
မန်ယူအသင်းရဲ့ ကွင်းလယ်လူ လင်ဂတ်ကတော့ လက်ရှိ အသင်းမှာ
ပုံမှန်ပွဲထွက်ခွင့်တစ်နေရာရဖို့ ရုန်းကန်နေရပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ဝက်စ်ဟမ်းအသင်းထံ အငှားထွက်ကစားရသလို လက်ရှိ
အသင်းထံ ပြန်ရောက်လာချိန်မှာလည်း လူစားဝင် ကစားသမားအဖြစ်နဲ့သာ
ကျေနပ်နေရပါတယ်။ (၂၀၂၂) ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းရဲ့
လူစာရင်းမှာ ရွေးချယ်ခံချင်နေတဲ့ လင်ဂတ် ပွဲကစားချိန် များများရဖို့အတွက်
မန်ယူအသင်းကို စွန့်ခွာပြီး အသင်းသစ် တစ်သင်းရှာဖွေဖို့ စဉ်းစားနေရပါပြီ။
လာမယ့်နှစ် ဇွန်လမှာ စာချုပ်သက်တမ်း ပြည့်တော့မယ့် လင်ဂတ်ဟာ အသင်းရဲ့
စာချုပ်သစ် ကမ်းလှမ်းမှုကိုလည်း ပယ်ချထားပြီး ပွဲထွက်ခွင့် အာမခံချက်
မပေးနိုင်သေးတာကြောင့် အခြေအနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။
လင်ဂတ်လို မန်ယူအကယ်ဒမီထွက် ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်တဲ့အပြင်
အသင်းအပေါ် သံယောဇဉ်တွယ်လွန်းတဲ့သူတစ်ယောက်အတွက်တော့
မန်ယူအသင်းကို စွန့်ခွာဖို့ စဉ်းစားရတာဟာ သိပ်တော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။
လင်ဂတ်က ၎င်းရဲ့ အခက်အခဲတွေကို နည်းပြဆိုးလ်ရှားထံ ကိုယ်တိုင်
သွားရောက်ပြီး ရင်ဖွင့်ခဲ့တဲ့အကြောင်းကိုလည်း အခုလိုမျိုး ဖွင့်ဟလာပါတယ်။
” အရင်တုန်းက ကျွန်တော့်ရဲ့အခက်အခဲတွေအားလုံးကို ကျွန်တော့်ရဲ့ နည်းပြ နဲ့
ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ရင်ဖွင့်ဖို့ သတ္တိမရှိခဲ့ဘူးဗျ။ အခုတော့ ဒီလို
စကားတွေကို သူတို့နဲ့ ပြောဆိုတိုင်ပင်ဖို့ ကျွန်တော် သတ္တိရှိလာပါပြီ။
ပြီးတော့ နည်းပြ ဆိုးလ်ရှားက ကျွန်တော့်အတွက်တော့ နည်းပြတစ်ယောက်
ဆိုတာထက် ပိုပါတယ်။ သူ နဲ့ ကျွန်တော် သိကျွမ်းခဲ့တဲ့ နှစ်တွေက မနည်းတော့ပါဘူး။
ကျွန်တော့်ရဲ့ မိတ်ဆွေရင်းတစ်ယောက်လို့တောင် ပြောလို့ရနိုင်ပါတယ်။
ကျွန်တော် လူငယ်အသင်းမှာ ကစားတုန်းကလည်း ကျွန်တော့်ကို ပွဲထုတ်ခဲ့တာ သူပါပဲ”
( ၂၀၀၈ ကနေ ၂၀၁၁ အတွင်း ဆိုးလ်ရှားက မန်ယူအကယ်ဒမီမှာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူး )
” နည်းပြဆိုးလ်ရှား ကျွန်တော့်ကို ပြောနေကျ စကားတစ်ခွန်းရှိတယ်ဗျ။ လင်ဂတ်ရေ ..
