လက်ရှိမန်ယူအတွက် ဖာနန်ဒက်စ်လိုကစားသမားမျိုး နောက်တစ်ယောက်မရှိနိုင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီသား ဘရူနိုဖာနန်ဒက်စ်တစ်ယောက် စပို့တင်းလစ္စဘွန်းကနေပေါင် ၆၈ သန်းနဲ့ မန်ယူကိုပြောင်းလာတာ ဇန်နဝါရီ ၂၉ မှာပါ။ မန်ယူကိုသူအပြီးသတ်ရောက်လာပြီး နောက် ၆ ရက်အကြာမှာ ဝုဗ်နဲ့ပွဲမှာသူစတင်ပါဝင်ကစားခဲ့ပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ အဲဒီပွဲမှ ဖာနန်ဒက်စ်ဟာ မန်ယူနဲ့ဝင်ကစားလို့ရလောက်တဲ့အခြေအနေရှိတာကလွဲပြီး သူ့ကိုဘယ်သူကမှ အရမ်းမမျှော်လင့်ခဲ့ကြပါဘူး။

ဘယ်သူကမှလည်း မန်ယူအတွက်ထိရောက်တဲ့ စွမ်းရည်တွေနဲ့အကျိုးပြုမယ်လို့လည်း မထင်ခဲ့ကြပါဘူး။ ဒါပေမယ့်နောက် ၁၁ လအကြာမှာတော့ ဖာနန်ဒက်စ်ဟာ ဝုဗ်နဲ့ပြန်တွေ့တဲ့ပွဲမှာ ရက်ရှ်ဖို့သွင်းခဲ့တဲ့နောက်ကျအနိုင်ဂိုးအတွက် အရေးပါတဲ့ဖန်တီးမှုပြုလုပ်ပေးပြီး မန်ယူအတွက် မရှိမဖြစ်ဆိုတာကို ပြသနိုင်ခဲ့ပါပြီ။

အခုအချိန်မှာအမေးအများဆုံးမေးခွန်းက ဖာနန်ဒက်စ်သာမရှိရင် မန်ယူဘယ်အခြေအနေရောက်နေမလဲ ဆိုတာပါဘဲ။ သူနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေအားလုံး တညီတညွတ်တည်း ကောက်ချက်ချထားကြတာကတော့ တစ်နှစ်တောင်မရှိသေးတဲ့ အချိန်လေးအတွင်းမှာ ဖာနန်ဒက်စ်ဟာ မန်ယူအတွက် ထိရောက်တဲ့သက်ရောက်မှုပြသနိုင်ခဲ့လို့ အသင်းတစ်ခုအတွက် သူလိုကစားသမားမျိုးထပ်တွေ့ဖို့ဆိုတာ ခဲယဉ်းသွားပြီဆိုတာပါဘဲ။

ဝုဗ်နဲ့ပွဲအတွက် Amazon ရဲ့ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ စတိဗ်မက္ကနာမန်က” ဖာနန်ဒက်စ်ဟာ မန်ယူကို ပိုကောင်းအောင် လုပ်ပေးခဲ့တာပါ။ ရူနီနဲ့ အဲရစ်ကန်တိုနာတို့ဟာ အကောင်းဆုံးဖြစ်နေတဲ့အသင်းဆီ ပြောင်းလာကြတာဖြစ်ပြီး ဖာနန်ဒက်စ်ကတော့ မန်ယူကိုပိုကောင်းတဲ့အသင်းဖြစ်လာအောင် ဆွဲတင်ပေးခဲ့ရတာပါ” လို့ပြောပါတယ်။

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ မန်ယူအတွက်မရှိမဖြစ်တဲ့ အဆောင်လက်ဖွဲ့တစ်ခုလိုဖြစ်လာတာပါ။ နာမည်ကျော်တွေရှိနေတဲ့ ကြားထဲကနေမှ သူ့နာမည်ထိုးထွက်လာတာဟာ တော်ရုံစွမ်းဆောင်ရည်နဲ့ မရပါဘူး။ သူရောက်လာပြီးနောက် မန်ယူရဲ့ ပရီးမီးယားလိဂ် ၂၉ ပွဲစလုံးမှာပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး တစ်ပွဲသာလူစားဝင်မှုပြုလုပ်ခဲ့ရတာပါ။

