
ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ တနင်္ဂနွေနေ့ညက လိုရီယန့်ကို ၅-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
တကယ်ကို လက်ဖျားခါလောက်တဲ့ ၃၆၀ ဒီဂရီ လှည့်လည်ကျော်ဖြတ်ကာ
ပြိုင်ဘက်ကို လုံးဝမင်တက်သွားစေခဲ့ပြီး ကြည့်လိုက်ရင်
မဖြစ်နိုင်တဲ့အရာကို လုပ်ပြသွားတာဖြစ်ပါတယ်။
မက်ဆီဟာ အဲဒီပွဲမှာ ယခုရာသီ သူ့အတွက် တတိယမြောက် လီဂူးသွင်းဂိုးအဖြစ်
၁ဂိုးသွင်းယူနိုင်ခဲ့ပြီး တွက်ဘက် တိုက်စစ်မှူးတွေဖြစ်တဲ့ ဘာပေနဲ့
နေမာတို့ကလည်း ၂ဂိုးစီ သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဘာပေက ဂိုးဖန်တီးမှု ၃ကြိမ်အထိပါ
ပြုလုပ်နိုင်ခဲ့ပြီး တစ်ပွဲတည်းမှာပဲ မက်ဆီ၊ နေမာနဲ့
ဘာပေတို့အားလုံး ပထမဆုံးအကြိမ်ဂိုးသွင်းနိုင်ခဲ့တာပါ။
မက်ဆီဟာ ပွဲချိန် ၇၃ မိနစ်မှာ ပီအက်စ်ဂျီအတွက်
စတုတ္ထမြောက်ဂိုးအဖြစ် ဘာပေ ရဲ့ပေးပို့မှုကနေ
သွင်းယူခဲ့တာဖြစ်ပေမယ့် အဲဒီပွဲမှာ သူ့ရဲ့
အကောင်းဆုံးလှုပ်ရှားမှုကတော့ ဂိုးသွင်းယူမှုမဟုတ်ဘဲ
တကယ့်ကိုရူးလောက်တဲ့ အကွက်ပြသွားတာဖြစ်ပါတယ်။
မက်ဆီဟာ ကွင်းလယ်နားလောက်မှာ ဘောလုံးလက်ခံရယူစဉ်
ပြိုင်ဘက်ကစားသမားကလည်း သူ့ဆီကနေ ဘောလုံးလုယူဖို့ အားကုန်ကြိုးစားခဲ့ပါတယ်။
ပြိင်ဘက်ရဲ့ နောက်ကနေ ဖိအားပေး ဖြတ်ထုတ်မှုကြောင့်
မက်ဆီလည်း ဟန်ချက်ပျက်သွားပေမယ့်
တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင်
မြက်ခင်းပေါ် လဲကျတော့မလိုအနေအထားကနေ
၃၆၀ ဒီဂရီ ကိုယ်ကိုလှည့်ကာ ဘောလုံးကို
တစ်ခါတည်းဆွဲပြေးကာ ဘယ်တောင်ပံကနေ
တက်လာတဲ့ ဒီယယ်လိုရဲ့ပြေးလမ်းထဲ အသာလေးမျှောပေးလိုက်ပါတယ်။
အဲဒီလိုမဖြစ်နိုင်တဲ့အနေအထားကနေ ဘောလုံး
ပျက်မသွားအောင် ထိန်းနိုင်ခဲ့တဲ့ မက်ဆီကြောင့်
ပြိုင်ဘက်ကစားသမားလည်း မယုံနိုင်ဖြစ်သွားပြီး
လိုက်တောင် မလုတော့ဘဲ ဒီအတိုင်း ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ အဲဒီလိုပုံစံမျိုး လိုရီယန်နဲ့ပွဲမှာ တစ်ကြိမ်တည်း
လုပ်ပြခဲ့တာမဟုတ်ဘဲ နောက်တစ်ကြိမ် လုပ်ပြခဲ့ပါသေးတယ်။
zawgyi