မင်းဘက်က တစ်ခုကို လိုအပ်တာရှိရင် ငါ့ ရုံးခန်းတံခါးကို လာခေါက်လိုက်။
ဘာပဲဖြစ်ဖြစ်ကွာ .. အချိန်မရွေးသာလာခဲ့ … ။ အဲ့လို ပြောခဲ့တယ်။
အဲ့ဒါနဲ့ တစ်ရက်ကျတော့ ကျွန်တော် သူ့ရုံးခန်းကိုသွားပြီး ကျွန်တော့်ရဲ့ အခက်အခဲတွေကို
ရင်ဖွင့်တော့ သူက ကျွန်တော့်ကို ပြန်ပြောတယ်။ မင်းကွာ .. ငါ့ဆီကို အခုထက်
ပိုပြီး စောစောလာခဲ့ဖို့ ငါ့ဘက်က မျှော်လင့်ထားတာတဲ့”
” သူက အဲ့ဒီလို ပြောတော့ ကျွန်တော်လည်း ငါ ဘာလို့ အစောကြီးကတည်း
သူ့ကို ဒါတွေမပြောခဲ့မိပါလိမ့် လို့လည်း တွေးမိတယ်” လို့ လင်ဂတ်ကဆိုပါတယ်။
လင်ဂတ်ဟာ သူ့အပေါ် အသင်းဖော် ဖာနန်ဒက်စ်က စိတ်ဓာတ်ခွန်အားပေးမှုတွေကို
ထုတ်ဖော်ပြောဆိုခဲ့သလို နည်းပြဆိုးလ်ရှားရဲ့ သူ့အပေါ် ဂရုစိုက်မှုတွေကိုပါ ဖွင့်ဟလာခဲ့ပြီး
၎င်းရဲ့ စကားအသွားအလာတွေအရ မန်ယူအသင်းမှာ ဆက်ရှိခွင့်ရဖို့ မျှော်လင့်နေပုံရပါတယ်။
နည်းပြဆိုးလ်ရှားအနေနဲ့ကလည်း အသင်းဘုတ်အဖွဲ့ရဲ့ လင်ဂတ် ကို ရောင်းထုတ်ဖို့ပြင်နေတဲ့
အစီအစဉ်နဲ့ အမြင်မတူဘဲ ၎င်းရဲ့ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့
ဆန္ဒရှိနေတာဖြစ်ပြီး အခုလိုမျိုး လင်ဂတ်ရဲ့ ပြောဆိုမှုအရ ၎င်းတို့ နှစ်ဦးအကြားမှာ
နားလည်မှုကောင်း တည်ဆောက်နိုင်ခဲ့ပြီလားဆိုတာ စိတ်ဝင်စားစရာပါ။
လင်ဂတ်ကို ဘာစီလိုနာ နဲ့ အေစီမီလန်အသင်းတွေက စောင့်ကြည့်နေပြီး မန်ယူအသင်း
တာဝန်ရှိသူတွေဘက်ကလည်း ပထမ အကြိမ် ကမ်းလှမ်းမှု ပယ်ချခံခဲ့ရပြီးနောက်ပိုင်း
နောက်ထပ် စာချုပ်သစ် ကမ်းလှမ်းမှုမျိုး ထပ်မံ မလုပ်ထားသေးတာဖြစ်ပါတယ်။
zawgyi
လင္ဂတ္နဲ႔ ဆိုးလ္ရွား ၎တို႔ ႏွစ္ဦးအၾကားမွာ နားလည္မႈေကာင္း တည္ေဆာက္ႏိုင္ခဲ့ၿပီလား
မန္ယူအသင္းရဲ႕ ကြင္းလယ္လူ လင္ဂတ္ကေတာ့ လက္ရွိ အသင္းမွာ
ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာရဖို႔ ႐ုန္းကန္ေနရပါတယ္။
ၿပီးခဲ့တဲ့ ရာသီမွာ ဝက္စ္ဟမ္းအသင္းထံ အငွားထြက္ကစားရသလို လက္ရွိ
