လစာလျှော့ချမယ့်ကိစ္စကို စီနီယာတွေက လက်ခံသလိုပုံစံမျိုးလုပ်ခဲ့တဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ကို မက်ဆီဦးဆောင်ပြီး တုံ့ပြန်ရန်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နွေရာသီဈေးကွက်မှာ မက်ဆီနဲ့ ဘာစီလိုနာရဲ့ အကွဲအပြဲဇာတ်လမ်းထွက်ပေါ်ခဲ့ပြီး နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ယာယီစစ်ပြေငြိမ်းထားတဲ့ပုံစံမျိုးနဲ့ ရာသီကုန်အထိ ခရီးဆက်ဖို့ ပြင်ဆင်ထားတဲ့အချိန်မှာ အခုနောက်ထပ်ဇာတ်လမ်းတစ်ပုဒ် ထပ်ထွက်လာပါတယ်။

အဲဒါကတော့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်တွေ မပါဘဲကစားနေရတဲ့ ဘောလုံးအသင်းတွေဟာ သူတို့နည်း၊ သူတို့ဟန်နဲ့ ကစားသမား တွေရဲ့လစာတွေကိုလျှော့ချဖြတ်တောက်ဖို့ စီစဉ်ကြတဲ့အထဲမှာ ဘာစီလိုနာက အသင်း သားတွေရဲ့လစာကို ဘယ်သူနဲ့မှ တိုင်ပင်မှုမရှိဘဲ ၃၀ ရာခိုင်နှုန်း ဖြတ်တောက်ဖို့ ကြေညာချက်ထုတ်လိုက်တာပါပဲ။

လွန်ခဲ့တဲ့ ၂ ရက်က ၂၀၂၄ အထိ စာချုပ်သက်တမ်း တိုးခဲ့တဲ့ ပီကေးရဲ့ပြောကြားချက်ကလည်း စိတ်ဝင်စားစရာပါ။

ပီကေးက “အသင်း ဘုတ်အဖွဲ့က ကစားသမားတွေရဲ့လစာကို ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအတွင်း ဖြတ်တောက်လျှော့ချမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကျွန်တော် စာချုပ်သက်တမ်းတိုးပြီးမှ ဒီအချက်ကိုသိရတာပါ။ အသင်းသားတွေက ကျွန်တော်တို့စီနီယာကစားသမားတွေ ဒီ ကိစ္စကိုသိနေပြီးသားပုံစံမျိုးပြောဆိုနေတာတွေ ကြားနေရပါတယ်။ ကျွန်တော်တို့ စီနီယာတွေကသဘောတူလို့ ဒီလိုစီစဉ်နိုင်တာမျိုးလို့ စွပ်စွဲမှုတွေရှိနေတာ တွေ့ရတယ်” လို့ ပြောကြားသွားပါတယ်။

ဘာစီလိုနာမှာ အသင်းခေါင်းဆောင် ခန့်အပ်မှုပုံစံအရ မက်ဆီ၊ ဆာဂျီယိုရောဘတ်တို၊ ပီကေးနဲ့ ဘတ်စ်ကွက်စ်တို့က အစဉ်လိုက် ပထမကနေ စတုတ္ထအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတာပါ။ အခုတော့ ကစားသမားအချင်း ချင်းအကြား အထင်အမြင်လွဲတာတွေဖြစ်နေတာကို မက်ဆီက ဦးဆောင်ပြီး အသင်း ခေါင်းဆောင် ၄ ဦးစလုံးရဲ့တောင်းဆိုချက်အဖြစ် အသင်းဘုတ်အဖွဲ့ကို တရားဝင်စာ ရေးသားကန့်ကွက်စာ ပေးပို့ထားတယ်လို့ သိရပါတယ်။

ကန့်ကွက်ထားတဲ့အကြောင်း အရာထဲမှာ ကစားသမားတွေရဲ့ရပိုင်ခွင့်တွေကို လျှော့ချဖြတ်တောက်မှုတွေပြုလုပ်ခဲ့တဲ့ အတွက် စိတ်မသက်မသာခံစားရသလို ဘယ်သူနဲ့မှမတိုင်ပင်ဘဲ ဆုံးဖြတ်လိုက်တဲ့ဆုံး ဖြတ်ချက်တွေအတွက်လည်း အတော်လေးကိုစိတ်ပျက်ရကြောင်း ထည့်သွင်းဖော်ပြ ထားတယ်လို့ သိရပါတယ်။ မက်ဆီရဲ့ကိစ္စကို ယာယီထိန်းထားနိုင်ခဲ့တဲ့ အသင်း ဘာတိုမြူဟာ အခုကိစ္စကြောင့် ဖိအားတွေအောက်ကို ပြန်ရောက်သွားခဲ့ပြီး ကျဉ်းထဲကျပ်ထဲအခြေအနေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လစာေလွ်ာ့ခ်မယ့္ကိစၥကို စီနီယာေတြက လက္ခံသလိုပုံစံမ်ဳိးလုပ္ခဲ့တဲ့ ဘာစီလိုနာ ဘုတ္အဖြဲ႕ကို မက္ဆီဦးေဆာင္ၿပီး တုံ႔ျပန္ရန္ရွိ

