လာခြင်းမကောင်းတဲ့ဧည့်သည်ရဲ့ အိမ်တံခါးလာခေါက်တာခံရတဲ့ ရွန်းနီဟာ သူ့ဘဝမှာ အကြောက်ဆုံးဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ရတော့မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒါဘီကောင်တီအသင်းခေါင်းဆောင် ဝိန်းရွန်နီတစ်ယောက် ထိုင်မရ၊ထမရအဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။ အိမ်ထဲမှာနေတာတောင် မလုံခြုံသလို ခံစားရတဲ့ အခုလိုကပ်ရောဂါကာလမှာရွန်းနီတစ်ယောက် သူငယ်ချင်းပေးတဲ့ ဒုက္ခလက်ဆောင်ကို ပိုက်ထားရလို့ပါ။ ဒါဘီအသင်းရဲ့ကစားသမား-နည်းပြဝိန်းရွန်းနီရဲ့သူငယ်ချင်းဖြစ်သူဘာစလေဟာပြီးခဲ့တဲ့ကြာသပတေးနေ့ကရွန်းနီရဲ့အိမ်ကိုအလည်သွားခဲ့ပြီးတန်ဖိုးကြီးနာရီတစ်လုံးလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဘာစလေဟာ ဝိန်းရွန်နီဆီကိုမလာခင် အစောပိုင်းနေ့တွေမှာ ကိုဗစ်(၁၉)ကူးစက်ခံထားရတဲ့ သူတွေနဲ့ထိတွေ့မှုရှိခဲ့တဲ့ သူဖြစ်ပြီးတော့ ဒီလို ထိတွေ့မှုတွေရှိထားတယ်ဆိုတာကို ဝိန်းရွန်းနီအနေနဲ့ နောက်မှ သိခဲ့ရတာဖြစ်ပါတယ်။ ဝိန်းရွန်းနီအနေနဲ့ သူငယ်ချင်းဖြစ်သူရဲ့ ဆင်ခြင်မဲ့လုပ်ရပ်ကို သိလိုက်ချိန်မှာ အလွန်အမင်းဒေါသထွက်ခဲ့ပြီး၊ ဆေးစစ်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်။ ကြားရတဲ့ သတင်းတွေအရတော့ ဘာစလေ ဟာရောဂါပိုးတွေ့ရှိထားတဲ့ သူတွေနဲ့ထိတွေ့မှုတွေရှိခဲ့တဲ့ မှတ်တမ်းကြောင့် ဆေးစစ်မှုတွေပြုလုပ်ထားရတာဖြစ်ပြီး၊ အဖြေကိုမသိခင် ရွန်းနီဆီသွားခဲ့တာပါ။

အခုတော့ ပိုးတွေ့လို့ ဘာစလေ တစ်ယောက်သီးသန့်နေနေရပါပြီ။ သူငယ်ချင်းဖြစ်သူ ဘာစလေ ဟာရောဂါဖြစ်တဲ့သူတွေနဲ့ထိတွေ့မှုရှိထားခြင်းကို သိရှိထားခြင်းမရှိခဲ့တဲ့ ဝိန်းရွန်းနီဟာပြီးခဲ့တဲ့သောကြာနေ့က ဝက်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဒါဘီအသင်းရဲ့ ပွဲစဉ်မှာလည်း ပွဲစဉ်ကိုကစားဖို့အတွက် အသင်းဆီသွားရောက်ပူးပေါင်းခဲ့ပါသေးတယ်။ ဝိန်းရွန်နီဟာ အဲဒီပွဲကစားပြီးနောက် စနေနေ့ညက ဗိုင်းရပ်စ်ရှိမရှိ အရေးပေါ်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ ဝိန်းရွန်နီ ဟာ သူ့ရဲ့မိသားစုနဲ့ ကလပ်အသင်းဖော်တွေကို အန္တရယ်ဖြစ်စေမှာစိုးရိမ်တဲ့အပြင် သူ့ရဲ့ ကစားသမားဘဝကိုလည်း ထိခိုက်နိုင်တဲ့အတွက် သူ့ရဲ့သူငယ်ချင်းကို အလွန်စိတ်ပျက်နေတာဖြစ်ပါတယ်။

