
မနေ့ညတုန်းက Wanda Metropolitano ကွင်းမှာအက်သလက်တီကိုနှင့်
လီဗာပူးတို့ရဲ့ပွဲကအကြိတ်အနယ်ရှိခဲ့ပြီးကြိုးကြာနီတို့အကြီးအကျယ်တိုက်
ပွဲဝင်ကာ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးဟာမိုဟာမက်ဆာလက်နှင့်နာဘီးကီတာတို့သွင်းယူတဲ့ဂိုးဖြင့်ဦးဆောင်
နိုင်ခဲ့ပေမယ့်လည်းဂရက်ဇ်မန်းနှင့်ချေပဂိုးနှစ်ဂိုးကြောင့်နှစ်ဂိုးစီသရေကျနေ
ခဲ့ပါတယ်။ဒါပေမယ့်ဆာလက်က၃-၂ဖြစ်စေမယ့်ဂိုးကိုပင်နယ်တီကနေသွင်း
ယူခဲ့ပါတယ်။
ယင်းနောက်တွင်အက်သလက်တီကိုဟာဂျီမီနက်ဇ်ကိုဂျိုတာကလူချကစားလို့
ပင်နယ်တီရခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်ကြောင့်ပင်နယ်တီမရခဲ့ပါဘူး။
ပွဲပြီးခရာမှုတ်ချိန်မှာဒီယေဂိုဆီမြွန်နီဟာဥမင်လှိုဏ်ခေါင်းအတွင်းသို့ပြေးဆင်း
သွားခဲ့ပါတယ်။အားလုံးကဆီမြွန်နီဟာအရှုံးကိုဒေါသထွက်ကာကလော့ပ်ကို
လက်ဆွဲမနှုတ်ဆက်ချင်လို့ ပြေးဆင်းသွားတာလို့ယုံကြည်နေကြပါတယ်။
ဂျာမန်လူမျိုးနည်းပြကလော့ပ်ဟာပွဲသိမ်းခရာမှုတ်ပြီးချိန်မှာဆီမြွန်နီကိုလက်ဆွဲ
နှုတ်ဆက်ဖို့စောင့်ဆိုင်းနေပေမယ့်အာဂျင်တီးနားနည်းပြကဥမင်လှိုဏ်ခေါင်းသို့
ဆင်းသွားမှုနဲ့အတူ လက်ဆွဲမနှုတ်ဆက်ခဲ့ရပါဘူး။
ဒါပေမယ့်လည်းကလော့ပ်ဟာဆီမြွန်နီကို လက်မထောင်ပြကာစောင့်ဆိုင်းနေခဲ့တာ
ကိုလည်းတွေ့ရပါတယ်။
ကလော့ပ်ဟာလက်ဆွဲနှုတ်မဆက်ခဲ့တဲ့ ဒီယေဂိုဆီမြွန်နီကိုဒေါသထွက်ကာ
လက်ညှိုးထိုးနေခဲ့တာလည်းတွေ့ရပါတယ်။
ပရိသတ်အချို့တို့ကဆီမြွန်နီဟာဘယ်လိုရလဒ်ဘဲထွက်ပါစေပွဲပြီးတိုင်း ဥမင်
လှိုဏ်ခေါင်းသို့စောစောစီးစီးပြေးဆင်းသွားတတ်ပြီးကလော့ပ်ကိုတမင်
လက်ဆွဲနှုတ်မဆက်ခဲ့တာမဟုတ်ဘူးလို့ဆိုနေကြပါတယ်။
လီဗာပူးဟာအက်သလက်တီကိုနိုင်ပွဲကြောင့်ချန်ပီယံလိဂ်သုံးပွဲကစားပြီးချိန်မှာ
ရမှတ်၉မှတ်ရရှိထားကာနောက်တစ်ဆင့်တက်ဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။
Zawgyi
လက္ဆြဲမႏႈတ္ဆက္ခဲ့တဲ့ ဆီႁမြန္နီကို လက္မေထာင္ျပခဲ့တဲ့ ကေလာ့ပ္
