လက်စတာ ၂ -၂ ယူနိုက်တက် ပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၆ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်နဲ့ လက်စတာတို့ဟာ ဘောက်ဆင်ဒေးပွဲစဉ်မှာ ၂ဂိုးစီ သရေသာ ဖြစ်ခဲ့ပြီး ၁မှတ်စီ ခွဲဝေယူသွားခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပြီး ဟာဗေးဘန်းစ်က လက်စတာအတွက် ပြန်လည် ချေပခဲ့ကာ ဘရူနို ဖာနန်ဒက်စ်က ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပေမဲ့ ဗာဒီက ယူနိုက်တက် နောက်ခံလူတွေ ကြားကနေ ချေပဂိုး ပြန်သွင်းကာ အဆင့်၂နေရာမှာ ဆက်လက် ရပ်တည်စေခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပြောစရာဖြစ်ခဲ့တဲ့ အချက် ၆ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဆိုးလ်ရှားရဲ့ လူစာရင်း အပြောင်းအလဲကို မြင်တွေ့ရခြင်း

ဆိုးလ်ရှားဟာ ယနေ့မှာတော့ လူစာရင်းကို အပြောင်းအလဲ လုပ်လာခဲ့ပြီး ပေါ့ဂ်ဘာနဲ့ ကာဗာနီကို ချန်လှပ်ခဲ့ကာ ဘိုင်လီကို ခံစစ်မှာသုံးပြီး နောက်တန်း ၃ယောက်တန်းနဲ့ ရင်ဆိုင်လာခဲ့ပါတယ်။
ဝမ်ဘစ်ဆာကာ မရှိချိန်မှာ ဒန်နီရယ် ဂျိမ်းစ်ကို Wing backနေရာ ပွဲထုတ်လာခဲ့ပြီး ဆိုးလ်ရှားက ပွဲကျပ်ကာလမှာ အပြောင်းအလဲ လုပ်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

၂.ရက်ရှ်ဖို့ဒ်ရဲ့ လွဲချော်မှု

ယူနိုက်တက်အသင်းဟာ ပွဲစတာနဲ့ ဦးဆောင်ဂိုးရဖို့ အကောင်းအခွင့် အရေး ရရှိခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ် ချပေးတာကို လူကပ်ခံထာရခြင်းမရှိတဲ့ ရက်ရှ်ဖို့ဒ် ခေါင်းတိုက်သွင်းခဲ့ရာမှာ တိုင်နဲ့ ထိသွားခဲ့တာဖြစ်ပြီး ပြီးပြည့်စုံတဲ့ စတင်မှုနဲ့ လွဲချော်ခဲ့ပါတယ်။ ပေါလ်စခိုးလ်ကလည်း ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်မှူးလား တောင်ပံကစားသမားလားဆိုတာ မသဲကွဲဘူးလို့ အမြဲပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

၃.နောက်ထပ် ပေးဂိုးတွေနဲ့ ဒီဂီယာ

ဒီဂီယာတစ်ယောက် ဒီနေ့မှာ အမှားမလုပ်ခဲ့ပေမဲ့ ယူနိုက်တက် နံပါတ်၁ဂိုးသမားနေရာနဲ့ ထိုက်တန်ရဲ့လားဆိုတဲ့ မေးခွန်းတွေ ရှိနေဆဲပါ။ ပထမပိုင်းမှာ နောက်ပြန်ပေးရာကနေ ဒီဂီယာတစ်ယောက် လက်စတာကို ဦးဆောင်ဂိုး အစောကြီး ပေးမိတော့မလို ဖြစ်ခဲ့ပါတယ်။ ဗာဒီတစ်ယောက် ချက်ချင်းပဲ လုယူသွားနိုင်ပေမဲ့ ဖရက်က လုပ်အားနှုန်း ကောင်းကောင်းနဲ့ ဖြတ်ထုတ်သွားနိုင်တာကြောင့် ထပ်ပြီး အရှက်မကွဲခဲ့တာ ဖြစ်ပါတယ်။

