လန်ဒန်သားတွေနဲ့ရင်ဆိုင်ဖို့ အတွက် မန်စီးတီးအသင်း လူစုံပါဝင်ဖို့မလိုခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုဗစ်ရဲ့ဒဏ်ကိုခံစားနေရတဲ့ မန်စီးတီးအသင်းအနေနဲ့ ဒီညမှာ လူစုံမပါဝင်ဘဲ ကစားခဲ့တဲ့ စူပါဆန်းဒေးပွဲစဉ်ကိုမကန်ခင်မှာ ဂိုးပြတ် အနိုင်ရရှိလိမ့်မယ်လို့ အများစုက မထင်ထားခဲ့ကြပါဘူး။ ၂ပွဲဆက် နိုင် ပွဲ ပျောက်ခဲ့တဲ့ ချယ်ဆီးအသင်း ကတော့ သူတို့ရဲ့ အိမ်ကွင်းမှာ အကောင်းဆုံးကစားသွားနိုင်လိမ့်မယ် လိုသာယူဆထားခဲ့ကြပါတယ်။ ချယ်ဆီးအသင်းရဲ့ ပွဲထွက်စာရင်းမှာလည်း ဇီယက်ချ်ပြန်လည်ပါဝင်လာခဲ့ပြီး ချယ်ဆီးပရိသတ်တွေစိတ်တိုင်းကျစေမယ့်လူစာရင်းတစ်ခုနဲ့ပွဲထွက်လာတာကိုတွေ့ရပြီး မန်စီးတီးအသင်းကတော့ ကိုင်လီ ဝေါ်ကာ၊ ဂျီးဆပ်စ်တို့ မပါဝင်ခဲ့ပေမယ့် ဂိုးသမားစတီဖန်ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ပွဲစပြီး၄မိနစ်မှာပဲစီးတီးကွင်းလယ်က ရိုဒရီဂိုရဲ့နောက်ပြန်ပေးပို့မှုကိုဂိုးသမားစတီဖန်က လက်နဲ့ဖမ်းလိုက်တာကြောင့် ဒိုင်လူကြီးက စီးတီးရဲ့ပင်နယ်တီဧရိယာထိပ်နားမှာ ချယ်ဆီးအသင်းကို free-kick ကန်ခွင့်ပေးခဲ့ပါတယ်။ free-kickကို ဟာကင်ဇီယက်ချ် ကန်သွင်းခဲ့ပေမယ့် ဂန်ဒိုဂန်က တားဆီးသွားနိုင်ခဲ့ပါတယ်။ ဟာကင်ဇီယက်ချ်ပြန်လည်ပါဝင်လာတဲ့ ချယ်ဆီအသင်းတိုက်စစ်ပိုင်းဟာ အရင်ပွဲစဉ်တွေထက် ပိုမိုထိရောက်တဲ့ တိုက်စ်ဆင်မှုတွေတော့ ဖြစ်လာခဲ့သလို စီးတီးအသင်းရဲ့အနီးကပ်တွဲလုံးတွေဟာ လည်း ချယ်ဆီးအသင်းရဲ့ နောက်တန်းကို အတော်ချိန်းခြောက်နိုင်ခဲ့ပါတယ်။

ပွဲချိန်၁၅မိနစ်မှာ မန်စီးတီးနောက်ခံလူကန်ဆယ်လိုရဲ့ မျှောပေးမှုကနေ ဒီဘရိုင်းက ဂိုးသမားရဲ့ ညာဘက် ဂိုးပေါက်ထဲကို မြေလှိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးနားကပ်ပြီး ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။

ပွဲချိန်၁၈မိနစ်မှာတော့ စီးတီးကွင်းလယ်လူ ဂန်ဒိုဂန်က ဂိုးဧရိယာထိပ်နားမှာ ဖိုဒန်ရဲ့အနီးကပ်ထိုးပေးမှုကို တစ်ချက်လှည့်ပြီးအပြင်းကန်သွင်းရာမှာ ဂိုးသမားမန်ဒီ ပုတ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် ဂိုးဝင်သွားခဲ့ကာ မန်စီးတီး တို့ဦးဆောင်ဂိုးရခဲ့ပါတယ်။

နောက်ထပ် (၃)မိနစ်အကြာ ပွဲချိန်(၂၁)မိနစ် မှာလည်း ကွင်းလယ်လူဒီဘရိုင်းက ဘောလုံးကို ဘယ်တောင်ပံကနေဆွဲယူလာပြီးဂိုးဧရိယာထဲမှာ ဖိုဒန်ဆီကိုပေးပို့ပေးခဲ့ရာ ဖိုဒန်က အနီးကပ်ပိတ်သွင်းပြီး မန်စီးတီးအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုထပ်မံ ရယူသွားခဲ့ပါတယ်။