အသင္းထံ ျပန္ေရာက္လာခ်ိန္မွာလည္း လူစားဝင္ ကစားသမားအျဖစ္နဲ႔သာ
ေက်နပ္ေနရပါတယ္။ (၂၀၂၂) ကမာၻ႔ဖလားအတြက္ အဂၤလန္အသင္းရဲ႕
လူစာရင္းမွာ ေ႐ြးခ်ယ္ခံခ်င္ေနတဲ့ လင္ဂတ္ ပြဲကစားခ်ိန္ မ်ားမ်ားရဖို႔အတြက္
မန္ယူအသင္းကို စြန႔္ခြာၿပီး အသင္းသစ္ တစ္သင္းရွာေဖြဖို႔ စဥ္းစားေနရပါၿပီ။
လာမယ့္ႏွစ္ ဇြန္လမွာ စာခ်ဳပ္သက္တမ္း ျပည့္ေတာ့မယ့္ လင္ဂတ္ဟာ အသင္းရဲ႕
စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကိုလည္း ပယ္ခ်ထားၿပီး ပြဲထြက္ခြင့္ အာမခံခ်က္
မေပးႏိုင္ေသးတာေၾကာင့္ အေျခအေန ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။
လင္ဂတ္လို မန္ယူအကယ္ဒမီထြက္ ငယ္ေမြးၿခံေပါက္ကစားသမားတစ္ဦးျဖစ္တဲ့အျပင္
အသင္းအေပၚ သံေယာဇဥ္တြယ္လြန္းတဲ့သူတစ္ေယာက္အတြက္ေတာ့
မန္ယူအသင္းကို စြန႔္ခြာဖို႔ စဥ္းစားရတာဟာ သိပ္ေတာ့ လြယ္ကူတဲ့ ကိစၥမဟုတ္ခဲ့ပါဘူး။
လင္ဂတ္က ၎ရဲ႕ အခက္အခဲေတြကို နည္းျပဆိုးလ္ရွားထံ ကိုယ္တိုင္
သြားေရာက္ၿပီး ရင္ဖြင့္ခဲ့တဲ့အေၾကာင္းကိုလည္း အခုလိုမ်ိဳး ဖြင့္ဟလာပါတယ္။
” အရင္တုန္းက ကြၽန္ေတာ့္ရဲ႕အခက္အခဲေတြအားလုံးကို ကြၽန္ေတာ့္ရဲ႕ နည္းျပ နဲ႔
ကြၽန္ေတာ့္ရဲ႕ အသင္းေဖာ္ေတြကို ရင္ဖြင့္ဖို႔ သတၱိမရွိခဲ့ဘူးဗ်။ အခုေတာ့ ဒီလို
စကားေတြကို သူတို႔နဲ႔ ေျပာဆိုတိုင္ပင္ဖို႔ ကြၽန္ေတာ္ သတၱိရွိလာပါၿပီ။
ၿပီးေတာ့ နည္းျပ ဆိုးလ္ရွားက ကြၽန္ေတာ့္အတြက္ေတာ့ နည္းျပတစ္ေယာက္
ဆိုတာထက္ ပိုပါတယ္။ သူ နဲ႔ ကြၽန္ေတာ္ သိကြၽမ္းခဲ့တဲ့ ႏွစ္ေတြက မနည္းေတာ့ပါဘူး။
ကြၽန္ေတာ့္ရဲ႕ မိတ္ေဆြရင္းတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရႏိုင္ပါတယ္။
ကြၽန္ေတာ္ လူငယ္အသင္းမွာ ကစားတုန္းကလည္း ကြၽန္ေတာ့္ကို ပြဲထုတ္ခဲ့တာ သူပါပဲ”
( ၂၀၀၈ ကေန ၂၀၁၁ အတြင္း ဆိုးလ္ရွားက မန္ယူအကယ္ဒမီမွာ တာဝန္ယူ ကိုင္တြယ္ခဲ့ဖူး )
” နည္းျပဆိုးလ္ရွား ကြၽန္ေတာ့္ကို ေျပာေနက် စကားတစ္ခြန္းရွိတယ္ဗ်။ လင္ဂတ္ေရ ..
