လမ်းပတ်အထုတ်ခံခဲ့ရပြီးနောက် အောင်ပွဲခံနေတဲ့ပုံကောက်တင်လိုက်တဲ့ ဒရင့်ဝါးတား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းကနေ အငှားထွက်ကစားနေတဲ့ ကွင်းလယ်လူ ဒရင့်ဝါးတားဟာ လမ်းပတ်အထုတ်ခံရပြီးနောက် လက်စတာအသင်းမှာ အောင်ပွဲခံနေတဲ့ပုံကို အင်စတာဂရမ်မှာတင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အဆိုပါကွင်းလယ်လူဟာ လမ်းပတ်လက်အောက်မှာ နေရာမရတာကြောင့် ဗီလာအသင်းကို အငှားမထွက်ခင် ဘန်လေအသင်းကို အငှားထွက်ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လမ်းပတ်အထုတ်ခံခဲ့ရတာကြောင့် အင်စတာဂရမ်မှာ လက်စတာကွင်းလယ်လူဟောင်းက လက်စတာအသင်းမှာတုန်းက အောင်ပွဲခံတဲ့ပုံကို တင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ်ကစားသမားဟာ အဆိုပါအင်စတာရမ်မှာတင်ခဲ့တဲ့ပုံရိပ်ကြောင့် ချဲလ်ဆီးပရိသတ်တွေရဲ့အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပြီး လမ်းပတ်က မလေးစားဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးကတော့ ဒရင့်ဝါးတားအနေနဲ့ လမ်းပတ်အထုတ်ခံရချိန်မှာ အဲ့လိုမတင်သင့်ကြောင်း ဆိုခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ဒရင့်ဝါးတားဟာ လေးစားမှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။

ပရိသတ်တွေကတော့ တွစ်တာကနေ လမ်းပတ်အထုတ်ခံရချိန်မှာ ဒရင့်ဝါးတားအနေနဲ့ အခုလိုတင်ခဲ့တာဟာ လေးစားမှုမရှိဘူးလို့ တွစ်တာကနေ ဆိုနေကြပါတယ်။

ဒရင့်ဝါးတားကတော့ အဆိုပါလုပ်ရပ်ဟာ အမှန်တကယ်မှာသူဟာ ဘောလုံးကစားတာကို လွမ်းဆွတ်နေမိတာဖြစ်ကြောင်း အခိုင်အမာဆိုခဲ့တာဖြစ်ပါတယ်။ ဒရင့်ဝါးတားဟာ ၃ ရာသီအတွင်း ၂၃ ပွဲသာ ပါဝင်ကစားခွင့်ရခဲပြီး ဘန်လေ နဲ့ ဗီလာအသင်းတို့ထံ အငှားပဲထွက်ကစားခဲ့ရပါတယ်။

ဒရင့်ဝါးတားဟာ လက်စတာအသင်းမှာ ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းကိုရောက်လာချိန်မှာတော့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
လမ္းပတ္အထုတ္ခံခဲ့ရျပီးေနာက္ ေအာင္ပြဲခံေနတဲ့ပံုေကာက္တင္လိုက္တဲ့ ဒရင့္၀ါးတား

ခ်ဲလ္ဆီးအသင္းကေန အငွားထြက္ကစားေနတဲ့ ကြင္းလယ္လူ ဒရင့္၀ါးတားဟာ လမ္းပတ္အထုတ္ခံရျပီးေနာက္ လက္စတာအသင္းမွာ ေအာင္ပြဲခံေနတဲ့ပံုကို အင္စတာဂရမ္မွာတင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ အဆိုပါကြင္းလယ္လူဟာ လမ္းပတ္လက္ေအာက္မွာ ေနရာမရတာေၾကာင့္ ဗီလာအသင္းကို အငွားမထြက္ခင္ ဘန္ေလအသင္းကို အငွားထြက္ခဲ့ရတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လမ္းပတ္အထုတ္ခံခဲ့ရတာေၾကာင့္ အင္စတာဂရမ္မွာ လက္စတာကြင္းလယ္လူေဟာင္းက လက္စတာအသင္းမွာတုန္းက ေအာင္ပြဲခံတဲ့ပံုကို တင္ခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ကစားသမားဟာ အဆိုပါအင္စတာရမ္မွာတင္ခဲ့တဲ့ပံုရိပ္ေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕အမ်က္ေဒါသနဲ႔ ရင္ဆိုင္ခဲ့ရျပီး လမ္းပတ္က မေလးစားဘူးလို႔ စြပ္စြဲခဲ့ၾကပါတယ္။ ပရိသတ္တစ္ဦးကေတာ့ ဒရင့္၀ါးတားအေနနဲ႔ လမ္းပတ္အထုတ္ခံရခ်ိန္မွာ အဲ့လိုမတင္သင့္ေၾကာင္း ဆိုခဲ့ပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း ဒရင့္၀ါးတားဟာ ေလးစားမႈမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ တြစ္တာကေန လမ္းပတ္အထုတ္ခံရခ်ိန္မွာ ဒရင့္၀ါးတားအေနနဲ႔ အခုလိုတင္ခဲ့တာဟာ ေလးစားမႈမရွိဘူးလို႔ တြစ္တာကေန ဆိုေနၾကပါတယ္။

ဒရင့္၀ါးတားကေတာ့ အဆိုပါလုပ္ရပ္ဟာ အမွန္တကယ္မွာသူဟာ ေဘာလံုးကစားတာကို လြမ္းဆြတ္ေနမိတာျဖစ္ေၾကာင္း အခိုင္အမာဆိုခဲ့တာျဖစ္ပါတယ္။ ဒရင့္၀ါးတားဟာ ၃ ရာသီအတြင္း ၂၃ ပြဲသာ ပါ၀င္ကစားခြင့္ရခဲျပီး ဘန္ေလ နဲ႔ ဗီလာအသင္းတို႔ထံ အငွားပဲထြက္ကစားခဲ့ရပါတယ္။ ဒရင့္၀ါးတားဟာ လက္စတာအသင္းမွာ ေျခစြမ္းေကာင္းေတြဆက္တိုက္ျပသႏုိင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းကိုေရာက္လာခ်ိန္မွာေတာ့ ရုန္းကန္ခဲ့ရတာျဖစ္ပါတယ္။