လာကဇက်ရဲ့ခေါင်းတိုက်ဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ခဲ့တဲ့အပေါ် အာတီတာ အလွန် ဒေါသထွက်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်စတာစီးတီးကို အိမ်ကွင်းမှာ ၁ဂိုး၊ ဂိုးမရှိနဲ့ရှုံးခဲ့တဲ့ တနင်္ဂနွေနေ့ပွဲတုန်းက ပွဲချိန်အစောပိုင်းမှာ တိုက်စစ်မှူး လာကဇက်ရဲ့ ခေါင်းတိုက်သွင်းဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်တဲ့ပေါ် အာဆင်နယ်နည်းပြ အာတီတာ ဒေါသထွက်နေပါတယ်။

အာဆင်နယ်ဟာ ၁၉၇၃ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း လက်စတာစီးတီးကို သူတို့ရဲ့အိမ်ကွင်းမှာ ပထမဆုံးအကြိမ် ရှုံးခဲ့တာဖြစ်ပြီး လက်စတာစီးတီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ လူစားဝင်တိုက်စစ်မှူး ဂျေမီဗာဒီက ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာ သွင်းယူခဲ့ပါတယ်။

လက်စတာစီးတီးဟာ ပွဲချိန်အများစုမှာ အာဆင်နယ်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ခဲ့ပေမယ့် အဆုံးအဖြတ် ဖြစ်စေမယ့် အနိုင်ဂိုးကိုတော့ ဗာဒီက ကွင်းလယ်လူသစ် အွန်ဒါ ခင်းပေးတဲ့ ဘောလုံးကနေ သွင်းယူပေးနိုင်ခဲ့တာကြောင့် အာဆင်နယ်ကွင်းကို ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၂၇ပွဲလာကစားရာမှာ ပထမဆုံးအကြိမ် နိုင်ပွဲယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန်အစောပိုင်းမှာ လာကဇက် ခေါင်းတိုက်သွင်းတဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကတော့ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

ဆီဘယ်လော့စ် ကန်တင်လိုက်တဲ့ ထောင့်ကန်ဘောကို လာကဇက်က ခေါင်းတိုက်သွင်းရာမှာ ဂိုးဝင်ခဲ့ပေမယ့် လက်စတာစီးတီးဂိုးသမား ကက်စပါရှမိုက်ကယ်ရဲ့ မြင်ကွင်းကို လူကျွံနေတဲ့ ရှာခါက ကွယ်သလိုဖြစ်နေလို့ စည်းကြပ်ဒိုင်ရော ကွင်းလယ်ဒိုင်ကပါ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ပါတယ်။

တကယ်တော့ လာကဇက် ခေါင်းတိုက်လိုက်တဲ့ဘောလုံးလမ်းကြောင်းနဲ့ ရှာခါရှိတဲ့နေရာဟာ တိုက်ရိုက်ပတ်သက်မှုမရှိပါဘူး။

ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက “ အင်မတန်စိတ်ပျက်ပါတယ်။ ပွဲကိုဦးဆောင်နိုင်မယ့်အခွင့်အရေးကို ပထမပိုင်းကတည်းက ကျွန်တော်တို့ ရသင့်ခဲ့တာပါ။

ကျွန်တော်တို့ရဲ့ သွင်းကို ဘာလို့ခွင့်မပြုတာလဲ။ပထမပိုင်းအတွင်း ကျွန်တော့်အသင်းရဲ့ကစားပံံံံုံကိုကျေနပ်အားရပါတယ်။ ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ တည်ကန်ဘောကတဆင့် ရတဲ့ သွင်းဂိုးကို ဘာကြောင့်ခွင့်မပြုတာလဲကိုတော့ တကယ်နားမလည်နိုင်ပါဘူး”လို့ ပြောပါတယ်။

လာကဇက်ရဲ့ဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်လိုက်ချိန်မှာ အာဆင်နယ်အသင်းအရန်ခုံပေါ်က နည်းပြအဖွဲ့ဝင်တွေရော ကစားသမားတွေပါ အော်ဟစ်စောဒကတက်ကြခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဆုံးဖြတ်ချက်ကို မပြင်ခဲ့ပါဘူး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာကဇက္ရဲ႕ေခါင္းတိုက္ဂိုးကို လူကၽြံေဘာအျဖစ္သတ္မွတ္ခဲ့တဲ့အေပၚ အာတီတာ အလြန္ ေဒါသထြက္ေန