လက်ရှိဝိန်းရွန်းနီရဲ့ ထိတွေ့မှုအခြေအနေအရဒါဘီအသင်းရဲ့နောက်လာမယ့် ပွဲစဉ်(၄)ပွဲ အထိကိုပါ လွဲချော်ရတော့မယ့်အရေးနဲ့ရင်ဆိုင်ရလျက်ရှိနေပါတယ်။ ရွန်းနီနဲ့နီးစပ်တဲ့ သူတစ်ဦးရဲ့ပြောကြားချက်အရ ”တကယ်လို့ ဘာစလေ ဟာသံသယလူနာနဲ့ထိတွေ့ခဲ့တာဒါမှမဟုတ်ရောဂါပိုးတွေ့ရှိခဲ့တာမှန်းသိခဲ့ရင်ရွန်းနီအနေနဲ့သူ့ကိုတွေ့ဖို့ငြင်းဆန်ခဲ့မှာပါ။ အခုဆိုရင်အစိုးရကချမှတ်ထားတဲ့စည်းကမ်းတွေကိုချိုးဖောက်ခဲ့တဲ့သူတစ်ယောက်ကြောင့် မိသားစုရော၊ ကလပ်အသင်းပါအခက်ကြုံနေရပြီဖြစ်တာကြောင့် ဝိန်းရွန်းနီအနေနဲ့ဒေါသထွက်ပြီးစိတ်ပျက်နေပါပြီ’လို့ပြောဆိုခဲ့ပါတယ်။

အစိုးရပိုင်းအနေနဲ့ကတော့ ရောဂါပိုးရှိသူတွေနဲ့ထိတွေ့မှုရှိခဲ့တဲ့သူတွေအနေနဲ့(၁၄)ရက်တာ တစ်ကိုယ်တည်းနေထိုင်မှုတွေပြုလုပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုထားခဲ့တာဖြစ်ပါတယ်။ အသက်(၃၅)နှစ်ပြည့်တော့မယ့် ဝိန်းရွန်နီ ဟာ အခုနှစ်ရာသီမှာ ဒါဘီ အသင်းအတွက် (၅)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာ အခုအချိန်ထိ ကွင်းထဲမှာ သန်သန်မာမာနဲ့ ကစားနေနိုင်ဆဲဖြစ်ပါတယ်။ဒါပေမယ့် အခြားသူတစ်ဦးရဲ့တာဝန်မဲ့တဲ့လုပ်ရပ်ကြောင့် ကစားသမားဘဝထိခိုက်နိုင်တဲ့ အနေအထားနဲ့ ကြုံတွေ့နေရပါပြီ။ ရွန်းနီလက်ခံလိုက်ရတာဟာ တန်ဖိုးကြီးနာရီတစ်လုံးတည်းတင်မကပါဘူး။ သင်ခန်းစာကောင်းတစ်ခုကိုပါ လက်ခံလိုက်ရတာပါ။ အခုအချိန်မှာ ခင်မင်လို့တွေ့ဆုံမှုတွေဟာ သေစေနိုင်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

လာျခင္းမေကာင္းတဲ့ဧည့္သည္ရဲ႕ အိမ္တံခါးလာေခါက္တာခံရတဲ့ ႐ြန္းနီဟာ သူ႔ဘဝမွာ အေၾကာက္ဆုံးဆိုတဲ့ ကိစၥနဲ႔ ပတ္သတ္ရေတာ့မလား