ဒီဇင်ဘာလဆန်းပိုင်းက ဝက်စ်ဟမ်းနဲ့ပွဲမှာဆိုရင် ဆိုးလ်ရှားဟာ ဖာနန်ဒက်စ်ကိုအရန်အဖြစ်သာထားခဲ့သေးပြီး မန်ယူကတစ်ဂိုးရှုံးနေချိန်ရောက်မှ လူစားသွင်းခဲ့တာပါ။ သူဝင်လာပြီးနောက် မန်ယူတိုက်စစ်လည်းသွက်လက်ခဲ့ပြီး ၃-၁ နဲ့အနိုင်ရခဲ့ပါတယ်။ သူကစားခဲ့တဲ့ ၂၉ပွဲမှာ ဂိုးတွေအတွက် တိုက်ရိုက်ပတ်သက်မှုကလည်း ၃၂ ကြိမ်တောင်ရှိနေပါပြီ။ ကိုယ်တိုင်သွင်းတာက ၁၈ ဂိုး၊ ဖန်တီးပေးခဲ့တာက ၁၄ ဂိုးပါ။

ဒါပေမယ့် ဖာနန်ဒက်စ်ဆီမှာ မှတ်တမ်းတွေထက်ပိုသာလွန်တဲ့အချက်တွေရှိနေတာကို ဆိုးလ်ရှားကသိမြင်ခဲ့ပါတယ်။ ဝုဗ်နဲ့ပွဲမတိုင်ခင်မှာသူက” မှတ်တမ်းတွေက အမြဲတမ်းအမှန်ကိုပြောနေတာတော့ မဟုတ်ဘူးဗျ။ သူရဲ့ဖန်တီးမှုတွေ၊ သွင်းဂိုးတွေက ကောင်းမွန်တာမှန်ပေမယ့် အနိုင်လိုချင်တဲ့စိတ်လည်း လိုသေးတာပေါ့။ သူဟာ ဘောလုံးကစားနေရဖို့နဲ့ အနိုင်ရဖို့အတွက် မယုံနိုင်စရာကောင်းတဲ့ ဆာလောင်မှုမျိုးပိုင်ဆိုင်ထားတာပါ။

ဒီကိုရောက်နေတာ ဘောလုံးကစားဖို့အတွက်တင်မဟုတ်ဘဲ အနိုင်ရဖို့အတွက်ပါသူရှိနေတာမျိုးပါ” လို့ ပြောသွားပါတယ်။ ဖာနန်ဒက်စ်ရဲ့နောက်ထပ်အားသာချက်က အခွင့်အရေးတွေဖန်တီးပေးဖို့အတွက် ဘယ်တော့မှ မကြောက်တာပါဘဲ။ ဒါကြောင့်လည်း မန်ယူမှာဘောလုံးကိုအလွယ်တကူဆုံးရှုံးတဲ့သူတွေထဲမှာ ဖာနန်ဒက်စ်က အများဆုံးဖြစ်နေတာပါ။ လက်စတာနဲ့ပွဲမှာဆိုရင်လည်း သူ့ဆီကပါသွားတာကနေတစ်ဆင့် ချေပဂိုးပေးလိုက်ရတာပါ။

ဒါပေမယ့် သူ့ရဲ့စွန့်စားမှုနဲ့ မမျှော်လင့်ထားတဲ့အခြေအနေကနေ ဖန်တီးပေးမှုတွေကနေ မန်ယူဟာ ပြိုင်ဘက်ရဲ့ခံစစ်ကိုထိုးဖောက်ပြီး အကျိုးခံစားနေရတာဖြစ်ပါတယ်။ သူဟာ အများတကာလိုဘဲ အမှားမကင်းပါဘူး။ ဝုဗ်နဲ့ပွဲမှာဆိုရင် ပထမပိုင်းမှာ ဂရင်းဝုဒ်ပေးပို့ခဲ့တဲ့ အပိုင်အခွင့်အရေးကို သူဖြုန်းတီးခဲ့ပါသေးတယ်။ ဒါပေမယ့်သူဟာ ဘယ်တော့မှ ခေါင်းငိုက်စိုက်ချပြီးစိတ်ဓါတ်ကျလွယ်တဲ့သူမဟုတ်ပါဘူး။

