လစာလျှော့မယူရင် အသင်းကနေထွက်ရလိမ့်မယ်လို့ အထီးကျန်မက်ဆီ သတိပေးခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုအသင်း ဥက္ကဌလောင်းတစ်ဦးဖြစ်တဲ့ အီမီလီရူးဆတ် ကမက်ဆီအနေနဲ့ လစာလျှော့ချတာကို လက်မခံဘူးဆိုရင် အသင်းကနေထွက်ရတဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးစကားဆိုလိုက်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီကုန်ဆုံးချိန်က အသင်းကနေထွက်ခွင့် တောင်းခံခဲ့သူဖြစ်ပြီး ကလပ်နဲ့ အမှုရင်ဆိုင်ရနိုင်လို့ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာအတွက် ကစားပေးရတာ စိတ်မပါသလိုဖြစ်နေပြီး အဝတ်လဲခန်းထဲမှာလည်း ကစားဖော်တွေနဲ့ ဖက်လှဲတကင်း ရှိမနေတော့ပါဘူး။ ဒါကြောင့်သူဟာ အသင်းမှာ တစ်ဦးတည်း သီးသန့်လိုဖြစ်နေပြီး အထီးကျန်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

သူ့ကစားဖော်ဖြစ်တဲ့အပြင် ကွင်းပြင်ပမှာ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကို ပြီးခဲ့တဲ့နွေရာသီက အက်သလက်တီကိုထံ ရောင်းချလိုက်တာကလည်း ဘာစီလိုနာမှာ မက်ဆီ မပျော်ရွှင်တော့တဲ့အကြောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဘာစီလိုနာဥက္ကဌရွေးကောက် ပွဲကိုလာမယ့် ဇန်နဝါရီ ၂၄ မှာကျင်းပသွားမှာဖြစ်ပြီး အနိုင်ရဖို့ရေပန်းစားနေတဲ့ ရူးဆတ်က ကိုဗစ်ကပ်ရောဂါကြောင့် ကလပ်ရဲ့ဘဏ္ဍာရေးထိခိုက်နေလို့ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အထက်ပါတိုင်း ပြောသွားတာဖြစ်ပါတယ်။

သူက”မက်ဆီနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြီးဆွေးနွေးမှာပါ။ အဲဒီအခါကျရင် သူ့ကိုလစာလျှော့ယူဖို့ အရင်မေးပါမယ်။ လောလောဆယ် တော့ အခုအတိုင်းသာရှိနေပစေပေါ့။ ထိန်းတော့ မထိန်းနိုင်တော့ပါဘူး။ မက်ဆီအနေနဲ့ သူ့ဘက်ကစွန့်လွှတ်စရာတွေ ရှိလာပါလိမ့်မယ်။ သဘောတူညီချက်မရဘူးဆိုရင်တော့ သူထွက်ရမှာပေါ့။

သူဟာ ကလပ်ရဲ့သမိုင်းမှာ သိပ်ပြောင်မြောက်တဲ့ သမိုင်းစာမျက်နှာတွေကို ရေးထိုးခဲ့လို့ သူ့ကိုကျွန်တော်တို့ ဂန္ထဝင်အဖြစ်နဲ့ ဂုဏ်ပြုနေမှာပါ။ ဒါပေမယ့် အရှိတရားကိုတော့ လွန်ဆန်လို့မရနိုင်ပါဘူး” လို့ ပြောသွားပါတယ်။

ဘာစီလိုနာဟာ မနေ့ညက လီဗန်တေးကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ မက်ဆီ ကအဲ့သည့်ပွဲရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းပေးသွားခဲ့ပါတယ်။

ဒီသွင်းဂိုးဟာ မက်ဆီ့အတွက်တော့ စံချိန်နှစ်ခုကိုရရှိခဲ့ပါတယ်။ တစ်ခုက သူဟာ ဘာစီလိုနာတစ်သင်းထဲမှာကစားခဲ့ပြီး သွင်းဂိုး ၆၄၂ဂိုးရှိသွားခဲ့ကာ ပီလီရဲ့စံချိန်နဲ့အတူတူဖြစ်သွားခဲ့ပါတယ်။

နောက်စံချိန်တစ်ခုကတော့ ဘာစီလိုနာမှာ ကျောနံပါတ် (၁၀) ပြောင်းလဲ ဝတ်ဆင်ပြီးချိန်မှာ သွင်းယူနိုင်ခဲ့တဲ့ဂိုး(၆၀၀)ပြည့် မြောက်ခဲ့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လစာေလွ်ာ့မယူရင္ အသင္းကေနထြက္ရလိမ့္မယ္လို႔ အထီးက်န္မက္ဆီ သတိေပးခံရ