မန်စီးတီး အသင်းအတွက် အနိုင်သေချာသွားစေမယ့် တတိယဂိုးကိုတော့ ပွဲချိန်(၃၄)မိနစ် မှာ ချယ်ဆီးအသင်းသားတွေရဲ့ တိုက်စစ်ဆင်မှုကနေ ကျွံထွက်လာတဲ့ဘောလုံးကို စတာလင်တစ်ယောက်တည်းလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးလာပြီး ဘယ်ဘက် ဂိုးဧရိယာထဲကနေ နောက်တန်းနဲ့ဂိုးသမားတွေကိုကျော်ပြီး ညာဘက်ဂိုးပေါက်ထဲကို ကန်သွင်းခဲ့ရာမှာ ဘောလုံးဟာ တိုင်ထိထွက်လာခဲ့ပြီး အသင့်ပါလာတဲ့ ဒီဘရိုင်းရဲ့ခြေထဲ ဘောလုံးရောက်ရှိသွားခဲ့ပြီး ဒီဘရိုင်းကကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ချေပဂိုးရဖို့ တစ်သင်းလုံးလိုက်ပါပြီး ကြိုးစားနေတဲ့ ချယ်ဆီးအသင်းဟာ မန်စီးတီးအသင်းရဲ့ တန်ပြန်ထိုးဖောက်မှုကို အတော်လေးကာကွယ်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ ချယ်ဆီးအသင်းဟာ ပထမပိုင်းမှာ ချေပဂိုးမရရှိခဲ့ဘဲ မန်စီးတီးအသင်းရဲ့ ၃ဂိုးပြတ်ဦးဆောင်သွားခြင်းကိုခံခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချယ်ဆီးအသင်းရဲ့ ကစားပုံဟာ ပိုမို ကောင်းလာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာရယူကာဖိအားပေးခဲ့ပေမယ့် မန်စီးတီးအသင်း နောက်တန်းကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ပွဲချိန် (၆၄)မိနစ်မှာ ကစားအားကျလာတဲ့ဇီယက်ချ်နဲ့ကန်တီတို့ရဲ့နေရာမှာဟက်ဒ်ဆန်အိုဒွိုင်း၊ဘီလီဂေးလ်မားတို့နဲ့လူစားလဲကစားစေခဲ့ပါတယ်။

ပွဲပြီးခါနီးမိနစ်၉၀ပြည့်လို့နာကျင်အချိန်ပို(၂)မိနစ်မှာ ဘယ်တောင်ပံကနေ ဟာဗက် ဂိုးရှေ့မျှောထိုးပေးလိုက်တဲ့ ဘောလုံးကိုအိုဒွိုင်းကပိတ်သွင်းပြီးဒီပွဲမှာ ချယ်ဆီးအသင်းအတွက်တစ်လုံးတည်းသော ချေပဂိုးကို ရယူပေးသွားခဲ့ပါတယ်။

ပွဲအပြီးမှာ မန်စီးတီးအသင်းက ချယ်ဆီးအသင်းကို (၃ဂိုး၊၁ဂိုး)နဲ့ အနိုင်ရရှိသွားခဲ့ပြီး အမှတ်ပေးဇယားမှာလည်း အဆင့်(၅)နေရာကိုရောက်ရှိလာခဲ့ပါတယ်။ ဒီရှုံးပွဲအပါအဝင် ရလဒ်တွေဆိုးဝါးနေတဲ့ ချယ်ဆီးအသင်းရဲ့ နောက်ဆုံး (၆) ပွဲဟာလည်း (၁) ပွဲပဲနိုင်ပွဲရရှိခဲ့တာကြောင့် လမ်းပတ်ရဲ့ နည်းပြနေရာဟာလည်း ဖိအားတွေများလာတော့မှာသေချာပါတယ်။ မန်ဒီရဲ့ သေချာပေါက်ဂိုးကာကွယ်ပေးခဲ့မှုသာမရှိခဲ့ရင် ဒီထက်ဂိုးပိုမိုပြတ်သားသွားနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လန္ဒန္သားေတြနဲ႕ရင္ဆိုင္ဖို႕ အတြက္ မန္စီးတီးအသင္း လူစံုပါဝင္ဖို႕မလိုခဲ့

