လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ သူအကြိုက်ဆုံးအသင်းကို ပြောပြလိုက်တဲ့ မော်ရင်ဟို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟိုဆေး မော်ရင်ဟိုက လက်ရှိ ပရီးမီးယားလိဂ်မှာ သူအကြိုက်ဆုံးနဲ့ စောင့်ကြည့်ရမယ့်အသင်းအဖြစ် အက်စတွန်ဗီလာကို ရွေးချယ်သွားခဲ့ပါတယ်။ မကြာမီကမှ ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ တော့တင်ဟမ်က ၃ဂိုးပြတ် အနိုင်ယူကာ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ကလည်း ပရီးမီးယားလိဂ်မှာ တွဲဖက်ဂိုးသွင်းမှု အများဆုံး အတွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ကိန်းက ပင်နယ်တီကနေ အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဆွန်က တော့တင်ဟမ်အတွက် ဂိုး၁၀၀မြောက် သွင်းဂိုးအဖြစ် ဒုတိယဂိုး၊ ဒုတိယပိုင်းမှာ အယ်လ်ဒါဝီက တတိယဂိုးတို့ကို သွင်းယူခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲနဲ့အတူ တော့တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၄ပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပြီး အဆင့်၃နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ မော်ရင်ဟိုက လက်ရှိမှာ သူအကြိုက်ဆုံးအသင်းအဖြစ် ယမန်နေ့က ယူနိုက်တက်ကို ရှုံးခဲ့တဲ့ အက်စတွန်ဗီလာကို ရွေးချယ်သွားခဲ့ပါတယ်။ “ထိပ်သီး၆သင်းအဖြစ် သတ်မှတ်ခံထားရတဲ့ သူတွေက လွယ်ကူတဲ့ပွဲတွေ ရောက်လာပြီလို့ ပြောတာ ကျွန်တော် မယုံပါဘူး။ လိဒ်က ကစားရခက်ပြီး အက်စတွန်ဗီလာကလည်း လက်ရှိ ပရီးမီးယားလိဂ်မှာ ကျွန်တော် အကြိုက်ဆုံးအသင်းပါ”

“သူတို့ ကစားတာ ကြည့်ရတာ ကြိုက်ပြီး ကစားသမားကောင်းတွေ ရှိသလို နည်းပြလည်း ကောင်းပါတယ်။ နောက်ပွဲ သူတို့နဲ့ ကစားရမှာပါ”လို့ ပြောခဲ့ပါတယ်။ လိဒ်နဲ့ ပွဲက ရလဒ်အတွက် မော်ရင်ဟိုက ကျေနပ်နေပေမဲ့ တိုးတက်စရာတွေ ကျန်နေသေးကြောင်း ဆိုခဲ့ပါတယ်။

“၃မှတ်ရဖို့က အရမ်းအရေးကြီးပါတယ်။ သူတို့ ဘယ်လို ထိုးနှက်နိုင်တယ်ဆိုတာ၊ ကျွန်တော်တို့ ဘယ်လို တိုက်ခိုက်နိုင်တယ်ဆိုတာကို ကစားသမားတွေ နားလည်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီအခြေအနေအပေါ် ကျွန်တော် ဝမ်းသာပေမဲ့ ဒီထက် ပိုတိုးတက်ဖို့ လိုသေးတယ်လို့ ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လက္ရွိအခ်ိန္ ပရီးမီးယားလိဂ္မွာ သူအၾကိဳက္ဆံုးအသင္းကို ေျပာျပလိုက္တဲ့ ေမာ္ရင္ဟို