ဘာစီလိုအသင္း ဥကၠဌေလာင္းတစ္ဦးျဖစ္တဲ့ အီမီလီ႐ူးဆတ္ ကမက္ဆီအေနနဲ႔ လစာေလွ်ာ့ခ်တာကို လက္မခံဘူးဆိုရင္ အသင္းကေနထြက္ရတဲ့အထိ ျဖစ္ႏိုင္တယ္လို႔ သတိေပးစကားဆိုလိုက္ပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ ရာသီကုန္ဆုံးခ်ိန္က အသင္းကေနထြက္ခြင့္ ေတာင္းခံခဲ့သူျဖစ္ၿပီး ကလပ္နဲ႔ အမႈရင္ဆိုင္ရႏိုင္လို႔ ဆက္ရွိေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ မက္ဆီဟာ ဘာစီလိုနာအတြက္ ကစားေပးရတာ စိတ္မပါသလိုျဖစ္ေနၿပီး အဝတ္လဲခန္းထဲမွာလည္း ကစားေဖာ္ေတြနဲ႔ ဖက္လွဲတကင္း ရွိမေနေတာ့ပါဘူး။ ဒါေၾကာင့္သူဟာ အသင္းမွာ တစ္ဦးတည္း သီးသန႔္လိုျဖစ္ေနၿပီး အထီးက်န္ေနတယ္လို႔ သတင္းေတြထြက္ေပၚခဲ့တာပါ။

သူ႔ကစားေဖာ္ျဖစ္တဲ့အျပင္ ကြင္းျပင္ပမွာ ရင္းႏွီးတဲ့ မိတ္ေဆြတစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ကို ၿပီးခဲ့တဲ့ေႏြရာသီက အက္သလက္တီကိုထံ ေရာင္းခ်လိုက္တာကလည္း ဘာစီလိုနာမွာ မက္ဆီ မေပ်ာ္ရႊင္ေတာ့တဲ့အေၾကာင္းေတြထဲကတစ္ခုျဖစ္ပါတယ္။ ဘာစီလိုနာဥကၠဌေ႐ြးေကာက္ ပြဲကိုလာမယ့္ ဇန္နဝါရီ ၂၄ မွာက်င္းပသြားမွာျဖစ္ၿပီး အႏိုင္ရဖို႔ေရပန္းစားေနတဲ့ ႐ူးဆတ္က ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကလပ္ရဲ႕ဘ႑ာေရးထိခိုက္ေနလို႔ မက္ဆီရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးရာမွာ အထက္ပါတိုင္း ေျပာသြားတာျဖစ္ပါတယ္။ သူက”မက္ဆီနဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ၿပီးေဆြးေႏြးမွာပါ။ အဲဒီအခါက်ရင္ သူ႔ကိုလစာေလွ်ာ့ယူဖို႔ အရင္ေမးပါမယ္။ ေလာေလာဆယ္ ေတာ့ အခုအတိုင္းသာရွိေနပေစေပါ့။ ထိန္းေတာ့ မထိန္းႏိုင္ေတာ့ပါဘူး။ မက္ဆီအေနနဲ႔ သူ႔ဘက္ကစြန႔္လႊတ္စရာေတြ ရွိလာပါလိမ့္မယ္။ သေဘာတူညီခ်က္မရဘူးဆိုရင္ေတာ့ သူထြက္ရမွာေပါ့။

သူဟာ ကလပ္ရဲ႕သမိုင္းမွာ သိပ္ေျပာင္ေျမာက္တဲ့ သမိုင္းစာမ်က္ႏွာေတြကို ေရးထိုးခဲ့လို႔ သူ႔ကိုကြၽန္ေတာ္တို႔ ဂႏၴဝင္အျဖစ္နဲ႔ ဂုဏ္ျပဳေနမွာပါ။ ဒါေပမယ့္ အရွိတရားကိုေတာ့ လြန္ဆန္လို႔မရႏိုင္ပါဘူး” လို႔ ေျပာသြားပါတယ္။ဘာစီလိုနာဟာ မေန႔ညက လီဗန္ေတးကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ မက္ဆီ ကအဲ့သည့္ပြဲရဲ႕ တစ္လံုးတည္းေသာအႏိုင္ဂိုးကိုသြင္းေပးသြားခဲ့ပါတယ္။ ဒီသြင္းဂိုးဟာ မက္ဆီ့အတြက္ေတာ့ စံခ်ိန္ႏွစ္ခုကိုရရွိခဲ့ပါတယ္။ တစ္ခုက သူဟာ ဘာစီလိုနာတစ္သင္းထဲမွာကစားခဲ့ၿပီး သြင္းဂိုး ၆၄၂ဂိုးရွိသြားခဲ့ကာ ပီလီရဲ႕စံခ်ိန္နဲ႕အတူတူျဖစ္သြားခဲ့ပါတယ္။ေနာက္စံခ်ိန္တစ္ခုကေတာ့ ဘာစီလိုနာမွာ ေက်ာနံပါတ္ (၁၀) ေျပာင္းလဲ ဝတ္ဆင္ၿပီးခ်ိန္မွာ သြင္းယူႏိုင္ခဲ့တဲ့ဂိုး(၆၀၀)ျပည့္ ေျမာက္ခဲ့တာျဖစ္ပါတယ္။