လက္ဖ်ားခါေလာက္တဲ့ ၃၆၀ ဒီဂရီ လွည့္လည္ေက်ာ္ျဖတ္ကာ ၿပိဳင္ဘက္ကို လုံးဝမင္တက္သြားေစခဲ့တဲ့ မက္ဆီ
ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီဟာ တနဂၤေႏြေန႔ညက လိုရီယန႔္ကို ၅-၁ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ
တကယ္ကို လက္ဖ်ားခါေလာက္တဲ့ ၃၆၀ ဒီဂရီ လွည့္လည္ေက်ာ္ျဖတ္ကာ
ၿပိဳင္ဘက္ကို လုံးဝမင္တက္သြားေစခဲ့ၿပီး ၾကည့္လိုက္ရင္
မျဖစ္ႏိုင္တဲ့အရာကို လုပ္ျပသြားတာျဖစ္ပါတယ္။
မက္ဆီဟာ အဲဒီပြဲမွာ ယခုရာသီ သူ႔အတြက္ တတိယေျမာက္ လီဂူးသြင္းဂိုးအျဖစ္
၁ဂိုးသြင္းယူႏိုင္ခဲ့ၿပီး တြက္ဘက္ တိုက္စစ္မႉးေတြျဖစ္တဲ့ ဘာေပနဲ႔
ေနမာတို႔ကလည္း ၂ဂိုးစီ သြင္းယူႏိုင္ခဲ့ပါတယ္။
အဲဒီပြဲမွာ ဘာေပက ဂိုးဖန္တီးမႈ ၃ႀကိမ္အထိပါ
ျပဳလုပ္ႏိုင္ခဲ့ၿပီး တစ္ပြဲတည္းမွာပဲ မက္ဆီ၊ ေနမာနဲ႔
ဘာေပတို႔အားလုံး ပထမဆုံးအႀကိမ္ဂိုးသြင္းႏိုင္ခဲ့တာပါ။
မက္ဆီဟာ ပြဲခ်ိန္ ၇၃ မိနစ္မွာ ပီအက္စ္ဂ်ီအတြက္
စတုတၳေျမာက္ဂိုးအျဖစ္ ဘာေပ ရဲ႕ေပးပို႔မႈကေန
သြင္းယူခဲ့တာျဖစ္ေပမယ့္ အဲဒီပြဲမွာ သူ႔ရဲ႕
အေကာင္းဆုံးလႈပ္ရွားမႈကေတာ့ ဂိုးသြင္းယူမႈမဟုတ္ဘဲ
တကယ့္ကို႐ူးေလာက္တဲ့ အကြက္ျပသြားတာျဖစ္ပါတယ္။
မက္ဆီဟာ ကြင္းလယ္နားေလာက္မွာ ေဘာလုံးလက္ခံရယူစဥ္
ၿပိဳင္ဘက္ကစားသမားကလည္း သူ႔ဆီကေန ေဘာလုံးလုယူဖို႔ အားကုန္ႀကိဳးစားခဲ့ပါတယ္။
ၿပိင္ဘက္ရဲ႕ ေနာက္ကေန ဖိအားေပး ျဖတ္ထုတ္မႈေၾကာင့္ မက္ဆီလည္း ဟန္ခ်က္ပ်က္သြားေပမယ့္
တကယ့္ကို မယုံႏိုင္စရာေကာင္းေလာက္ေအာင္
ျမက္ခင္းေပၚ လဲက်ေတာ့မလိုအေနအထားကေန
၃၆၀ ဒီဂရီ ကိုယ္ကိုလွည့္ကာ ေဘာလုံးကို
တစ္ခါတည္းဆြဲေျပးကာ ဘယ္ေတာင္ပံကေန
တက္လာတဲ့ ဒီယယ္လိုရဲ႕ေျပးလမ္းထဲ အသာေလးေမွ်ာေပးလိုက္ပါတယ္။
အဲဒီလိုမျဖစ္ႏိုင္တဲ့အေနအထားကေန ေဘာလုံး
ပ်က္မသြားေအာင္ ထိန္းႏိုင္ခဲ့တဲ့ မက္ဆီေၾကာင့္
ၿပိဳင္ဘက္ကစားသမားလည္း မယုံႏိုင္ျဖစ္သြားၿပီး
လိုက္ေတာင္ မလုေတာ့ဘဲ ဒီအတိုင္း ေငးၾကည့္ေန႐ုံပဲ တတ္ႏိုင္ခဲ့ပါတယ္။
မက္ဆီဟာ အဲဒီလိုပုံစံမ်ိဳး လိုရီယန္နဲ႔ပြဲမွာ တစ္ႀကိမ္တည္း
လုပ္ျပခဲ့တာမဟုတ္ဘဲ ေနာက္တစ္ႀကိမ္ လုပ္ျပခဲ့ပါေသးတယ္။