လမ်းပတ်ထုတ်ခံရတာကို မကျေပ်ကြောင်းပြသခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တွေ

လမ်းပတ်အထုတ်ခံရမှုနဲ့ပတ်သက်လို့ ဒေါသထွက်နေကြတဲ့ ချဲလ်ဆီးပရိသတ်တွေဟာ သူတို့ရဲ့မကျေနပ်ချက်ကို ပြသတဲ့အနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းရဲ့ဂိတ်ပေါက်ဝတစ်ခုမှာ စာတန်းတစ်ခုချိတ်ဆွဲခဲ့ကြကာ မီးခိုးဗုံးတွေလည်း အသုံးပြုခဲ့ပါတယ်။

အသင်းဂန္ထဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ လမ်းပတ်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ ချဲလ်ဆီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရကာ သူ့နေရာမှာ ပီအက်စ်ဂျီနည်းပြဟောင်းတူချယ်နဲ့အစားထိုးထားတာပါ။

နောက်ဆုံးပရီးမီးယားလိဂ် ၈ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့မှုနဲ့အတူ အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာရောက်နေတဲ့အတွက် လိုအပ်ချက်အရ လုပ်လိုက်ရတာလု့ိ အသင်းတာဝန်ရှိသူတွေဘက်က ယူဆပေမယ့် အချို့အသင်းပရိသတ်တွေကတော့ မကျေနပ်ကြပါဘူး။

ဒါကြောင့် ဒေါသထွက်နေကြတဲ့ချဲလ်ဆီးပရိသတ်အချို့ဟာ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းရဲ့ဂိတ်ပေါက်ဝတစ်ခုမှာ စာတန်းတစ်ခုချိတ်ဆွဲကာ ဆန္ဒပြခဲ့တာပါ။

Circus Continues ဆိုတဲ့စာတန်းကို ချိတ်ဆွဲခဲ့တာဖြစ်ပြီး မီးခိုးဗုံးအချို့လည်း ဖောက်ခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်နဲ့အိမ်ကွင်းမှာ ကစားမယ့် နည်းပြသစ်တူချယ်ရဲ့ချဲလ်ဆီးပွဲဦးထွက်မတိုင်ခင် နာရီပိုင်းအလိုမှာ ဒီလိုဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့တာပါ။

အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ဂိုးသွင်းရှင်ဖြစ်တဲ့ လမ်းပတ်ဟာ ၃ နှစ်စာချုပ်ရှိခဲ့ပေမယ့် ချဲလ်ဆီးကို ၁၈ လသာ ကိုင်တွယ်ခွင့်ရလိုက်ပြီး သူ့အသင်းသားတွေကိုတောင် နှုတ်ဆက်ခွင့်မရခဲ့ရှာပါဘူး။

လမ်းပတ်ကိုထုတ်ပယ်မှုနဲ့ပတ်သက်ပြီး ချဲလ်ဆီးပရိသတ်တွေကြားထဲမှာလည်း အမြင်ကွဲပြားမှုတွေရှိနေကာ တချို့က အသင်းရဲ့ဂန္ထဝင်တစ်ယောက်ကို အချိန်မပေးတာနဲ့ပတ်သက်ပြီး ဒေါသထွက်နေကြပေမယ့် တချို့ကတော့ ကလပ်ရဲ့ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြပါတယ်။

zawgyi

လမ္းပတ္ထုတ္ခံရတာကို မေက်ပ္ေၾကာင္းျပသခဲ့ၾကတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြ

လမ္းပတ္အထုတ္ခံရမႈနဲ႔ပတ္သက္လုိ႔ ေဒါသထြက္ေနၾကတဲ့ ခ်ဲလ္ဆီးပရိသတ္ေတြဟာ သူတို႔ရဲ႕မေက်နပ္ခ်က္ကို ျပသတဲ့အေနနဲ႔ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းရဲ႕ဂိတ္ေပါက္၀တစ္ခုမွာ စာတန္းတစ္ခုခ်ိတ္ဆြဲခဲ့ၾကကာ မီီးခိုးဗုံးေတြလည္း အသုံးျပဳခဲ့ပါတယ္။ အသင္းဂႏၳ၀င္ကစားသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ လမ္းပတ္ဟာ ၿပီးခဲ့တဲ့တနလၤာေန႔ကပဲ ခ်ဲလ္ဆီးနည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရကာ သူ႔ေနရာမွာ ပီအက္စ္ဂ်ီနည္းျပေဟာင္းတူခ်ယ္နဲ႔အစားထုိးထားတာပါ။ ေနာက္ဆုံးပရီးမီးယားလိဂ္ ၈ ပြဲမွာ ၅ ပြဲရႈံးနိမ့္ခဲ့မႈနဲ႔အတူ အမွတ္ေပးဇယားမွာ အဆင့္ ၉ ေနရာေရာက္ေနတဲ့အတြက္ လုိအပ္ခ်က္အရ လုပ္လုိက္ရတာလု႔ိ အသင္းတာ၀န္ရွိသူေတြဘက္က ယူဆေပမယ့္ အခ်ိဳ႕အသင္းပရိသတ္ေတြကေတာ့ မေက်နပ္ၾကပါဘူး။

ဒါေၾကာင့္ ေဒါသထြက္ေနၾကတဲ့ခ်ဲလ္ဆီးပရိသတ္အခ်ိဳ႕ဟာ စတမ္းဖုိ႔ဒ္ဘရစ္ခ်္ကြင္းရဲ႕ဂိတ္ေပါက္၀တစ္ခုမွာ စာတန္းတစ္ခုခ်ိတ္ဆြဲကာ ဆႏၵျပခဲ့တာပါ။ Circus Continues ဆုိတဲ့စာတန္းကို ခ်ိတ္ဆြဲခဲ့တာျဖစ္ၿပီး မီးခိုးဗုံးအခ်ိဳ႕လည္း ေဖာက္ခဲ့တာ ျဖစ္ပါတယ္။ ၀ုဗ္နဲ႔အိမ္ကြင္းမွာ ကစားမယ့္ နည္းျပသစ္တူခ်ယ္ရဲ႕ခ်ဲဲလ္ဆီးပြဲဦးထြက္မတိုင္ခင္ နာရီပုိင္းအလုိမွာ ဒီလိုဆႏၵေဖာ္ထုတ္မႈ ျဖစ္ပြားခဲ့တာပါ။

အသင္းသမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္ဂိုးသြင္းရွင္ျဖစ္တဲ့ လမ္းပတ္ဟာ ၃ ႏွစ္စာခ်ဳပ္ရွိခဲ့ေပမယ့္ ခ်ဲလ္ဆီးကို ၁၈ လသာ ကိုင္တြယ္ခြင့္ရလိုက္ၿပီး သူ႔အသင္းသားေတြကိုေတာင္ ႏႈတ္ဆက္ခြင့္မရခဲ့ရွာပါဘူး။ လမ္းပတ္ကိုထုတ္ပယ္မႈနဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီးပရိသတ္ေတြၾကားထဲမွာလည္း အျမင္ကြဲျပားမႈေတြရွိေနကာ တခ်ိဳ႕က အသင္းရဲ႕ဂႏၳ၀င္တစ္ေယာက္ကို အခ်ိန္မေပးတာနဲ႔ပတ္သက္ၿပီး ေဒါသထြက္ေနၾကေပမယ့္ တခ်ိဳ႕ကေတာ့ ကလပ္ရဲ႕ဆုံးျဖတ္ခ်က္ကုိ ေထာက္ခံခဲ့ၾကပါတယ္။