၄.အကောင်းနဲ့ အဆိုး ဒွန်တွဲသွားတဲ့ ဖာနန်ဒက်စ်

သူရည်ရွယ်ထားမှာ မဟုတ်ပေမဲ့ ဖာနန်ဒက်စ်ရဲ့ ဂိုးဖန်တီးမှုက မှတ်တမ်းတစ်ခုကို ရရှိစေခဲ့ပါတယ်။ ယူနိုက်တက်မှာ ၁နှစ်တောင် မပြည့်သေးတဲ့ ကာလမှာတင် ပေါ်တူဂီသားဟာ ပရီးမီးယားလိဂ် ၂၈ပွဲမှာ ၃၁ဂိုးအထိ ပါဝင်ပတ်သက်ထားခဲ့ပြီ ဖြစ်ပါတယ်။ ဖန်တီးပေးမှုတင်မကဘဲ ကာဗာနီရဲ့ ပေးပို့မှုကနေ အချိန်မှန် နေရာမှန် ရောက်လာပြီး အသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဖာနန်ဒက်စ်တစ်ယောက် ပထမပိုင်းအတွင်းမှာ လူပေးမှားမှုကြောင့် ဟာဗေးဘန်းစ်ရဲ့ ချေပဂိုးကိုတော့ ခွင့်ပြုပေးခဲ့ရတာကြောင့် ဒီနေ့ပွဲမှာ အကောင်း၊ အဆိုး ဒွန်တွဲနေတဲ့ ဖာနန်ဒက်စ်ကို မြင်ရတယ်လို့ ဆိုရမှာပါ။

၅. လင်ဒီလော့ဖ် ဒဏ်ရာရခဲ့ခြင်း

လာမယ့် ဝုဗ်နဲ့ ပွဲစဉ်မှာ ဆိုးလ်ရှားတစ်ယောက် လင်ဒီလော့ဖ် မပါဘဲ ကစားရနိုင်တာကြောင့် ဘိုင်လီကို ဒီနေ့ပွဲမှာ ပွဲထုတ်ခဲ့တဲ့အတွက် ကျေနပ်နေမယ် ထင်ပါတယ်။ ဆွီဒင်သားဟာ နောက်ကျောဒဏ်ရာ ပြန်ပေါ်လာပုံရပြီး မိနစ်၆၀ ဝန်းကျင်မှာ ကွင်းထဲကနေ ထွက်သွားခဲ့ရပါတယ်။ လင်ဒီလော့ဖ်ဟာ ယခုအပတ်တွေအတွင်း တောက်လျောက်ခြေစွမ်းပြနေပြီး ယူနိုက်တက်အတွက် ရလဒ်ကောင်းတွေ ရယူပေးထားခဲ့ပါတယ်။


၆.ဝေဖန်မှုတွေကို နှုတ်ဆိတ်စေခဲ့တဲ့ ကာဗာနီ

အပြောင်းအရွှေ့နောက်ဆုံးရက်မှ ရောက်လာတဲ့ တိုက်စစ်မှူး ကာဗာနီအတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုတော့ ဝါရင့်တိုက်စစ်မှူးကြီးရဲ့ ခြေစွမ်းအပေါ် မေးခွန်းထုတ်မယ့်သူ သိပ်မရှိတော့ပါဘူး။
၃၃နှစ်သားဟာ အဲဗာတန်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ယနေ့ပွဲမှာလည်း ဖာနန်ဒက်စ်ရဲ့ ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လက္စတာ ၂ -၂ ယူႏိုက္တက္ ပြဲစဥ္မွာ ေျပာစရာျဖစ္ခဲ့တဲ့ အခ်က္ ၆ခ်က္