ဒါဘီေကာင္တီအသင္းေခါင္းေဆာင္ ဝိန္း႐ြန္နီတစ္ေယာက္ ထိုင္မရ၊ထမရအျဖစ္နဲ႔ ႀကဳံေတြ႕ေနရပါတယ္။ အိမ္ထဲမွာေနတာေတာင္ မလုံၿခဳံသလို ခံစားရတဲ့ အခုလိုကပ္ေရာဂါကာလမွာ႐ြန္းနီတစ္ေယာက္ သူငယ္ခ်င္းေပးတဲ့ ဒုကၡလက္ေဆာင္ကို ပိုက္ထားရလို႔ပါ။ ဒါဘီအသင္းရဲ႕ကစားသမား-နည္းျပဝိန္း႐ြန္းနီရဲ႕သူငယ္ခ်င္းျဖစ္သူဘာစေလဟာၿပီးခဲ့တဲ့ၾကာသပေတးေန႔က႐ြန္းနီရဲ႕အိမ္ကိုအလည္သြားခဲ့ၿပီးတန္ဖိုးႀကီးနာရီတစ္လုံးလက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ဘာစေလဟာ ဝိန္း႐ြန္နီဆီကိုမလာခင္ အေစာပိုင္းေန႔ေတြမွာ ကိုဗစ္(၁၉)ကူးစက္ခံထားရတဲ့ သူေတြနဲ႔ထိေတြ႕မႈရွိခဲ့တဲ့ သူျဖစ္ၿပီးေတာ့ ဒီလို ထိေတြ႕မႈေတြရွိထားတယ္ဆိုတာကို ဝိန္း႐ြန္းနီအေနနဲ႔ ေနာက္မွ သိခဲ့ရတာျဖစ္ပါတယ္။ ဝိန္း႐ြန္းနီအေနနဲ႔ သူငယ္ခ်င္းျဖစ္သူရဲ႕ ဆင္ျခင္မဲ့လုပ္ရပ္ကို သိလိုက္ခ်ိန္မွာ အလြန္အမင္းေဒါသထြက္ခဲ့ၿပီး၊ ေဆးစစ္မႈေတြျပဳလုပ္ဖို႔ ျပင္ဆင္ရပါေတာ့တယ္။ ၾကားရတဲ့ သတင္းေတြအရေတာ့ ဘာစေလ ဟာေရာဂါပိုးေတြ႕ရွိထားတဲ့ သူေတြနဲ႔ထိေတြ႕မႈေတြရွိခဲ့တဲ့ မွတ္တမ္းေၾကာင့္ ေဆးစစ္မႈေတြျပဳလုပ္ထားရတာျဖစ္ၿပီး၊ အေျဖကိုမသိခင္ ႐ြန္းနီဆီသြားခဲ့တာပါ။

အခုေတာ့ ပိုးေတြ႕လို႔ ဘာစေလ တစ္ေယာက္သီးသန႔္ေနေနရပါၿပီ။ သူငယ္ခ်င္းျဖစ္သူ ဘာစေလ ဟာေရာဂါျဖစ္တဲ့သူေတြနဲ႔ထိေတြ႕မႈရွိထားျခင္းကို သိရွိထားျခင္းမရွိခဲ့တဲ့ ဝိန္း႐ြန္းနီဟာၿပီးခဲ့တဲ့ေသာၾကာေန႔က ဝက္ဖို႔ဒ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ ဒါဘီအသင္းရဲ႕ ပြဲစဥ္မွာလည္း ပြဲစဥ္ကိုကစားဖို႔အတြက္ အသင္းဆီသြားေရာက္ပူးေပါင္းခဲ့ပါေသးတယ္။ ဝိန္း႐ြန္နီဟာ အဲဒီပြဲကစားၿပီးေနာက္ စေနေန႔ညက ဗိုင္းရပ္စ္ရွိမရွိ အေရးေပၚစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။ ဝိန္း႐ြန္နီ ဟာ သူ႔ရဲ႕မိသားစုနဲ႔ ကလပ္အသင္းေဖာ္ေတြကို အႏၲရယ္ျဖစ္ေစမွာစိုးရိမ္တဲ့အျပင္ သူ႔ရဲ႕ ကစားသမားဘဝကိုလည္း ထိခိုက္ႏိုင္တဲ့အတြက္ သူ႔ရဲ႕သူငယ္ခ်င္းကို အလြန္စိတ္ပ်က္ေနတာျဖစ္ပါတယ္။

