လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်က ထိပ်ဆုံးမှာရပ်တည်နေတဲ့ ချန်ပီယံလိဂ် အဆင့်သတ်မှတ်ချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းစနစ်ကြွယ်ဝပြီး၊ စည်းကမ်းကြီးတဲ့ ဂျာမန်အသင်းတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ဖြည်းဖြည်းဦးဆောင်လာခဲ့ကြသလို လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် ကလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကိုတက်ရောက်လာတဲ့ အသင်းတွေထဲမှာ ပါဝါအဆင့်သတ်မှတ်ချက် ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ ဒီနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပါဝါအများဆုံးထိပ်ဆုံး ၈ သင်းမှာတော့ အီတလီနဲ့ ပြင်သစ်နဲ့ စပိန်တို့က တစ်သင်းစီပဲပါဝင်ခဲ့ပြီး အင်္ဂလန်က ၃ သင်း၊ ဂျာမနီက ၂ သင်းပါဝင်နေပါတယ်။

၈။ ဒေါ့မန်

တိုက်စစ်မှူးဟာလန်းက နယူးရီးယားကာလမှာ ပြန်ကစားပေးနိုင်ဖို့ရှိပြီး ဒီအချိန် ထိ ဒေါ့မန်က ပြိုင်ပွဲမှာ ဆက်ရှိနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

၇။ ချဲလ်ဆီး

၂၀၁၂ တုန်းက ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ရခဲ့သလိုမျိုး လမ်းပတ်တစ်ယောက် အောင်မြင်မှုရအောင် လုပ်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ အုပ်စုတွင်း မှာ ရှုံးပွဲမရှိခဲ့ဘဲ ခြေစွမ်းပြအုပ်စုဗိုလ်ယူနိုင်ခဲ့တာပါ။

၆။ ရီးရဲလ်

နောက်ဆုံးပွဲစဉ်မှ အုပ်စုတက်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်သမ္ဘာအရှိဆုံး အသင်းပီပီ လျှော့တွက်လို့မရခဲ့ပါဘူး။ နည်းပြဇီဒန်းရဲ့ ချန်ပီယံလိဂ်မှော်လည်းရှိတာကြောင့် ရီးရဲလ်ဟာ စောင့်ကြည့်ရမယ့်အသင်းပါ။

၅။ ဂျူဗင်တပ်

စီရော်နယ်ဒိုကိုခေါ်ခဲ့တာ ကစားသမားကိုယ်တိုင်က ချန်ပီယံလိဂ်အောင်ပွဲဆာ လောင်သလို အသင်းကလည်း ပြည်တွင်းဗိုလ်လုပ်နေရတာထက် ဥရောပအောင် မြင်မှုကို ပိုပြီးလိုချင်နေတာပါ။ ဂျူဗင်တပ်ရဲ့ဆန္ဒ ပြည့်ဝနိုင်မလားဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ်။

၄။ ပီအက်စ်ဂျီ

မနှစ်က ဒုတိယရခဲ့တဲ့ပီအက်စ်ဂျီဟာ ဒီနှစ်ပြိုင်ပွဲရဲ့အဖွင့်ပွဲမှာ မန်ယူကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ကျန်တဲ့ပွဲတွေမှာ လိုက်ဇစ်နဲ့ပွဲကလွဲပြီး အကောင်းဆုံးကစားနိုင်ခဲ့သလို အုပ်စုဗိုလ်ပဲယူနိုင်ခဲ့တာပါ။ ဥရောပရဲ့စိတ်လှုပ် ရှားစရာအကောင်းဆုံးတိုက်စစ်အတွဲဖြစ်တဲ့ နေမာ၊ အမ်ဘတ်ပီတို့ကြောင့် ပီအက်စ်ဂျီကို အားလုံးကသတိထားနေရပါတယ်။

၃။ မန်စီးတီး

နည်းပြဂွါဒီယိုလာဟာ ဒီနှစ်မှာ သူ့အသင်းကို ပြည်တွင်းထက် ချန်ပီယံလိဂ်မှာ ပိုပြီးအာရုံစိုက်နေပါတယ်။ ဒါကြောင့် အသင်းဟာ ရှုံးပွဲမရှိအုပ်စုဗိုလ်ဖြစ်ခဲ့ပြီး ခံစစ် ကလည်း တစ်ဂိုးသာပေးခဲ့ရတဲ့အတွက် အုပ်စုအဆင့် အသင်းတွေအားလုံးထဲမှာ အတောင့်တင်းဆုံးပါပဲ။

၂။ လီဗာပူး

လီဗာပူးအနေနဲ့ ပြည်တွင်းပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကြားမှာ ဟန်ချက်ညီ အောင် ကစားရဖို့ရှိပြီး ဒဏ်ရာရကစားသမားတွေပြန်ပါလာတာက အသင်းအတွက် အားတက်စရာပါပဲ။

၁။ ဘိုင်ယန်မြူးနစ်

လက်ရှိချန်ပီယံဖြစ်ပြီး အကောင်းဆုံးခြေစွမ်းလည်းရှိနေတဲ့ ဘိုင်ယန်ဟာ ဒီနှစ်ပြိုင် ပွဲမှာလည်း ထိပ်တန်းအသင်းဖြစ်နေပြီး အုပ်စုတွင်းမှာ ၁၈ ဂိုး သွင်းပြထားတဲ့ အတွက် အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဂိုးသွင်းအားအကောင်းဆုံးအသင်း ဖြစ်ခဲ့ပါတယ်။