ယူႏိုက္တက္နဲ႔ လက္စတာတုိ႔ဟာ ေဘာက္ဆင္ေဒးပဲြစဥ္မွာ ၂ဂိုးစီ သေရသာ ျဖစ္ခဲ့ျပီး ၁မွတ္စီ ခဲြေ၀ယူသြားခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ဦးေဆာင္ဂိုးကို ရက္ရွ္ဖို႔ဒ္က သြင္းယူေပးခဲ့ျပီး ဟာေဗးဘန္းစ္က လက္စတာအတြက္ ျပန္လည္ ေခ်ပခဲ့ကာ ဘရူႏို ဖာနန္ဒက္စ္က ဦးေဆာင္ဂိုး ထပ္သြင္းခဲ့ေပမဲ့ ဗာဒီက ယူႏုိက္တက္ ေနာက္ခံလူေတြ ၾကားကေန ေခ်ပဂိုး ျပန္သြင္းကာ အဆင့္၂ေနရာမွာ ဆက္လက္ ရပ္တည္ေစခဲ့ပါတယ္။ အဆိုပါ ပဲြစဥ္မွာ ေျပာစရာျဖစ္ခဲ့တဲ့ အခ်က္ ၆ခ်က္ကို ေဖာ္ ျပ ေပးလိုက္ပါတယ္။

၁.ဆိုးလ္ရွားရဲ႕ လူစာရင္း အေျပာင္းအလဲကို ျမင္ေတြ႕ရျခင္း- ဆိုးလ္ရွားဟာ ယေန႔မွာေတာ့ လူစာရင္းကို အေျပာင္းအလဲ လုပ္လာခဲ့ျပီး ေပါ့ဂ္ဘာနဲ႔ ကာဗာနီကို ခ်န္လွပ္ခဲ့ကာ ဘိုင္လီကို ခံစစ္မွာသံုးျပီး ေနာက္တန္း ၃ေယာက္တန္းနဲ႔ ရင္ဆုိင္လာခဲ့ပါတယ္။ ၀မ္ဘစ္ဆာကာ မရွိခ်ိန္မွာ ဒန္နီရယ္ ဂ်ိမ္းစ္ကို Wing backေနရာ ပဲြထုတ္လာခဲ့ျပီး ဆုိးလ္ရွားက ပဲြက်ပ္ကာလမွာ အေျပာင္းအလဲ လုပ္တယ္ဆုိတာ သက္ေသျပခဲ့ပါတယ္။

၂.ရက္ရွ္ဖို႔ဒ္ရဲ႕ လဲြေခ်ာ္မႈ – ယူႏိုက္တက္အသင္းဟာ ပဲြစတာနဲ႔ ဦးေဆာင္ဂိုးရဖို႔ အေကာင္းအခြင့္ အေရး ရရွိခဲ့ပါတယ္။ ဘရူႏို ဖာနန္ဒက္စ္ ခ်ေပးတာကို လူကပ္ခံထာရျခင္းမရွိတဲ့ ရက္ရွ္ဖို႔ဒ္ ေခါင္းတိုက္သြင္းခဲ့ရာမွာ တုိင္နဲ႔ ထိသြားခဲ့တာျဖစ္ျပီး ျပီးျပည့္စံုတဲ့ စတင္မႈနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ေပါလ္စခိုးလ္ကလည္း ရက္ရွ္ဖို႔ဒ္ဟာ တိုက္စစ္မွဴးလား ေတာင္ပံကစားသမားလားဆုိတာ မသဲကြဲဘူးလို႔ အျမဲေျပာခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

၃.ေနာက္ထပ္ ေပးဂိုးေတြနဲ႔ ဒီဂီယာ – ဒီဂီယာတစ္ေယာက္ ဒီေန႔မွာ အမွားမလုပ္ခဲ့ေပမဲ့ ယူႏုိက္တက္ နံပါတ္၁ဂိုးသမားေနရာနဲ႔ ထိုက္တန္ရဲ႕လားဆုိတဲ့ ေမးခြန္းေတြ ရွိေနဆဲပါ။ ပထမပုိင္းမွာ ေနာက္ျပန္ေပးရာကေန ဒီဂီယာတစ္ေယာက္ လက္စတာကို ဦးေဆာင္ဂိုး အေစာၾကီး ေပးမိေတာ့မလို ျဖစ္ခဲ့ပါတယ္။ ဗာဒီတစ္ေယာက္ ခ်က္ခ်င္းပဲ လုယူသြားႏုိင္ေပမဲ့ ဖရက္က လုပ္အားႏႈန္း ေကာင္းေကာင္းနဲ႔ ျဖတ္ထုတ္သြားႏုိ္င္တာေၾကာင့္ ထပ္ျပီး အရွက္မကြဲခဲ့တာ ျဖစ္ပါတယ္။