ဘောလုံးကိုသူ့ဆီပေးဖို့ ပိုတောင်းဆိုတဲ့အပြင် ကွင်းထဲမှာပိုမိုလှုပ်ရှားပြီး ကစားဖော်တွေအခွင့်အရေးရစေဖို့ အမြဲကြံဆနေသူပါ။ ဒါကြောင့်လည်း အရေးပါတဲ့အချိန်မှာသူ့ပေးပို့မှုကနေ ရက်ရှ်ဖို့ဒ်က ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒီဖန်တီးမှုဟာ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ကွင်းလယ်မှာအနောက်ကိုတော်တော်ရောက်နေ ချိန်မှာ ရက်ရှ်ဖို့ဒ်ပြေးလမ်းထဲကို အပေါ်ဘောချပေးလိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း ဆိုးလ်ရှားက ”ဘရူနိုရဲ့ပွဲဦးထွက်ဖြစ်တဲ့ ဝုဗ်နဲ့ဆုံခဲ့တဲ့ပွဲနဲ့ အခုဝုဗ်နဲ့တွေ့တဲ့ပွဲကွာသွားပါပြီ။ ကျွန်တော်တို့ဟာ စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါ ပိုကောင်းလာခဲ့ပါပြီ။ ဒီယုံကြည်ချက်ကနေဘဲ ခြေစွမ်းကောင်းနဲ့ ရလဒ်ကောင်းတွေထွက်လာတာပါ။ ကျွန်တော်တို့ကစားသမားတွေရဲ့ စွမ်းရည်တွေနဲ့ပေါင်းစပ်လိုက်ချိန်မှာတော့ စက္ကန့်ပိုင်းအတွင်း ရလဒ်ကိုပြောင်း
လဲနိုင်စွမ်းလည်းရှိခဲ့ပါပြီ။

ဘရူနိုဟာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ခြင်းတော့မရှိပါဘူး။ ဒါပေမယ့် သူဟာအခွင့်အရေးတွေဖန်တီးပေးနိုင်ဖို့ အမြဲချောင်းနေတဲ့သူပါ။ နောက်ဆုံးတော့လည်း အလုပ်ဖြစ်ခဲ့တာပေါ့” လို့ပြောသွားပါတယ်။

ဘယ်အသင်းမဆို ကစားသမားသစ်တစ်ဦးခေါ်ယူပြီးရင် သူအထိုင်ကျဖို့ အချိန်ပေးရတာပါ။ အဆင်မပြေတာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ မယုံနိုင်စရာကောင်းတဲ့သူ့စွမ်းဆောင်ရည်၊ အနိုင်ရလိုစိတ်ပြင်းထန်မှု၊ ဘယ်တော့မှ စိတ်ဓါတ်မကျမှုတွေနဲ့အတူ မန်ယူအတွက် မရှိမဖြစ်သူလိုလူ လို့ဘဲပြောရပါတော့မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လက္ရွိမန္ယူအတြက္ ဖာနန္ဒက္စ္လိုကစားသမားမ်ိဳး ေနာက္တစ္ေယာက္မရွိႏိုင္