ကိုဗစ္ရဲ႕ဒဏ္ကိုခံစားေနရတဲ့ မန္စီးတီးအသင္းအေနနဲ႔ ဒီညမွာ လူစုံမပါဝင္ဘဲ ကစားခဲ့တဲ့ စူပါဆန္းေဒးပြဲစဥ္ကိုမကန္ခင္မွာ ဂိုးျပတ္ အႏိုင္ရရွိလိမ့္မယ္လို႔ အမ်ားစုက မထင္ထားခဲ့ၾကပါဘူး။ ၂ပြဲဆက္ ႏိုင္ ပြဲ ေပ်ာက္ခဲ့တဲ့ ခ်ယ္ဆီးအသင္း ကေတာ့ သူတို႔ရဲ႕ အိမ္ကြင္းမွာ အေကာင္းဆုံးကစားသြားႏိုင္လိမ့္မယ္ လိုသာယူဆထားခဲ့ၾကပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕ ပြဲထြက္စာရင္းမွာလည္း ဇီယက္ခ်္ျပန္လည္ပါဝင္လာခဲ့ၿပီး ခ်ယ္ဆီးပရိသတ္ေတြစိတ္တိုင္းက်ေစမယ့္လူစာရင္းတစ္ခုနဲ႔ပြဲထြက္လာတာကိုေတြ႕ရၿပီး မန္စီးတီးအသင္းကေတာ့ ကိုင္လီ ေဝၚကာ၊ ဂ်ီးဆပ္စ္တို႕ မပါဝင္ခဲ့ေပမယ့္ ဂိုးသမားစတီဖန္ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ပြဲစၿပီး၄မိနစ္မွာပဲစီးတီးကြင္းလယ္က ႐ိုဒရီဂိုရဲ႕ေနာက္ျပန္ေပးပို႔မႈကိုဂိုးသမားစတီဖန္က လက္နဲ႔ဖမ္းလိုက္တာေၾကာင့္ ဒိုင္လူႀကီးက စီးတီးရဲ႕ပင္နယ္တီဧရိယာထိပ္နားမွာ ခ်ယ္ဆီးအသင္းကို free-kick ကန္ခြင့္ေပးခဲ့ပါတယ္။ free-kickကို ဟာကင္ဇီယက္ခ်္ ကန္သြင္းခဲ့ေပမယ့္ ဂန္ဒိုဂန္က တားဆီးသြားႏိုင္ခဲ့ပါတယ္။ ဟာကင္ဇီယက္ခ်္ျပန္လည္ပါဝင္လာတဲ့ ခ်ယ္ဆီအသင္းတိုက္စစ္ပိုင္းဟာ အရင္ပြဲစဥ္ေတြထက္ ပိုမိုထိေရာက္တဲ့ တိုက္စ္ဆင္မႈေတြေတာ့ ျဖစ္လာခဲ့သလို စီးတီးအသင္းရဲ႕အနီးကပ္တြဲလုံးေတြဟာ လည္း ခ်ယ္ဆီးအသင္းရဲ႕ ေနာက္တန္းကို အေတာ္ခ်ိန္းေျခာက္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္၁၅မိနစ္မွာ မန္စီးတီးေနာက္ခံလူကန္ဆယ္လိုရဲ႕ ေမွ်ာေပးမႈကေန ဒီဘ႐ိုင္းက ဂိုးသမားရဲ႕ ညာဘက္ ဂိုးေပါက္ထဲကို ေျမလွိမ့္ေဘာ ကန္သြင္းခဲ့ေပမယ့္ ဂိုးတိုင္ေဘးနားကပ္ၿပီး ဂိုးလြန္ေဘာျဖစ္သြားခဲ့ပါတယ္။ ပြဲခ်ိန္၁၈မိနစ္မွာေတာ့ စီးတီးကြင္းလယ္လူ ဂန္ဒိုဂန္က ဂိုးဧရိယာထိပ္နားမွာ ဖိုဒန္ရဲ႕အနီးကပ္ထိုးေပးမႈကို တစ္ခ်က္လွည့္ၿပီးအျပင္းကန္သြင္းရာမွာ ဂိုးသမားမန္ဒီ ပုတ္ထုတ္ဖို႕ၾကိဳးစားခဲ့ေပမယ့္ ဂိုးဝင္သြားခဲ့ကာ မန္စီးတီး တို႔ဦးေဆာင္ဂိုးရခဲ့ပါတယ္။ ေနာက္ထပ္ (၃)မိနစ္အၾကာ ပြဲခ်ိန္(၂၁)မိနစ္ မွာလည္း ကြင္းလယ္လူဒီဘ႐ိုင္းက ေဘာလံုးကို ဘယ္ေတာင္ပံကေနဆြဲယူလာၿပီးဂိုးဧရိယာထဲမွာ ဖိုဒန္ဆီကိုေပးပို႕ေပးခဲ့ရာ ဖိုဒန္က