မေန႔ညတုန္းက Wanda Metropolitano ကြင္းမွာအက္သလက္တီကိုႏွင့္
လီဗာပူးတို႔ရဲ႕ပြဲကအႀကိတ္အနယ္ရွိခဲ့ၿပီးႀကိဳးၾကာနီတို႔အႀကီးအက်ယ္တိုက္
ပြဲဝင္ကာ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
လီဗာပူးဟာမိုဟာမက္ဆာလက္ႏွင့္နာဘီးကီတာတို႔သြင္းယူတဲ့ဂိုးျဖင့္ဦးေဆာင္
ႏိုင္ခဲ့ေပမယ့္လည္းဂရက္ဇ္မန္းႏွင့္ေခ်ပဂိုးႏွစ္ဂိုးေၾကာင့္ႏွစ္ဂိုးစီသေရက်ေန
ခဲ့ပါတယ္။ဒါေပမယ့္ဆာလက္က၃-၂ျဖစ္ေစမယ့္ဂိုးကိုပင္နယ္တီကေနသြင္း
ယူခဲ့ပါတယ္။
ယင္းေနာက္တြင္အက္သလက္တီကိုဟာဂ်ီမီနက္ဇ္ကိုဂ်ိဳတာကလူခ်ကစားလို႔
ပင္နယ္တီရခဲ့ေပမယ့္ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ပင္နယ္တီမရခဲ့ပါဘူး။
ပြဲၿပီးခရာမႈတ္ခ်ိန္မွာဒီေယဂိုဆီႁမြန္နီဟာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ေျပးဆင္း
သြားခဲ့ပါတယ္။အားလုံးကဆီႁမြန္နီဟာအရႈံးကိုေဒါသထြက္ကာကေလာ့ပ္ကို
လက္ဆြဲမႏႈတ္ဆက္ခ်င္လို႔ ေျပးဆင္းသြားတာလို႔ယုံၾကည္ေနၾကပါတယ္။
ဂ်ာမန္လူမ်ိဳးနည္းျပကေလာ့ပ္ဟာပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္မွာဆီႁမြန္နီကိုလက္ဆြဲ
ႏႈတ္ဆက္ဖို႔ေစာင့္ဆိုင္းေနေပမယ့္အာဂ်င္တီးနားနည္းျပကဥမင္လႈိဏ္ေခါင္းသို႔
ဆင္းသြားမႈနဲ႔အတူ လက္ဆြဲမႏႈတ္ဆက္ခဲ့ရပါဘူး။ဒါေပမယ့္လည္းကေလာ့ပ္ဟာ
ဆီႁမြန္နီကို လက္မေထာင္ျပကာေစာင့္ဆိုင္းေနခဲ့တာကိုလည္းေတြ႕ရပါတယ္။
ကေလာ့ပ္ဟာလက္ဆြဲႏႈတ္မဆက္ခဲ့တဲ့ ဒီေယဂိုဆီႁမြန္နီကိုေဒါသထြက္ကာ
လက္ညႇိဳးထိုးေနခဲ့တာလည္းေတြ႕ရပါတယ္။
ပရိသတ္အခ်ိဳ႕တို႔ကဆီႁမြန္နီဟာဘယ္လိုရလဒ္ဘဲထြက္ပါေစပြဲၿပီးတိုင္း ဥမင္
လႈိဏ္ေခါင္းသို႔ေစာေစာစီးစီးေျပးဆင္းသြားတတ္ၿပီးကေလာ့ပ္ကိုတမင္
လက္ဆြဲႏႈတ္မဆက္ခဲ့တာမဟုတ္ဘူးလို႔ဆိုေနၾကပါတယ္။
လီဗာပူးဟာအက္သလက္တီကိုႏိုင္ပြဲေၾကာင့္ခ်န္ပီယံလိဂ္သုံးပြဲကစားၿပီးခ်ိန္မွာ
ရမွတ္၉မွတ္ရရွိထားကာေနာက္တစ္ဆင့္တက္ဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။