မင္းဘက္က တစ္ခုကို လိုအပ္တာရွိရင္ ငါ့ ႐ုံးခန္းတံခါးကို လာေခါက္လိုက္။
ဘာပဲျဖစ္ျဖစ္ကြာ .. အခ်ိန္မေ႐ြးသာလာခဲ့ … ။ အဲ့လို ေျပာခဲ့တယ္။
အဲ့ဒါနဲ႔ တစ္ရက္က်ေတာ့ ကြၽန္ေတာ္ သူ႔႐ုံးခန္းကိုသြားၿပီး ကြၽန္ေတာ့္ရဲ႕ အခက္အခဲေတြကို
ရင္ဖြင့္ေတာ့ သူက ကြၽန္ေတာ့္ကို ျပန္ေျပာတယ္။ မင္းကြာ .. ငါ့ဆီကို အခုထက္
ပိုၿပီး ေစာေစာလာခဲ့ဖို႔ ငါ့ဘက္က ေမွ်ာ္လင့္ထားတာတဲ့”
” သူက အဲ့ဒီလို ေျပာေတာ့ ကြၽန္ေတာ္လည္း ငါ ဘာလို႔ အေစာႀကီးကတည္း
သူ႔ကို ဒါေတြမေျပာခဲ့မိပါလိမ့္ လို႔လည္း ေတြးမိတယ္” လို႔ လင္ဂတ္ကဆိုပါတယ္။
လင္ဂတ္ဟာ သူ႔အေပၚ အသင္းေဖာ္ ဖာနန္ဒက္စ္က စိတ္ဓာတ္ခြန္အားေပးမႈေတြကို
ထုတ္ေဖာ္ေျပာဆိုခဲ့သလို နည္းျပဆိုးလ္ရွားရဲ႕ သူ႔အေပၚ ဂ႐ုစိုက္မႈေတြကိုပါ ဖြင့္ဟလာခဲ့ၿပီး
၎ရဲ႕ စကားအသြားအလာေတြအရ မန္ယူအသင္းမွာ ဆက္ရွိခြင့္ရဖို႔ ေမွ်ာ္လင့္ေနပုံရပါတယ္။
နည္းျပဆိုးလ္ရွားအေနနဲ႔ကလည္း အသင္းဘုတ္အဖြဲ႕ရဲ႕ လင္ဂတ္ ကို ေရာင္းထုတ္ဖို႔ျပင္ေနတဲ့
အစီအစဥ္နဲ႔ အျမင္မတူဘဲ ၎ရဲ႕ ကစားသမားကို အသင္းမွာ ဆက္ထိန္းထားဖို႔
ဆႏၵရွိေနတာျဖစ္ၿပီး အခုလိုမ်ိဳး လင္ဂတ္ရဲ႕ ေျပာဆိုမႈအရ ၎တို႔ ႏွစ္ဦးအၾကားမွာ
နားလည္မႈေကာင္း တည္ေဆာက္ႏိုင္ခဲ့ၿပီလားဆိုတာ စိတ္ဝင္စားစရာပါ။
လင္ဂတ္ကို ဘာစီလိုနာ နဲ႔ ေအစီမီလန္အသင္းေတြက ေစာင့္ၾကည့္ေနၿပီး မန္ယူအသင္း
တာဝန္ရွိသူေတြဘက္ကလည္း ပထမ အႀကိမ္ ကမ္းလွမ္းမႈ ပယ္ခ်ခံခဲ့ရၿပီးေနာက္ပိုင္း
ေနာက္ထပ္ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈမ်ိဳး ထပ္မံ မလုပ္ထားေသးတာျဖစ္ပါတယ္။