အနီးကပ္ပိတ္သြင္းၿပီး မန္စီးတီးအသင္းအတြက္ ဒုတိယဦးေဆာင္ဂိုးကိုထပ္မံ ရယူသြားခဲ့ပါတယ္။ မန္စီးတီး အသင္းအတြက္ အႏိုင္ေသခ်ာသြားေစမယ့္ တတိယဂိုးကိုေတာ့ ပြဲခ်ိန္(၃၄)မိနစ္ မွာ ခ်ယ္ဆီးအသင္းသားေတြရဲ႕ တိုက္စစ္ဆင္မႈကေန ကၽြံထြက္လာတဲ့ေဘာလံုးကို စတာလင္တစ္ေယာက္တည္းလြတ္လြတ္ကြၽတ္ကြၽတ္ဆြဲေျပးလာၿပီး ဘယ္ဘက္ ဂိုးဧရိယာထဲကေန ေနာက္တန္းနဲ႔ဂိုးသမားေတြကိုေက်ာ္ၿပီး ညာဘက္ဂိုးေပါက္ထဲကို ကန္သြင္းခဲ့ရာမွာ ေဘာလံုးဟာ တိုင္ထိထြက္လာခဲ့ၿပီး အသင့္ပါလာတဲ့ ဒီဘ႐ိုင္းရဲ႕ေျခထဲ ေဘာလံုးေရာက္ရွိသြားခဲ့ၿပီး ဒီဘ႐ိုင္းကကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။ ေခ်ပဂိုးရဖို႔ တစ္သင္းလုံးလိုက္ပါၿပီး ၾကိဳးစားေနတဲ့ ခ်ယ္ဆီးအသင္းဟာ မန္စီးတီးအသင္းရဲ႕ တန္ျပန္ထိုးေဖာက္မႈကို အေတာ္ေလးကာကြယ္သြားခဲ့ရပါတယ္။ ဒီလိုနဲ႕ ခ်ယ္ဆီးအသင္းဟာ ပထမပိုင္းမွာ ေခ်ပဂိုးမရရွိခဲ့ဘဲ မန္စီးတီးအသင္းရဲ႕ ၃ဂိုးျပတ္ဦးေဆာင္သြားျခင္းကိုခံခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်ယ္ဆီးအသင္းရဲ႕ ကစားပုံဟာ ပိုမို ေကာင္းလာခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈအသာရယူကာဖိအားေပးခဲ့ေပမယ့္ မန္စီးတီးအသင္း ေနာက္တန္းကိုမေက်ာ္ျဖတ္ႏိုင္ခဲ့ပါဘူး။ ပြဲခ်ိန္ (၆၄)မိနစ္မွာ ကစားအားက်လာတဲ့ဇီယက္ခ်္နဲ႕ကန္တီတို႔ရဲ႕ေနရာမွာဟက္ဒ္ဆန္အိုဒြိဳင္း၊ဘီလီေဂးလ္မားတို႔နဲ႔လူစားလဲကစားေစခဲ့ပါတယ္။ ပြဲၿပီးခါနီးမိနစ္၉၀ျပည့္လို႔နာက်င္အခ်ိန္ပို(၂)မိနစ္မွာ ဘယ္ေတာင္ပံကေန ဟာဗက္ ဂိုးေရွ႕ေမွ်ာထိုးေပးလိုက္တဲ့ ေဘာလုံးကိုအိုဒြိဳင္းကပိတ္သြင္းၿပီးဒီပြဲမွာ ခ်ယ္ဆီးအသင္းအတြက္တစ္လံုးတည္းေသာ ေခ်ပဂိုးကို ရယူေပးသြားခဲ့ပါတယ္။ ပြဲအၿပီးမွာ မန္စီးတီးအသင္းက ခ်ယ္ဆီးအသင္းကို (၃ဂိုး၊၁ဂိုး)နဲ႕ အႏိုင္ရရွိသြားခဲ့ၿပီး အမွတ္ေပးဇယားမွာလည္း အဆင့္(၅)ေနရာကိုေရာက္ရွိလာခဲ့ပါတယ္။ ဒီရႈံးပြဲအပါအဝင္ ရလဒ္ေတြဆိုးဝါးေနတဲ့ ခ်ယ္ဆီးအသင္းရဲ႕ ေနာက္ဆုံး (၆) ပြဲဟာလည္း (၁) ပြဲပဲႏိုင္ပြဲရရွိခဲ့တာေၾကာင့္ လမ္းပတ္ရဲ႕ နည္းျပေနရာဟာလည္း ဖိအားေတြမ်ားလာေတာ့မွာေသခ်ာပါတယ္။ မန္ဒီရဲ႕ ေသခ်ာေပါက္ဂိုးကာကြယ္ေပးခဲ့မႈသာမရွိခဲ့ရင္ ဒီထက္ဂိုးပိုမိုျပတ္သားသြားႏိုင္ပါတယ္။