ေႏြရာသီေစ်းကြက္မွာ မက္ဆီနဲ႔ ဘာစီလိုနာရဲ႕ အကြဲအၿပဲဇာတ္လမ္းထြက္ေပၚခဲ့ၿပီး ေနာက္ဆံုးမွာ ႏွစ္ဦးႏွစ္ဖက္ ယာယီစစ္ေျပၿငိမ္းထားတဲ့ပံုစံမ်ဳိးနဲ႔ ရာသီကုန္အထိ ခရီးဆက္ဖို႔ ျပင္ဆင္ထားတဲ့အခ်ိန္မွာ အခုေနာက္ထပ္ဇာတ္လမ္းတစ္ပုဒ္ ထပ္ထြက္လာပါတယ္။ အဲဒါကေတာ့ ကမာၻ႔ကပ္ေရာဂါျဖစ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပရိသတ္ေတြ မပါဘဲကစားေနရတဲ့ ေဘာလံုးအသင္းေတြဟာ သူတို႔နည္း၊ သူတို႔ဟန္နဲ႔ ကစားသမား ေတြရဲ႕လစာေတြကိုေလွ်ာ့ခ်ျဖတ္ေတာက္ဖို႔ စီစဥ္ၾကတဲ့အထဲမွာ ဘာစီလိုနာက အသင္း သားေတြရဲ႕လစာကို ဘယ္သူနဲ႔မွ တိုင္ပင္မႈမရွိဘဲ ၃၀ ရာခိုင္ႏႈန္း ျဖတ္ေတာက္ဖို႔ ေၾကညာခ်က္ထုတ္လုိက္တာပါပဲ။

လြန္ခဲ့တဲ့ ၂ ရက္က ၂၀၂၄ အထိ စာခ်ဳပ္သက္တမ္း တိုးခဲ့တဲ့ ပီေကးရဲ႕ေျပာၾကားခ်က္ကလည္း စိတ္၀င္စားစရာပါ။ ပီေကးက “အသင္း ဘုတ္အဖြဲ႕က ကစားသမားေတြရဲ႕လစာကို ၂၅ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္းအတြင္း ျဖတ္ေတာက္ေလွ်ာ့ခ်မယ္လုိ႔ သိရပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ စာခ်ဳပ္သက္တမ္းတိုးၿပီးမွ ဒီအခ်က္ကိုသိရတာပါ။ အသင္းသားေတြက ကၽြန္ေတာ္တို႔စီနီယာကစားသမားေတြ ဒီ ကိစၥကိုသိေနၿပီးသားပံုစံမ်ဳိးေျပာဆုိေနတာေတြ ၾကားေနရပါတယ္။ ကၽြန္ေတာ္တို႔ စီနီယာေတြကသေဘာတူလို႔ ဒီလိုစီစဥ္ႏိုင္တာမ်ဳိးလို႔ စြပ္စြဲမႈေတြရွိေနတာ ေတြ႕ရတယ္” လို႔ ေျပာၾကားသြားပါတယ္။

ဘာစီလိုနာမွာ အသင္းေခါင္းေဆာင္ ခန္႔အပ္မႈပံုစံအရ မက္ဆီ၊ ဆာဂ်ီယိုေရာဘတ္တို၊ ပီေကးနဲ႔ ဘတ္စ္ကြက္စ္တို႔က အစဥ္လိုက္ ပထမကေန စတုတၳအသင္းေခါင္းေဆာင္အျဖစ္ တာ၀န္ယူရတာပါ။ အခုေတာ့ ကစားသမားအခ်င္း ခ်င္းအၾကား အထင္အျမင္လြဲတာေတြျဖစ္ေနတာကို မက္ဆီက ဦးေဆာင္ၿပီး အသင္း ေခါင္းေဆာင္ ၄ ဦးစလံုးရဲ႕ေတာင္းဆိုခ်က္အျဖစ္ အသင္းဘုတ္အဖြဲ႕ကို တရား၀င္စာ ေရးသားကန္႔ကြက္စာ ေပးပို႔ထားတယ္လို႔ သိရပါတယ္။

ကန္႔ကြက္ထားတဲ့အေၾကာင္း အရာထဲမွာ ကစားသမားေတြရဲ႕ရပိုင္ခြင့္ေတြကို ေလွ်ာ့ခ်ျဖတ္ေတာက္မႈေတြျပဳလုပ္ခဲ့တဲ့ အတြက္ စိတ္မသက္မသာခံစားရသလို ဘယ္သူနဲ႔မွမတုိင္ပင္ဘဲ ဆံုးျဖတ္လိုက္တဲ့ဆံုး ျဖတ္ခ်က္ေတြအတြက္လည္း အေတာ္ေလးကိုစိတ္ပ်က္ရေၾကာင္း ထည့္သြင္းေဖာ္ျပ ထားတယ္လုိ႔ သိရပါတယ္။ မက္ဆီရဲ႕ကိစၥကို ယာယီထိန္းထားႏိုင္ခဲ့တဲ့ အသင္း ဘာတုိျမဴဟာ အခုကိစၥေၾကာင့္ ဖိအားေတြေအာက္ကို ျပန္ေရာက္သြားခဲ့ၿပီး က်ဥ္းထဲက်ပ္ထဲအေျခအေနနဲ႔ ရင္ဆိုင္ရဖို႔ရွိပါတယ္။