ဟိုေဆး ေမာ္ရင္ဟိုက လက္ရွိ ပရီးမီးယားလိဂ္မွာ သူအၾကိဳက္ဆံုးနဲ႔ ေစာင့္ၾကည့္ရမယ့္အသင္းအျဖစ္ အက္စတြန္ဗီလာကို ေရြးခ်ယ္သြားခဲ့ပါတယ္။ မၾကာမီကမွ ကစားခဲ့တဲ့ လိဒ္ယူႏုိက္တက္နဲ႔ ပြဲစဥ္မွာ ေတာ့တင္ဟမ္က ၃ဂိုးျပတ္ အႏိုင္ယူကာ ဟယ္ရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ကလည္း ပရီးမီးယားလိဂ္မွာ တဲြဖက္ဂိုးသြင္းမႈ အမ်ားဆံုး အတြဲအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ ကိန္းက ပင္နယ္တီကေန အဖြင့္ဂိုးသြင္းယူခဲ့ျပီး ဆြန္က ေတာ့တင္ဟမ္အတြက္ ဂိုး၁၀၀ေျမာက္ သြင္းဂိုးအျဖစ္ ဒုတိယဂိုး၊ ဒုတိယပုိင္းမွာ အယ္လ္ဒါ၀ီက တတိယဂိုးတို႔ကို သြင္းယူခဲ့ပါတယ္။

အဆိုပါ ႏိုင္ပဲြနဲ႔အတူ ေတာ့တင္ဟမ္အသင္းဟာ ပရီးမီးယားလိဂ္မွာ ၄ပဲြဆက္ ႏုိင္ပဲြေပ်ာက္မႈကို ရပ္တန္႔ႏိုင္ခဲ့တာ ျဖစ္ျပီး အဆင့္၃ေနရာကို တက္လွမ္းလာႏိုင္ခဲ့ပါတယ္။ ပြဲအျပီးမွာ ေမာ္ရင္ဟုိက လက္ရွိမွာ သူအၾကိဳက္ဆံုးအသင္းအျဖစ္ ယမန္ေန႔က ယူႏိုက္တက္ကို ရႈံးခဲ့တဲ့ အက္စတြန္ဗီလာကို ေရြးခ်ယ္သြားခဲ့ပါတယ္။ “ထိပ္သီး၆သင္းအျဖစ္ သတ္မွတ္ခံထားရတဲ့ သူေတြက လြယ္ကူတဲ့ပဲြေတြ ေရာက္လာျပီလို႔ ေျပာတာ ကြ်န္ေတာ္ မယံုပါဘူး။ လိဒ္က ကစားရခက္ျပီး အက္စတြန္ဗီလာကလည္း လက္ရွိ ပရီးမီးယားလိဂ္မွာ ကြ်န္ေတာ္ အၾကိဳက္ဆံုးအသင္းပါ”

“သူတို႔ ကစားတာ ၾကည့္ရတာ ၾကိဳက္ျပီး ကစားသမားေကာင္းေတြ ရိွသလို နည္းျပလည္း ေကာင္းပါတယ္။ ေနာက္ပဲြ သူတို႔နဲ႔ ကစားရမွာပါ”လို႔ ေျပာခဲ့ပါတယ္။ လိဒ္နဲ႔ ပြဲက ရလဒ္အတြက္ ေမာ္ရင္ဟိုက ေက်နပ္ေနေပမဲ့ တုိးတက္စရာေတြ က်န္ေနေသးေၾကာင္း ဆုိခဲ့ပါတယ္။ “၃မွတ္ရဖို႔က အရမ္းအေရးၾကီးပါတယ္။ သူတို႔ ဘယ္လို ထုိးႏွက္ႏိုင္တယ္ဆိုတာ၊ ကြ်န္ေတာ္တို႔ ဘယ္လို တုိက္ခိုက္ႏိုင္တယ္ဆုိတာကို ကစားသမားေတြ နားလည္ခဲ့တယ္လို႔ ထင္ပါတယ္။ အဲ့ဒီအေျခအေနအေပၚ ကြ်န္ေတာ္ ၀မ္းသာေပမဲ့ ဒီထက္ ပုိတုိးတက္ဖို႔ လိုေသးတယ္လို႔ ထင္ပါတယ္”လို႔ ဆုိခဲ့ပါတယ္။