ေပၚတူဂီသား ဘ႐ူႏိုဖာနန္ဒက္စ္တစ္ေယာက္ စပို႔တင္းလစၥဘြန္းကေနေပါင္ ၆၈ သန္းနဲ႔ မန္ယူကိုေျပာင္းလာတာ ဇန္နဝါရီ ၂၉ မွာပါ။ မန္ယူကိုသူအၿပီးသတ္ေရာက္လာၿပီး ေနာက္ ၆ ရက္အၾကာမွာ ဝုဗ္နဲ႔ပြဲမွာသူစတင္ပါဝင္ကစားခဲ့ပါတယ္။ ဂိုးမရွိသေရက်ခဲ့တဲ့ အဲဒီပြဲမွ ဖာနန္ဒက္စ္ဟာ မန္ယူနဲ႔ဝင္ကစားလို႔ရေလာက္တဲ့အေျခအေနရွိတာကလြဲၿပီး သူ႔ကိုဘယ္သူကမွ အရမ္းမေမွ်ာ္လင့္ခဲ့ၾကပါဘူး။ ဘယ္သူကမွလည္း မန္ယူအတြက္ထိေရာက္တဲ့ စြမ္းရည္ေတြနဲ႔အက်ိဳးျပဳမယ္လို႔လည္း မထင္ခဲ့ၾကပါဘူး။ ဒါေပမယ့္ေနာက္ ၁၁ လအၾကာမွာေတာ့ ဖာနန္ဒက္စ္ဟာ ဝုဗ္နဲ႔ျပန္ေတြ႕တဲ့ပြဲမွာ ရက္ရွ္ဖို႔သြင္းခဲ့တဲ့ေနာက္က်အႏိုင္ဂိုးအတြက္ အေရးပါတဲ့ဖန္တီးမႈျပဳလုပ္ေပးၿပီး မန္ယူအတြက္ မရွိမျဖစ္ဆိုတာကို ျပသႏိုင္ခဲ့ပါၿပီ။

အခုအခ်ိန္မွာအေမးအမ်ားဆုံးေမးခြန္းက ဖာနန္ဒက္စ္သာမရွိရင္ မန္ယူဘယ္အေျခအေနေရာက္ေနမလဲ ဆိုတာပါဘဲ။ သူနဲ႔ပတ္သက္ၿပီး ကြၽမ္းက်င္သူေတြအားလုံး တညီတၫြတ္တည္း ေကာက္ခ်က္ခ်ထားၾကတာကေတာ့ တစ္ႏွစ္ေတာင္မရွိေသးတဲ့ အခ်ိန္ေလးအတြင္းမွာ ဖာနန္ဒက္စ္ဟာ မန္ယူအတြက္ ထိေရာက္တဲ့သက္ေရာက္မႈျပသႏိုင္ခဲ့လို႔ အသင္းတစ္ခုအတြက္ သူလိုကစားသမားမ်ိဳးထပ္ေတြ႕ဖို႔ဆိုတာ ခဲယဥ္းသြားၿပီဆိုတာပါဘဲ။ ဝုဗ္နဲ႔ပြဲအတြက္ Amazon ရဲ႕ေဝဖန္သုံးသပ္သူအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ စတိဗ္မကၠနာမန္က” ဖာနန္ဒက္စ္ဟာ မန္ယူကို ပိုေကာင္းေအာင္ လုပ္ေပးခဲ့တာပါ။ ႐ူနီနဲ႔ အဲရစ္ကန္တိုနာတို႔ဟာ အေကာင္းဆုံးျဖစ္ေနတဲ့အသင္းဆီ ေျပာင္းလာၾကတာျဖစ္ၿပီး ဖာနန္ဒက္စ္ကေတာ့ မန္ယူကိုပိုေကာင္းတဲ့အသင္းျဖစ္လာေအာင္ ဆြဲတင္ေပးခဲ့ရတာပါ” လို႔ေျပာပါတယ္။

