိခဲ့ၾကပါတယ္။ ရက္ဖို႔ဒ္ က ယူႏိုက္တက္အသင္းအတြက္ သြင္းဂိုး (၅၀)ၿပည့္ကစားသမားျဖစ္ခဲ့သလို ဘရုႏိုကလည္း ဒီရာသီမွာ သြင္းဂိုး (၁၀)ဂိုးရရွိလာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းကစားသမားေတြရဲ႕ ဒီေန႔ပြဲမွာ စြမ္းေဆာင္ရည္ေတြက တစ္ဦးျခင္းစီမွာတင္ အေကာင္းနဲ႕ အဆိုးဒြန္တြဲေနခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႕ေတြရဲ႕ စြမ္းေဆာင္ရည္ကို ဘယ္လိုသတ္မွတ္ခဲ့ၾကပါသလဲ….

ဒီဂီယာ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၅)
ဂ႐ုစိုက္မႈ အားနည္းၿပီး ဘားနက္ရဲ႕ ေခ်ပဂိုးမွာလည္း လိုအပ္ခ်က္ေတြ ရွိခဲ့တယ္။

လင္ဒီေလာ့ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၅)
right back အျဖစ္ အံ့ၾသဖြယ္ ေ႐ြးခ်ယ္ခဲ့ၿပီး ကစားရတာ သက္ေသာင့္သက္သာ မရွိပဲ ပုံမွန္ေျခစြမ္း ေပ်ာက္ဆုံးခဲ့တယ္။ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ဒုတိယပိုင္းမွာ လူစားလွဲခဲ့တယ္။

ဘိုင္လီ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆)
အေစာပိုင္းကာလမွာ ဗာဒီကို ထိန္းခ်ဳပ္ဖို႔ အနည္းငယ္ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ တည္ၿငိမ္စြာ ကစားခဲ့တယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ စပါးနဲ႔ပြဲစဥ္မွာ ပရီးမီးယားလိဂ္ ေနာက္ဆုံးကစားခဲ့ၿပီး ယခုပြဲစဥ္မွ ျပန္လည္ပါဝင္ခြင့္ရတာ ျဖစ္တယ္။ လက္စတာရဲ႕ ဒုတိယ ေျခပဂိုးမွာ ဗာဒီကို လူကပ္ထားခဲ့သင့္ပါတယ္။ ဒါေပမယ့္ ဗာဒီလိုတိုက္စစ္မွဴးတစ္ေယာက္အတြက္ ဂိုးရရွိဖို႕အခြင့္အေရးဆိုတာ အမ်ားၾကီးမလိုပါဘူး။ ဗာဒီရဲ႕ ေျခပဂိုးကလည္း အေတာ္ကိုေကာင္းမြန္တဲ့ အဆံုးသတ္မႈတစ္ခုပါပဲ။

မက္ဂြိဳင္းယား – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆)
ဘားနပ္ရဲ႕ ေျခပဂိုးကို ကန္သြင္းခြင့္ မျပဳဖို႔ ႀကိဳးစားခဲ့သင့္တယ္။ အသင္းကို အေကာင္းဆုံး ဦးေဆာင္ခဲ့တယ္။ ဒါေပမယ့္ ဗာဒီကို လူကပ္မထားတဲ့အတြက္ ဒုတိယေခ်ပဂိုး ေပးခဲ့ရတယ္။

လုခ္ေရွာ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၇)
လက္စတာက လင္ဒီေလာ့ဘက္ကိုပဲ ပစ္မွတ္ထားၿပီး တိုက္စစ္ဆင္ခဲ့တဲ့အတြက္ ခံစစ္ပိုင္းမွာ သိပ္အလုပ္မရႈပ္ခဲ့ပါဘူး။ free kick ကေန ဂိုးဖန္တီးမႈ ရလုနီးပါး ျဖစ္ခဲ့ပါတယ္။ မက္ဂြိဳင္းယားရဲ႕ေခါင္းတိုက္သြင္းခ်က္က ဂိုးလြန္ေဘာျဖစ္သြားခဲ့တာေၾကာင့္ သြင္းဂိုးအျဖစ္မရရွိခဲ့တာပါ။ ဒီေန႔ပြဲမွာ သူ႕ဟာ ေျခစြမ္းျပႏိုင္တဲ့ ကစားသမားျဖစ္တယ္။

