လက်ပက်ကို မှန်ဘောင်ထဲသိမ်းဖို့အထိ ဂုဏ်ယူနေတဲ့ မာတစ်

ယူနိုက်တက်ဟာ ဒီနေ့ သန်းခေါင်ကျော် ( မနက်ဖြန် မနက် ) မြန်မာစံတော်ချိန်

(၂) နာရီခွဲမှာတော့ ယမ်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်

ကစားဖို့ ရှိနေပါတယ်။ ဒီပွဲကို နည်းပြရန်းနစ်ဟာ အရန်ကစားသမားတွေကို

အဓိက အားပြုပြီး ပွဲထွက်လာမှာဖြစ်သလို ဝါရင့် ကွင်းလယ်လူ မာတစ်က

အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

မာတစ်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲကိုလည်း

နည်းပြရန်းနစ်နဲ့ အတူ တက်ရောက်ခဲ့ပြီး ချန်ပီယံလိဂ်မှာ အသင်းခေါင်းဆောင်

အနေနဲ့ ပွဲထွက်ခွင့်ရမယ့် အပေါ် ၎င်းရဲ့ ခံစားချကက်ကို ပြောပြလာပါတယ်။

” ဒါက ကျွန်တော့်အတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ။ ယူနိုက်တက်ကို

အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခွင့်ရမယ့် အပေါ် အရမ်း ဂုဏ်ယူပါတယ်။

ကျွန်တော် ကစားသမားဘဝမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရတဲ့

ပွဲတွေဆိုရင် ပွဲကစားပြီးတဲ့အခါ အဲ့ဒီ အသင်းခေါင်းဆောင်လက်ပတ်တွေကို

အမြဲ အိမ်ပြန်သယ်သွားလေ့ရှိတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့

အသင်းခေါင်းဆောင် လတ်ပတ်ကိုတော့ မှန်ဘောင်ထဲ ထည့်ပြီးတော့ကို

သိမ်းထားဦးမှာပါ” လို့ မာတစ်က ပြောဆိုခဲ့ပါတယ်။

နည်းပြ ရန်းနစ်ဟာ ဒီနေ့ ညပွဲမှာ မာတစ်အပြင်အရန်ကစားသမားတွေဖြစ်တဲ့

ကွင်းလယ်လူ ဗန်ဒီဘိခ် ၊ ဂိုးသမား ဟန်ဒါဆင်တို့ကိုလည်း ပွဲထွက်ခွင့်ပေးမှာ

ဖြစ်တယ်လို့ အတည်ပြု ပြောဆိုထားပါတယ်။

zawgyi

လက္ပက္ကို မွန္ေဘာင္ထဲသိမ္းဖို႔အထိ ဂုဏ္ယူေနတဲ့ မာတစ္

ယူႏိုက္တက္ဟာ ဒီေန႔ သန္းေခါင္ေက်ာ္ ( မနက္ျဖန္ မနက္ ) ျမန္မာစံေတာ္ခ်ိန္

(၂) နာရီခြဲမွာေတာ့ ယမ္းဘြိဳင္းစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စု ေနာက္ဆုံးပြဲစဥ္

ကစားဖို႔ ရွိေနပါတယ္။ ဒီပြဲကို နည္းျပရန္းနစ္ဟာ အရန္ကစားသမားေတြကို

အဓိက အားျပဳၿပီး ပြဲထြက္လာမွာျဖစ္သလို ဝါရင့္ ကြင္းလယ္လူ မာတစ္က

အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ပါဝင္လာမွာျဖစ္တယ္လို႔ သိရပါတယ္။

မာတစ္ဟာ မေန႔က ျပဳလုပ္ခဲ့တဲ့ ပြဲမတိုင္ခင္ သတင္းစာရွင္းလင္းပြဲကိုလည္း

နည္းျပရန္းနစ္နဲ႔ အတူ တက္ေရာက္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ အသင္းေခါင္းေဆာင္

အေနနဲ႔ ပြဲထြက္ခြင့္ရမယ့္ အေပၚ ၎ရဲ႕ ခံစားခ်ကက္ကို ေျပာျပလာပါတယ္။

” ဒါက ကြၽန္ေတာ့္အတြက္ေတာ့ အိပ္မက္တစ္ခုလိုပါပဲ။ ယူႏိုက္တက္ကို

အသင္းေခါင္းေဆာင္အျဖစ္ ဦးေဆာင္ခြင့္ရမယ့္ အေပၚ အရမ္း ဂုဏ္ယူပါတယ္။

ကြၽန္ေတာ္ ကစားသမားဘဝမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခြင့္ရတဲ့

ပြဲေတြဆိုရင္ ပြဲကစားၿပီးတဲ့အခါ အဲ့ဒီ အသင္းေခါင္းေဆာင္လက္ပတ္ေတြကို

အၿမဲ အိမ္ျပန္သယ္သြားေလ့ရွိတယ္။ ဒါေပမယ့္ ယူႏိုက္တက္အသင္းရဲ႕

အသင္းေခါင္းေဆာင္ လတ္ပတ္ကိုေတာ့ မွန္ေဘာင္ထဲ ထည့္ၿပီးေတာ့ကို

သိမ္းထားဦးမွာပါ” လို႔ မာတစ္က ေျပာဆိုခဲ့ပါတယ္။

နည္းျပ ရန္းနစ္ဟာ ဒီေန႔ ညပြဲမွာ မာတစ္အျပင္အရန္ကစားသမားေတြျဖစ္တဲ့

ကြင္းလယ္လူ ဗန္ဒီဘိခ္ ၊ ဂိုးသမား ဟန္ဒါဆင္တို႔ကိုလည္း ပြဲထြက္ခြင့္ေပးမွာ

ျဖစ္တယ္လို႔ အတည္ျပဳ ေျပာဆိုထားပါတယ္။