လမ်းပတ်ကို ထုတ်သင့်မထုတ်သင့်နဲ့ပတ်သက်ပြီး အချင်းများခဲ့ကြတဲ့ အသင်းပိုင်ရှင် မိုဗစ် နဲ့ ဂရာနိုဗက်စကီး
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ် နဲ့ အမှုဆောင် ဂရာနိုဗက်စကီးတို့ဟာ ဖိအားတွေအောက်ရောက်နေတဲ့ လမ်းပတ်ကို ဘာလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီး အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားခဲ့တဲ့ လမ်းပတ်ရဲ့ အခြေအနေဟာ အထုတ်ခံရဖို့ နီးစပ်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ နွေရာသီတုန်းက ဝါနာ ၊ ဟာဗက်ဇ် နဲ့ ဇီယက်ချ်တို့ကိုပေါင်သန်း ၂၀၀ ကျော်အသုံးပြုပြီး ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ရလဒ်တွေက ဆိုးဝါးနေပြီး လမ်းပတ်နေရာမှာ တူချယ် ၊ အယ်လီဂရီ နဲ့ ဘင်နီတက်ဇ်တို့ အစားဝင်နိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။
ESPN သတင်းဌာနကတော့ အသင်းပိုင်ရှင် မိုဗစ် နဲ့ အမှုဆောင် ဂရာနိုဗက်စကီးတို့ဟာ လမ်းပတ်ကို ထုတ်သင့် မထုတ်သင့်နဲ့ပတ်သက်ပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနည်းပြ ရာထူးအတွက် နည်းပြဟောင်း ဂရန့်တ် နဲ့ တိုက်စစ်မှူးဟောင်း ရှက်ဗ်ချန်ကိုတို့ကလည်း ရေပန်းစားနေပါတယ်။
ရှက်ဗ်ချန်ကိုကတော့ ပရီးမီးယားလိဂ်မှာ ဘယ်တုန်းကမှ နည်းပြမလုပ်ခဲ့ဖူးသလို ဂရန့်တ်ကလည်း ၂၀၁၁ ခုနှစ် ဝက်စ်ဟမ်းကနေ အထုတ်ခံရပြီးကတည်း နည်းပြလောကကနေ အနားယူနေတာဖြစ်ပါတယ်။
ချဲလ်ဆီးကစားသမားတွေကတော့ လမ်းပတ်ရဲ့နည်းစနစ်ကို ရှုပ်ထွေးနေကြတာဖြစ်ပါတယ်။ သတင်းတွေအရ ချဲလ်ဆီးတာဝန်ရှိသူတွေဟာ လာမယ့်ပွဲတွေမှာ ရလဒ်မကောင်းခဲ့ရင် လမ်းပတ်ကို ထုတ်ပယ်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi