လင်ဂတ်ရဲ့အပြောင်းအရွှေ့ကနေ မထင်ထားတဲ့ အကျိုးအမြတ်ရနိုင်တဲ့ ယူနိုက်တက်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
သတင်းတွေအရ ယူနိုက်တက်ဟာ လင်ဂတ်အပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းသာ ဥရောပဝင်ခွင့်ရရှိမယ်ဆိုရင် အပိုငွေကြေးတစ်ရပ်ရရှိဦးမယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်သားဟာ နည်းပြ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်မရတာကြောင့် ဝက်စ်ဟမ်းအသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အင်္ဂလန်သားဟာ ယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
သတင်းဌာနတစ်ခုရဲ့အဆိုအရ ယူနိုက်တက်ဟာ တကယ်လို့ရာသီကုန်မှာသာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဥရောပဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် ဝက်စ်ဟမ်းထံကနေ ပေါင် ၅၀၀၀၀၀ အထိရရှိမယ်လို့ ဖော်ပြခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာ လင်ဂတ်ကိုအငှားခေါ်ယူခအဖြစ် ပေါင် ၁.၅ သန်းပေးချေခဲ့ရပြီး လစာအဖြစ် လင်ဂတ်ကို ပေါင် ၁၀၀၀၀၀ ပေးချေရမှာဖြစ်ပါတယ်။
“ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေပါတယ်။ အခုဆိုကျွန်တော့်ဘဝနောက်တစ်ခုစတင်ခဲ့ပါပြီ။ ဘယ်အရာမှ အာမခံချက်မရှိပေမယ့် ကွန်တော်အလုပ်ကြိုးစားပြီး အသင်းကို ကူညီချင်ပါတယ်။
မကြာခင်မှာ ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံပြန်ရမယ်လို့ထင်ပါတယ်။ ဝက်စ်ဟမ်းမှာ ကစားသမားအများအပြားကို သိပါတယ်။
ဒီကလန်ရိုက်စ်ဆိုလည်း အင်္ဂလန်မှာကတည်းက သိပြီးသားပါ။ သူ့ကြောင့် အလျင်အမြန်အထိုင်ကျမယ်လို့ ယုံကြည်ပါတယ်”လို့ လင်ဂတ်က ပြောကြားခဲ့ပါတယ်။
လင်ဂတ်ကလည်း မိုယက်ချ်နဲ့စကားပြောဆိုပြီးသားဖြစ်ကာ အသင်းကို အမှတ်ပေးဇယားအထက်ပိုင်းရောက်အောက်ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“နည်းပြ နဲ့ ကစားသမားကြားက ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ သူနဲ့ကျွန်တော်က အရင်ကတည်းက ရင်းနှီးပြီးသားပါ။ ဝက်စ်ဟမ်းအတွက် အမြန်ဆုံးကစားပေးချင်နေပါပြီ”လို့ လင်ဂတ်က ပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi