လာမယ့်နွေရာသီမှာ ယူနိုက်တက်ကို ပေါ့ဂ်ဘာစွန့်ခွာဖို့ ၁၀၀ % သေချာနေပြီတဲ့….

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်ကို စွန့်ခွာဖို့ ၁၀၀ % သေချာနေတယ်လို့ ရေးသားတင်ခဲ့ပါတယ်။
သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ ပေါ့ဂ်ဘာဟာ လာမယ့်ရာသီသစ်မတိုင်ခင်မှာ ယူနိုက်တက်ကို ကြိမ်းသေစွန့်ခွာမယ်လို့ ဆိုခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းကလည်း ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ ပေါ့ဂ်ဘာကို ရာဘီအော့ ၊ ရမ်ဆေးတို့ထဲက တစ်ဦးဦးနဲ့ အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ယူနိုက်တက်ဘက်ကလည်း ငွေသား ဒါမှမဟုတ် ထိပ်တန်းကစားသမားတစ်ဦးနဲ့ ကမ်းလှမ်းမှသာ လက်ခံဖွယ်ရှိနေပါတယ်။


ပေါ့ဂ်ဘာဟာ ဒီရာသီယူနိုက်တက်အသင်းအတွက် ၁၁ ပွဲသာပါဝင်ကစားခွင့်ရရှိထားပြီး ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်နေခဲ့ရပါတယ်။
ဆိုးလ်ရှားကတော့ ပေါ့ဂ်ဘာမပါတဲ့ကွင်းလယ်ကို တည်ဆောက်နေပြီး ပရိသတ်တွေကလည်း ပေါ့ဂ်ဘာကို ရောင်းထုတ်စေချင်နေကြပါတယ်။


စပို့တင်းကနေ ရောက်ရှိလာတဲ့ ဖာနန်ဒက်စ်ကတော့ ယူနိုက်တက်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး အသင်းအတွက် ဒီရာသီ ၁၄ ပွဲမှာ ၁၀ ဂိုးသွင်း ၆ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်စ်ကတော့ နည်းပြသစ် ပီယာလိုလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းရဲ့လူအင်အားကို ဖြည့်တင်းဖို့ စီစဉ်နေပါတယ်။
ဂျူဗင်တပ်စ်ဟာ ဒီရာသီ ၁၃ ပွဲကစားပြီးချိန်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက အေစီမီလန်အသင်းနဲ့ ၁၀ မှတ်အထိကွာဟနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္ေႏြရာသီမွာ ယူႏုိက္တက္ကို ေပါ့ဂ္ဘာစြန္႔ခြာဖို႔ ၁၀၀ % ေသခ်ာေနျပီတဲ့….
==============
နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယိုရိုမာႏိုက ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ လာမယ့္ေႏြရာသီမွာ ယူႏိုက္တက္ကို စြန္႔ခြာဖို႔ ၁၀၀ % ေသခ်ာေနတယ္လို႔ ေရးသားတင္ခဲ့ပါတယ္။
သတင္းဌာနတစ္ခုနဲ႔အင္တာဗ်ဴးမွာ ေပါ့ဂ္ဘာဟာ လာမယ့္ရာသီသစ္မတိုင္ခင္မွာ ယူႏုိက္တက္ကို ၾကိမ္းေသစြန္႔ခြာမယ္လို႔ ဆိုခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းကလည္း ေပါ့ဂ္ဘာကုိ ျပန္လည္ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ သတင္းေတြအရ ဂ်ဴဗင္တပ္စ္ဟာ ေပါ့ဂ္ဘာကို ရာဘီေအာ့ ၊ ရမ္ေဆးတို႔ထဲက တစ္ဦးဦးနဲ႔ အလိုက္ေပးကမ္းလွမ္းဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။
ယူႏုိက္တက္ဘက္ကလည္း ေငြသား ဒါမွမဟုတ္ ထိပ္တန္းကစားသမားတစ္ဦးနဲ႔ ကမ္းလွမ္းမွသာ လက္ခံဖြယ္ရွိေနပါတယ္။
ေပါ့ဂ္ဘာဟာ ဒီရာသီယူႏိုက္တက္အသင္းအတြက္ ၁၁ ပြဲသာပါ၀င္ကစားခြင့္ရရွိထားျပီး ဒဏ္ရာျပႆနာေတြနဲ႔သာ ရုန္းကန္ေနခဲ့ရပါတယ္။
ဆိုးလ္ရွားကေတာ့ ေပါ့ဂ္ဘာမပါတဲ့ကြင္းလယ္ကို တည္ေဆာက္ေနျပီး ပရိသတ္ေတြကလည္း ေပါ့ဂ္ဘာကို ေရာင္းထုတ္ေစခ်င္ေနၾကပါတယ္။
စပို႔တင္းကေန ေရာက္ရွိလာတဲ့ ဖာနန္ဒက္စ္ကေတာ့ ယူႏုိက္တက္မွာ ေျခစြမ္းေကာင္းေတြျပသေနျပီး အသင္းအတြက္ ဒီရာသီ ၁၄ ပြဲမွာ ၁၀ ဂိုးသြင္း ၆ ဂိုးဖန္တီးထားႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ကေတာ့ နည္းျပသစ္ ပီယာလိုလက္ေအာက္မွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏုိင္ဖို႔ ရုန္းကန္ေနရျပီး အသင္းရဲ႕လူအင္အားကို ျဖည့္တင္းဖို႔ စီစဥ္ေနပါတယ္။
ဂ်ဴဗင္တပ္စ္ဟာ ဒီရာသီ ၁၃ ပြဲကစားျပီးခ်ိန္မွာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနျပီး ထိပ္ဆံုးေနရာက ေအစီမီလန္အသင္းနဲ႔ ၁၀ မွတ္အထိကြာဟေနပါတယ္