၄.အေကာင္းနဲ႔ အဆုိး ဒြန္တဲြသြားတဲ့ ဖာနန္ဒက္စ္ – သူရည္ရြယ္ထားမွာ မဟုတ္ေပမဲ့ ဖာနန္ဒက္စ္ရဲ႕ ဂိုးဖန္တီးမႈက မွတ္တမ္းတစ္ခုကို ရရွိေစခဲ့ပါတယ္။ ယူနုိက္တက္မွာ ၁ႏွစ္ေတာင္ မျပည့္ေသးတဲ့ ကာလမွာတင္ ေပၚတူဂီသားဟာ ပရီးမီးယားလိဂ္ ၂၈ပဲြမွာ ၃၁ဂိုးအထိ ပါ၀င္ပတ္သက္ထားခဲ့ျပီ ျဖစ္ပါတယ္။ ဖန္တီးေပးမႈတင္မကဘဲ ကာဗာနီရဲ႕ ေပးပို႔မႈကေန အခ်ိန္မွန္ ေနရာမွန္ ေရာက္လာျပီး အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ ဖာနန္ဒက္စ္တစ္ေယာက္ ပထမပုိင္းအတြင္းမွာ လူေပးမွားမႈေၾကာင့္ ဟာေဗးဘန္းစ္ရဲ႕ ေခ်ပဂိုးကိုေတာ့ ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ ဒီေန႔ပဲြမွာ အေကာင္း၊ အဆုိး ဒြန္တြဲေနတဲ့ ဖာနန္ဒက္စ္ကို ျမင္ရတယ္လို႔ ဆုိရမွာပါ။

၅. လင္ဒီေလာ့ဖ္ ဒဏ္ရာရခဲ့ျခင္း – လာမယ့္ ၀ုဗ္နဲ႔ ပဲြစဥ္မွာ ဆိုးလ္ရွားတစ္ေယာက္ လင္ဒီေလာ့ဖ္ မပါဘဲ ကစားရႏိုင္တာေၾကာင့္ ဘုိင္လီကို ဒီေန႔ပြဲမွာ ပြဲထုတ္ခဲ့တဲ့အတြက္ ေက်နပ္ေနမယ္ ထင္ပါတယ္။
ဆြီဒင္သားဟာ ေနာက္ေက်ာဒဏ္ရာ ျပန္ေပၚလာပံုရျပီး မိနစ္၆၀ ၀န္းက်င္မွာ ကြင္းထဲကေန ထြက္သြားခဲ့ရပါတယ္။ လင္ဒီေလာ့ဖ္ဟာ ယခုအပတ္ေတြအတြင္း ေတာက္ေလ်ာက္ေျခစြမ္းျပေနျပီး ယူနိုက္တက္အတြက္ ရလဒ္ေကာင္းေတြ ရယူေပးထားခဲ့ပါတယ္။

၆. ေ၀ဖန္မႈေတြကို ႏႈတ္ဆိတ္ေစခဲ့တဲ့ ကာဗာနီ
အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွ ေရာက္လာတဲ့ တုိက္စစ္မွဴး ကာဗာနီအတြက္ ေ၀ဖန္မႈေတြ ရွိခဲ့ပါတယ္။ အခုေတာ့ ၀ါရင့္တုိက္စစ္မွဴးၾကီးရဲ႕ ေျခစြမ္းအေပၚ ေမးခြန္းထုတ္မယ့္သူ သိပ္မရွိေတာ့ပါဘူး။
၃၃ႏွစ္သားဟာ အဲဗာတန္နဲ႔ ပဲြမွာ ဂိုးသြင္းႏုိင္ခဲ့ျပီး ယေန႔ပြဲမွာလည္း ဖာနန္ဒက္စ္ရဲ႕ ဂိုးကို ဖန္တီးေပးႏုိင္ခဲ့ပါတယ္။