လက်ရှိဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံးကစားသမားဖြစ်လာတဲ့ ရက်ရှ်ဖို့ဒ်

မန်ယူတိုက်စစ်မှုးမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အခုဆိုရင် လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံးကစာသမားဖြစ်လာပါပြီ။

သူ့ရဲ့မန်ယူအသင်းဖော်ဖြစ်သူ ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာလည်း ဈေးကွက်တန်ဖိုးအရ ရက်ရှ်ဖို့ဒ်နဲ့အရမ်းကြီးမကွာတာကို တွေ့ရပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ခေတ်ပြိုင်ဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှုးအမ်ဘက်ပီဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီဆုံးကစားသမားအဖြစ် ကာလရှည်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ သူ့ရဲ့ကလပ်အသင်းဖော်နေမာတင်ထားတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ချိုးနိုင်မယ့်အဖြစ်နိုင်ဆုံးကစားသမားအဖြစ်လည်း ထင်ကြေးပေးခံထားရတာပါ။

ဒါပေမဲ့ အမ်ဘက်ပီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ၁၈ လသာကျန်တော့တဲ့အတွက် သူ့ရဲ့ဈေးကွက်တန်ဖိုးဟာ လျော့ကျသွားပါတယ်။

ဘောလုံးသုတေတနအဖွဲ့အစည်းဖြစ် CIES ရဲ့အဆိုအရတော့ အဲဒီပြင်သစ်တိုက်စစ်မှုးဟာ အခုချိန်မှာ ယူရို ၁၄၉.၄ သန်းသာ တန်တော့ပြီး လက်ရှိဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းမှာ ပဉ္စမနေရာကို ရောက်သွားပါတယ်။

မန်ယူနဲ့စာချုပ်သက်တမ်း ၃ နှစ်ခွဲကျန်သေးတဲ့ ရက်ရှ်ဖို့ဒ်ကတော့ ဈေးကွက်တန်ကြေး ယူရို ၁၆၅.၆ သန်းနဲ့ CIES ရဲ့သတ်မှတ်မှုမှာ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

CIES က ထုတ်ပြန်တဲ့ ဘောလုံးလောကရဲ့လက်ရှိတန်ဖိုးအကြီးဆုံးကစားသမားစာရင်းမှာ ဒေါ့မန်က ဟာလန်း၊ လီဗာပူးက ဟာလန်းနဲ့ မန်ယူက ဖာနန်ဒက်စ်တို့ဟာလည်း ထိပ်ဆုံး ၅ ယောက်ထဲ ပါဝင်နေကြပါတယ်။

CIES ဟာ ဒီစာရင်းကိုပြုစုရာမှာ ကစားသမားတစ်ယောက်ရဲ့အသက်အရွယ်၊ စာချုပ်ကာလ၊ စွမ်းဆောင်မှု၊ နိုင်ငံတကာပုံရိပ်၊ ကစားသမားဘဝတိုးတက်မှုအပြင် ရောင်းချမယ့်အသင်းရဲ့အားကစားနဲ့ဘဏ္ဍာရေးအခြေအနေကိုလည်း ထည့်သွင်းတွက်ချက်တာပါ။

Zawgyi

လက္ရွိေဘာလုံးေလာကရဲ႕တန္ဖိုးအႀကီးဆုံးကစားသမားျဖစ္လာတဲ့ ရက္ရွ္ဖို႔ဒ္

မန္ယူတိုက္စစ္မႈးမားကပ္စ္ရက္ရွ္ဖို႔ဒ္ဟာ အခုုဆုိရင္ လက္ရွိကမာၻ႔ေဘာလုံးေလာကရဲ႕တန္ဖိုးအႀကီးဆုံးကစာသမားျဖစ္လာပါၿပီ။

သူ႔ရဲ႕မန္ယူအသင္းေဖာ္ျဖစ္သူ ကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ဟာလည္း ေစ်းကြက္တန္ဖိုးအရ ရက္ရွ္ဖို႔ဒ္နဲ႔အရမ္းႀကီးမကြာတာကို ေတြ႕ရပါတယ္။

ရက္ရွ္ဖုိ႔ဒ္နဲ႔ေခတ္ၿပိဳင္ျဖစ္တဲ့ ပီအက္စ္ဂ်ီတုိက္စစ္မႈးအမ္ဘက္ပီဟာ ကမာၻေပၚမွာ တန္ဖိုးအႀကီဆုံးကစားသမားအျဖစ္ ကာလရွည္သတ္မွတ္ခံထားရတာျဖစ္ပါတယ္။

ဒါ့အျပင္ လက္ရွိမွာ သူ႔ရဲ႕ကလပ္အသင္းေဖာ္ေနမာတင္ထားတဲ့ ကမာၻ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ခ်ိဳးႏိုင္မယ့္အျဖစ္ႏိုင္ဆုံးကစားသမားအျဖစ္လည္း ထင္ေၾကးေပးခံထားရတာပါ။

ဒါေပမဲ့ အမ္ဘက္ပီဟာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္း ၁၈ လသာက်န္ေတာ့တဲ့အတြက္ သူ႔ရဲ႕ေစ်းကြက္တန္ဖိုးဟာ ေလ်ာ့က်သြားပါတယ္။

ေဘာလံုးသုေတတနအဖြဲ႕အစည္းျဖစ္ CIES ရဲ႕အဆုိအရေတာ့ အဲဒီျပင္သစ္တုိက္စစ္မႈးဟာ အခုခ်ိန္မွာ ယူရို ၁၄၉.၄ သန္းသာ တန္ေတာ့ၿပီး လက္ရွိေဘာလုံးေလာကရဲ႕တန္ဖိုးအႀကီးဆုံးကစားသမားစာရင္းမွာ ပဥၥမေနရာကို ေရာက္သြားပါတယ္။

မန္ယူနဲ႔စာခ်ဳပ္သက္တမ္း ၃ ႏွစ္ခြဲက်န္ေသးတဲ့ ရက္ရွ္ဖို႔ဒ္ကေတာ့ ေစ်းကြက္တန္ေၾကး ယူရို ၁၆၅.၆ သန္းနဲ႔ CIES ရဲ႕သတ္မွတ္မႈမွာ ထိပ္ဆုံးေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

CIES က ထုတ္ျပန္တဲ့ ေဘာလုံးေလာကရဲ႕လက္ရွိတန္ဖိုးအႀကီးဆံုးကစားသမားစာရင္းမွာ ေဒါ့မန္က ဟာလန္း၊ လီဗာပူးက ဟာလန္းနဲ႔ မန္ယူက ဖာနန္ဒက္စ္တို႔ဟာလည္း ထိပ္ဆုံး ၅ ေယာက္ထဲ ပါ၀င္ေနၾကပါတယ္။

CIES ဟာ ဒီစာရင္းကုိျပဳစုရာမွာ ကစားသမားတစ္ေယာက္ရဲ႕အသက္အရြယ္၊ စာခ်ဳပ္ကာလ၊ စြမ္းေဆာင္မႈ၊ ႏိုင္ငံတကာပုံရိပ္၊ ကစားသမားဘ၀တိုးတက္မႈအျပင္ ေရာင္းခ်မယ့္အသင္းရဲ႕အားကစားနဲ႔ဘ႑ာေရးအေျခအေနကိုလည္း ထည့္သြင္းတြက္ခ်က္တာပါ။