လက္စတာစီးတီးကို အိမ္ကြင္းမွာ ၁ဂိုး၊ ဂိုးမရွိနဲ႔ရႈံးခဲ့တဲ့ တနဂၤေႏြေန႔ပြဲတုန္းက ပြဲခ်ိန္အေစာပိုင္းမွာ တိုက္စစ္မွဴး လာကဇက္ရဲ႕ ေခါင္းတိုက္သြင္းဂိုးကို လူကၽြံေဘာအျဖစ္သတ္မွတ္တဲ့ေပၚ အာဆင္နယ္နည္းျပ အာတီတာ ေဒါသထြက္ေနပါတယ္။

အာဆင္နယ္ဟာ ၁၉၇၃ခုႏွစ္၊ စက္တင္ဘာလေနာက္ပိုင္း လက္စတာစီးတီးကို သူတို႔ရဲ႕အိမ္ကြင္းမွာ ပထမဆံုးအႀကိမ္ ရႈံးခဲ့တာျဖစ္ၿပီး လက္စတာစီးတီးရဲ႕ တစ္လံုးတည္းေသာ အႏိုင္ဂိုးကိုေတာ့ လူစား၀င္တိုက္စစ္မွဴး ေဂ်မီဗာဒီက ပြဲၿပီးဖို႔ ၁၀ မိနစ္အလိုမွာ သြင္းယူခဲ့ပါတယ္။

လက္စတာစီးတီးဟာ ပြဲခ်ိန္အမ်ားစုမွာ အာဆင္နယ္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္ ေရာက္ခဲ့ေပမယ့္ အဆံုးအျဖတ္ ျဖစ္ေစမယ့္ အႏိုင္ဂိုးကိုေတာ့ ဗာဒီက ကြင္းလယ္လူသစ္ အြန္ဒါ ခင္းေပးတဲ့ ေဘာလံုးကေန သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္ကြင္းကို ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆံုး ၂၇ပြဲလာကစားရာမွာ ပထမဆံုးအႀကိမ္ ႏိုင္ပြဲယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္အေစာပိုင္းမွာ လာကဇက္ ေခါင္းတိုက္သြင္းတဲ့ဂိုးကို လူကၽြံေဘာအျဖစ္ သတ္မွတ္ခဲ့တာကေတာ့ အျငင္းပြားစရာျဖစ္ခဲ့ပါတယ္။
ဆီဘယ္ေလာ့စ္ ကန္တင္လိုက္တဲ့ ေထာင့္ကန္ေဘာကို လာကဇက္က ေခါင္းတုိက္သြင္းရာမွာ ဂိုး၀င္ခဲ့ေပမယ့္ လက္စတာစီးတီးဂိုးသမား ကက္စပါရွမိုက္ကယ္ရဲ႕ ျမင္ကြင္းကို လူကၽြံေနတဲ့ ရွာခါက ကြယ္သလိုျဖစ္ေနလို႔ စည္းၾကပ္ဒိုင္ေရာ ကြင္းလယ္ဒိုင္ကပါ လူကၽြံေဘာအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

တကယ္ေတာ့ လာကဇက္ ေခါင္းတိုက္လိုက္တဲ့ေဘာလံုးလမ္းေၾကာင္းနဲ႔ ရွာခါရွိတဲ့ေနရာဟာ တိုက္ရိုက္ပတ္သက္မႈမရွိပါဘူး။

ပြဲအၿပီးမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာက “ အင္မတန္စိတ္ပ်က္ပါတယ္။ ပြဲကုိဦးေဆာင္ႏိုင္မယ့္အခြင့္အေရးကို ပထမပိုင္းကတည္းက ကၽြန္ေတာ္တို႔ ရသင့္ခဲ့တာပါ။

ကၽြန္ေတာ္တို႔ရဲ႕ သြင္းကို ဘာလို႔ခြင့္မျပဳတာလဲ။ပထမပိုင္းအတြင္း ကၽြန္ေတာ့္အသင္းရဲ႕ကစားပံံံံံုကိုေက်နပ္အားရပါတယ္။ ၿပိဳင္ဘက္ကို ဖိအားေပးကစားႏိုင္ခဲ့ပါတယ္။ တည္ကန္ေဘာကတဆင့္ ရတဲ့ သြင္းဂိုးကို ဘာေၾကာင့္ခြင့္မျပဳတာလဲကိုေတာ့ တကယ္နားမလည္ႏိုင္ပါဘူး”လို႔ ေျပာပါတယ္။

လာကဇက္ရဲ႕ဂိုးကို လူကၽြံေဘာအျဖစ္ သတ္မွတ္လိုက္ခ်ိန္မွာ အာဆင္နယ္အသင္းအရန္ခံုေပၚက နည္းျပအဖြဲ႔၀င္ေတြေရာ ကစားသမားေတြပါ ေအာ္ဟစ္ေစာဒကတက္ၾကခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ ဆံုးျဖတ္ခ်က္ကို မျပင္ခဲ့ပါဘူး။