မက္ တြမ္မီေနး – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆)
ဖရက္နဲ႕ကြင္းလယ္ခံစစ္အတြဲ ျဖစ္ၿပီး ကစားပံုက မာမာထန္ထန္ ကစားခဲ့ေပမယ့္ ေပါ့ဘာ လူစားမဝင္လာခင္အထိ ပထမပိုင္းမွာသူ႕ရဲ႕စြမ္းရည္ဟာ အရင္ပြဲေတြကထက္ေလွ်ာ့က်ေနခဲ့ၿပီး ကြင္းလယ္မွာ ေဘာလုံးတည္မရခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဖရက္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆ )
ဒီပြဲမွာေတာ့ ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတယ္။ ရက္ဖို႔ဒ္အတြက္ အခြင့္အေရးတစ္ႀကိမ္ဖန္တီးေပးခဲ့တယ္။

ဖာနန္ဒက္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆)
ယူႏိုက္တက္ရဲ႕ ပထမသြင္းဂိုးကို ဖန္တီးေပးခဲ့သလို လက္စတာရဲ႕ ေခ်ပဂိုးကလည္း ဘ႐ူႏိုနဲ႔ မကင္းခဲ့ပါဘူး ။ ယူႏိုက္တက္ကို 2 – 1 အေနအထားနဲ႔ ဦးေဆာင္ထားႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့တယ္။

ဂ်ိမ္းစ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၅)
ယူႏိုက္တက္သြင္းဂိုးရရွိဖို႔ အေကာင္းဆုံး စြမ္းေဆာင္ခဲ့တယ္။ ဒါေပမယ့္ လိဒ္အသင္းနဲ႔ ပြဲစဥ္က ေျခစြမ္းမ်ိဳးေတာ့ ျပသထားႏိုင္ျခင္းမရွိခဲ့တာ ေတြ႕ရတယ္။

ရက္ဖို႔ဒ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆)
အပိုင္အခြင့္အေရးေတြ လြဲေခ်ာ္ခဲ့ေပမယ့္ ယူႏိုင္တက္အတြက္ ဦးေဆာင္ဂိုး ရယူေပးခဲ့တယ္။ ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေနအထား ဂိုးသြင္းခြင့္ရေပမယ့္ ရွက္မိုက္ကယ္ ကာကြယ္သြားခဲ့တယ္။

မာရွယ္ – စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၅)
ေဘာလံုးပ်က္မႈမၾကာခဏျဖစ္ခဲ့ၿပီး ေျခစြမ္း ျပသႏိုင္ျခင္းမရွိခဲ့သလို အသင္းနဲ႕ ခ်ိတ္ဆက္ကစားႏိုင္မႈ နည္းပါးခဲ့ပါတယ္။ ဂိုးသမားနဲ႔ တစ္ေယာက္ျခင္းေတြ႕ဆံုၿပီးဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ VAR နဲ႔ျပန္လည္စစ္ေဆးခဲ့ရာမွာ လူကြၽံေနခဲ့တာေၾကာင့္ သြင္းဂိုးအျဖစ္သတ္မွတ္ခံခဲ့ရျခင္းမရွိပါဘူး

လူစားဝင္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ေတြမွာ ကာဗာနီက အေကာင္းဆံုးစြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဖာနန္ဒက္ရဲ႕ သြင္းဂိုးရရွိေအာင္ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ (၇)ရရွိခဲ့ၿပီး ေပါ့ဘာနဲ႕ တြန္ဇီဘီတို႕ကေတာ့ စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ (၆) သာရရွိခဲ့ၾကပါတယ္။