အသက္ ၂၆ ႏွစ္ရွိၿပီျဖစ္တဲ့ ဖာနန္ဒက္စ္ဟာ မန္ယူအတြက္မရွိမျဖစ္တဲ့ အေဆာင္လက္ဖြဲ႕တစ္ခုလိုျဖစ္လာတာပါ။ နာမည္ေက်ာ္ေတြရွိေနတဲ့ ၾကားထဲကေနမွ သူ႔နာမည္ထိုးထြက္လာတာဟာ ေတာ္႐ုံစြမ္းေဆာင္ရည္နဲ႔ မရပါဘူး။ သူေရာက္လာၿပီးေနာက္ မန္ယူရဲ႕ ပရီးမီးယားလိဂ္ ၂၉ ပြဲစလုံးမွာပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီး တစ္ပြဲသာလူစားဝင္မႈျပဳလုပ္ခဲ့ရတာပါ။ ဒီဇင္ဘာလဆန္းပိုင္းက ဝက္စ္ဟမ္းနဲ႔ပြဲမွာဆိုရင္ ဆိုးလ္ရွားဟာ ဖာနန္ဒက္စ္ကိုအရန္အျဖစ္သာထားခဲ့ေသးၿပီး မန္ယူကတစ္ဂိုးရႈံးေနခ်ိန္ေရာက္မွ လူစားသြင္းခဲ့တာပါ။ သူဝင္လာၿပီးေနာက္ မန္ယူတိုက္စစ္လည္းသြက္လက္ခဲ့ၿပီး ၃-၁ နဲ႔အႏိုင္ရခဲ့ပါတယ္။ သူကစားခဲ့တဲ့ ၂၉ပြဲမွာ ဂိုးေတြအတြက္ တိုက္႐ိုက္ပတ္သက္မႈကလည္း ၃၂ ႀကိမ္ေတာင္ရွိေနပါၿပီ။ ကိုယ္တိုင္သြင္းတာက ၁၈ ဂိုး၊ ဖန္တီးေပးခဲ့တာက ၁၄ ဂိုးပါ။

ဒါေပမယ့္ ဖာနန္ဒက္စ္ဆီမွာ မွတ္တမ္းေတြထက္ပိုသာလြန္တဲ့အခ်က္ေတြရွိေနတာကို ဆိုးလ္ရွားကသိျမင္ခဲ့ပါတယ္။ ဝုဗ္နဲ႔ပြဲမတိုင္ခင္မွာသူက” မွတ္တမ္းေတြက အၿမဲတမ္းအမွန္ကိုေျပာေနတာေတာ့ မဟုတ္ဘူးဗ်။ သူရဲ႕ဖန္တီးမႈေတြ၊ သြင္းဂိုးေတြက ေကာင္းမြန္တာမွန္ေပမယ့္ အႏိုင္လိုခ်င္တဲ့စိတ္လည္း လိုေသးတာေပါ့။ သူဟာ ေဘာလုံးကစားေနရဖို႔နဲ႔ အႏိုင္ရဖို႔အတြက္ မယုံႏိုင္စရာေကာင္းတဲ့ ဆာေလာင္မႈမ်ိဳးပိုင္ဆိုင္ထားတာပါ။ ဒီကိုေရာက္ေနတာ ေဘာလုံးကစားဖို႔အတြက္တင္မဟုတ္ဘဲ အႏိုင္ရဖို႔အတြက္ပါသူရွိေနတာမ်ိဳးပါ” လို႔ ေျပာသြားပါတယ္။ ဖာနန္ဒက္စ္ရဲ႕ေနာက္ထပ္အားသာခ်က္က အခြင့္အေရးေတြဖန္တီးေပးဖို႔အတြက္ ဘယ္ေတာ့မွ မေၾကာက္တာပါဘဲ။ ဒါေၾကာင့္လည္း မန္ယူမွာေဘာလုံးကိုအလြယ္တကူဆုံးရႈံးတဲ့သူေတြထဲမွာ ဖာနန္ဒက္စ္က အမ်ားဆုံးျဖစ္ေနတာပါ။ လက္စတာနဲ႔ပြဲမွာဆိုရင္လည္း သူ႔ဆီကပါသြားတာကေနတစ္ဆင့္ ေခ်ပဂိုးေပးလိုက္ရတာပါ။

