လမ်းပတ်နေရာ အစားထိုးဖို့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ် ရေပန်းစား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖရန့် လမ်းပတ်နေရာ အစားထိုးနိုင်မယ့် အလားအလာရှိတဲ့ နည်းပြစာရင်းထဲမှာ ဘွန်ဒက်လီဂါမှ နည်းပြတွေ အများစု ပါဝင်နေပေမယ့် ဆောက်သမ်တန်နည်းပြ ရာဖယ် ဟာဆန်ဟူတယ်လ်ကတော့ နံပါတ် ( ၁ ) နေရာမှ ရေပန်းစားချက်ရှိပါတယ်။ သြစတြီးယားလူမျိုးဟာ ရာသီမကုန်ခင် ဆောက်သမ်တန်အသင်းကနေ ထွက်ခွာဖို့ မရှိတဲ့အတွက် ကာလတို ရွေးချယ်မှုပြုလုပ်ဖို့ မသင့်လျော်တာ တွေ့ရပါတယ်။

ဒါပေမယ့် ဟူတယ်လ် အနေနဲ့ ဆောက်သမ်တန်အသင်းကို ရလာဒ်ကောင်းတွေ ဆက်လက်ပိုင်ဆိုင်အောင် စွမ်းဆောင်ထားနိုင်ပါက ချဲလ်ဆီးအသင်းအနေနဲ့ ရာသီကုန်ချိန်မှာ လမ်းပတ်ကို ထုတ်ပယ်ပြီး ဟာဆန် ဟူတယ်လ်ကို အစားထိုး ခန့်အပ်လာနိုင်ပါတယ်။ လက်ရှိRB လိုက်ဇစ်နည်းပြ ဂျူလီယန် နာဂျယ်လ်မန်း ကလည်း စတန်းဖို့ဒ်ဘရစ် အတွက် နောက်ထပ် ရွေးချယ်စရာ ပစ်မှတ် တစ်ခုဖြစ်နေပါတယ်။

တကယ်လို့ ချဲလ်ဆီးအသင်းအနေနဲ့ အရေးပေါ် နည်းပြသစ် အစားဖိုးဖို့ လိုအပ်လာပါက ဂျာမာန်လူမျိုး သောမတ်တူချယ် နှင့် Ralf Rangnick တို့အပြင် ယခင်က ချဲလ်ဆီးအသင်းမှ အင်တာဗျူးခဲ့ဖူးသော ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီတိုို့ကို ရွေးချယ်နိုင်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ( ၇ ) ပွဲမှာ ( ၁ ) ပွဲသာ အနိုင်ရရှိထားတဲ့ လမ်းပတ်ကို အချိန်ပေးစောင့်ကြည့်ဖို့ စီစဉ်ထားပြီး တကယ်လို့ သာ လာမယ့်သောကြာနေ့မှာ ဖူလ်ဟမ်အသင်းကို ရှုံးနိမ့်ပါက အဆိုပါဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားလာနိုင်ပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဖရန႔္ လမ္းပတ္ေနရာ အစားထိုးႏိုင္မယ့္ အလားအလာရွိတဲ့ နည္းျပစာရင္းထဲမွာ ဘြန္ဒက္လီဂါမွ နည္းျပေတြ အမ်ားစု ပါဝင္ေနေပမယ့္ ေဆာက္သမ္တန္နည္းျပ ရာဖယ္ ဟာဆန္ဟူတယ္လ္ကေတာ့ နံပါတ္ ( ၁ ) ေနရာမွ ေရပန္းစားခ်က္ရွိပါတယ္။ ၾသစႀတီးယားလူမ်ိဳးဟာ ရာသီမကုန္ခင္ ေဆာက္သမ္တန္အသင္းကေန ထြက္ခြာဖို႔ မရွိတဲ့အတြက္ ကာလတို ေ႐ြးခ်ယ္မႈျပဳလုပ္ဖို႔ မသင့္ေလ်ာ္တာ ေတြ႕ရပါတယ္။ ဒါေပမယ့္ ဟူတယ္လ္ အေနနဲ႔ ေဆာက္သမ္တန္အသင္းကို ရလာဒ္ေကာင္းေတြ ဆက္လက္ပိုင္ဆိုင္ေအာင္ စြမ္းေဆာင္ထားႏိုင္ပါက ခ်ဲလ္ဆီးအသင္းအေနနဲ႔ ရာသီကုန္ခ်ိန္မွာ လမ္းပတ္ကို ထုတ္ပယ္ၿပီး ဟာဆန္ ဟူတယ္လ္ကို အစားထိုး ခန႔္အပ္လာႏိုင္ပါတယ္။

လက္ရွိRB လိုက္ဇစ္နည္းျပ ဂ်ဴလီယန္ နာဂ်ယ္လ္မန္း ကလည္း စတန္းဖို႔ဒ္ဘရစ္ အတြက္ ေနာက္ထပ္ ေ႐ြးခ်ယ္စရာ ပစ္မွတ္ တစ္ခုျဖစ္ေနပါတယ္။ တကယ္လို႔ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အေရးေပၚ နည္းျပသစ္ အစားဖိုးဖို႔ လိုအပ္လာပါက ဂ်ာမာန္လူမ်ိဳး ေသာမတ္တူခ်ယ္ ႏွင့္ Ralf Rangnick တို႔အျပင္ ယခင္က ခ်ဲလ္ဆီးအသင္းမွ အင္တာဗ်ဴးခဲ့ဖူးေသာ ဂ်ဴဗင္တပ္နည္းျပေဟာင္း အယ္လီဂရီတိုို႔ကို ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ( ၇ ) ပြဲမွာ ( ၁ ) ပြဲသာ အႏိုင္ရရွိထားတဲ့ လမ္းပတ္ကို အခ်ိန္ေပးေစာင့္ၾကည့္ဖို႔ စီစဥ္ထားၿပီး တကယ္လို႔ သာ လာမယ့္ေသာၾကာေန႔မွာ ဖူလ္ဟမ္အသင္းကို ရႈံးနိမ့္ပါက အဆိုပါဆုံးျဖတ္ခ်က္ကို ျပန္လည္စဥ္းစားလာႏိုင္ပါတယ္။ Source : Daily Mail