လက္ရွိဝိန္း႐ြန္းနီရဲ႕ ထိေတြ႕မႈအေျခအေနအရဒါဘီအသင္းရဲ႕ေနာက္လာမယ့္ ပြဲစဥ္(၄)ပြဲ အထိကိုပါ လြဲေခ်ာ္ရေတာ့မယ့္အေရးနဲ႔ရင္ဆိုင္ရလ်က္ရွိေနပါတယ္။ ႐ြန္းနီနဲ႔နီးစပ္တဲ့ သူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ ”တကယ္လို႔ ဘာစေလ ဟာသံသယလူနာနဲ႔ထိေတြ႕ခဲ့တာဒါမွမဟုတ္ေရာဂါပိုးေတြ႕ရွိခဲ့တာမွန္းသိခဲ့ရင္႐ြန္းနီအေနနဲ႔သူ႔ကိုေတြ႕ဖို႔ျငင္းဆန္ခဲ့မွာပါ။ အခုဆိုရင္အစိုးရကခ်မွတ္ထားတဲ့စည္းကမ္းေတြကိုခ်ိဳးေဖာက္ခဲ့တဲ့သူတစ္ေယာက္ေၾကာင့္ မိသားစုေရာ၊ ကလပ္အသင္းပါအခက္ႀကဳံေနရၿပီျဖစ္တာေၾကာင့္ ဝိန္း႐ြန္းနီအေနနဲ႔ေဒါသထြက္ၿပီးစိတ္ပ်က္ေနပါၿပီ’လို႔ေျပာဆိုခဲ့ပါတယ္။

အစိုးရပိုင္းအေနနဲ႔ကေတာ့ ေရာဂါပိုးရွိသူေတြနဲ႔ထိေတြ႕မႈရွိခဲ့တဲ့သူေတြအေနနဲ႔(၁၄)ရက္တာ တစ္ကိုယ္တည္းေနထိုင္မႈေတြျပဳလုပ္သင့္တယ္လို႔ တိုက္တြန္းေျပာဆိုထားခဲ့တာျဖစ္ပါတယ္။ အသက္(၃၅)ႏွစ္ျပည့္ေတာ့မယ့္ ဝိန္း႐ြန္နီ ဟာ အခုႏွစ္ရာသီမွာ ဒါဘီ အသင္းအတြက္ (၅)ပြဲပါဝင္ကစားထားၿပီး (၁)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

ဝိန္း႐ြန္းနီဟာ အခုအခ်ိန္ထိ ကြင္းထဲမွာ သန္သန္မာမာနဲ႔ ကစားေနႏိုင္ဆဲျဖစ္ပါတယ္။ဒါေပမယ့္ အျခားသူတစ္ဦးရဲ႕တာဝန္မဲ့တဲ့လုပ္ရပ္ေၾကာင့္ ကစားသမားဘဝထိခိုက္ႏိုင္တဲ့ အေနအထားနဲ႔ ႀကဳံေတြ႕ေနရပါၿပီ။ ႐ြန္းနီလက္ခံလိုက္ရတာဟာ တန္ဖိုးႀကီးနာရီတစ္လုံးတည္းတင္မကပါဘူး။ သင္ခန္းစာေကာင္းတစ္ခုကိုပါ လက္ခံလိုက္ရတာပါ။ အခုအခ်ိန္မွာ ခင္မင္လို႔ေတြ႕ဆုံမႈေတြဟာ ေသေစႏိုင္ပါတယ္။