ဒါေပမယ့္ သူ႔ရဲ႕စြန႔္စားမႈနဲ႔ မေမွ်ာ္လင့္ထားတဲ့အေျခအေနကေန ဖန္တီးေပးမႈေတြကေန မန္ယူဟာ ၿပိဳင္ဘက္ရဲ႕ခံစစ္ကိုထိုးေဖာက္ၿပီး အက်ိဳးခံစားေနရတာျဖစ္ပါတယ္။ သူဟာ အမ်ားတကာလိုဘဲ အမွားမကင္းပါဘူး။ ဝုဗ္နဲ႔ပြဲမွာဆိုရင္ ပထမပိုင္းမွာ ဂရင္းဝုဒ္ေပးပို႔ခဲ့တဲ့ အပိုင္အခြင့္အေရးကို သူျဖဳန္းတီးခဲ့ပါေသးတယ္။ ဒါေပမယ့္သူဟာ ဘယ္ေတာ့မွ ေခါင္းငိုက္စိုက္ခ်ၿပီးစိတ္ဓါတ္က်လြယ္တဲ့သူမဟုတ္ပါဘူး။ ေဘာလုံးကိုသူ႔ဆီေပးဖို႔ ပိုေတာင္းဆိုတဲ့အျပင္ ကြင္းထဲမွာပိုမိုလႈပ္ရွားၿပီး ကစားေဖာ္ေတြအခြင့္အေရးရေစဖို႔ အၿမဲႀကံဆေနသူပါ။ ဒါေၾကာင့္လည္း အေရးပါတဲ့အခ်ိန္မွာသူ႔ေပးပို႔မႈကေန ရက္ရွ္ဖို႔ဒ္က ဂိုးသြင္းႏိုင္ခဲ့တာပါ။ ဒီဖန္တီးမႈဟာ လြယ္ကူခဲ့တာေတာ့မဟုတ္ပါဘူး။ ကြင္းလယ္မွာအေနာက္ကိုေတာ္ေတာ္ေရာက္ေန ခ်ိန္မွာ ရက္ရွ္ဖို႔ဒ္ေျပးလမ္းထဲကို အေပၚေဘာခ်ေပးလိုက္ရတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဆိုးလ္ရွားက ”ဘ႐ူႏိုရဲ႕ပြဲဦးထြက္ျဖစ္တဲ့ ဝုဗ္နဲ႔ဆုံခဲ့တဲ့ပြဲနဲ႔ အခုဝုဗ္နဲ႔ေတြ႕တဲ့ပြဲကြာသြားပါၿပီ။ ကြၽန္ေတာ္တို႔ဟာ စိတ္ပိုင္းေရာ ႐ုပ္ပိုင္းမွာပါ ပိုေကာင္းလာခဲ့ပါၿပီ။ ဒီယုံၾကည္ခ်က္ကေနဘဲ ေျခစြမ္းေကာင္းနဲ႔ ရလဒ္ေကာင္းေတြထြက္လာတာပါ။ ကြၽန္ေတာ္တို႔ကစားသမားေတြရဲ႕ စြမ္းရည္ေတြနဲ႔ေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ စကၠန႔္ပိုင္းအတြင္း ရလဒ္ကိုေျပာင္း
လဲႏိုင္စြမ္းလည္းရွိခဲ့ပါၿပီ။ ဘ႐ူႏိုဟာ အေကာင္းဆုံးေျခစြမ္းျပသႏိုင္ခဲ့ျခင္းေတာ့မရွိပါဘူး။ ဒါေပမယ့္ သူဟာအခြင့္အေရးေတြဖန္တီးေပးႏိုင္ဖို႔ အၿမဲေခ်ာင္းေနတဲ့သူပါ။ ေနာက္ဆုံးေတာ့လည္း အလုပ္ျဖစ္ခဲ့တာေပါ့” လို႔ေျပာသြားပါတယ္။ ဘယ္အသင္းမဆို ကစားသမားသစ္တစ္ဦးေခၚယူၿပီးရင္ သူအထိုင္က်ဖို႔ အခ်ိန္ေပးရတာပါ။ အဆင္မေျပတာေတြလည္းရွိခဲ့ပါတယ္။ ဒါေပမယ့္ ဖာနန္ဒက္စ္ကေတာ့ မယုံႏိုင္စရာေကာင္းတဲ့သူ႔စြမ္းေဆာင္ရည္၊ အႏိုင္ရလိုစိတ္ျပင္းထန္မႈ၊ ဘယ္ေတာ့မွ စိတ္ဓါတ္မက်မႈေတြနဲ႔အတူ မန္ယူအတြက္ မရွိမျဖစ္သူလိုလူ လို႔ဘဲေျပာရပါေတာ့မယ္။