လာမယ့်ရာသီမှာ ဂျူဗင်တပ်စ်အသင်း စီးရီးအေပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရဖို့ရှိနေ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်း အေစီမီလန်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့မသေချာဖြစ်နေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ အခုနောက်ထပ်သတင်းဆိုးအဖြစ် လာမယ့်ရာသီမှာ စီးရီးအေပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြန်ပါပြီ။

ဂျူဗင်တပ်စ်အသင်းဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲကနေ တရားဝင်နုတ်ထွက်တာမျိုးမရှိသေးတဲ့အတွက် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)က ဂျူဗင်တပ်စ်အသင်းကို လာမယ့်ရာသီစီရီးအေပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ သတိပေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းလောက်တုန်းက ဥရောပထိပ်သီးအသင်းတွေပါဝင်မယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို လာမယ့်ရာသီကစတင်ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာခဲ့ချိန်မှာ

သက်ဆိုင်ရာကလပ်အသင်းက ပရိသတ်တွေ၊ နာမည်ကျော်ဘောလုံးသမားဟောင်းတွေအပြင် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ပါ ကန့်ကွက်ခဲ့ကြပြီး အင်္ဂလန်မှာ ပရိသတ်တွေရဲ့ ဆန္ဒပြမှုကြောင့် ပရီးမီးယားလိဂ်ကြီး(၆)ကြီးအသင်းတွေဟာ ပြိုင်ပွဲက နုတ်ထွက်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ရီးယဲလ်အသင်းတို့က အခုအချိန်အထိ ဥရောပစူပါလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာတာမျိုး မရှိသေးတာကြောင့်

အီတလီဘောလုံးအဖွဲ့ချုပ်က လာမယ့်ရာသီမတိုင်ခင် ဥရောပစူပါလိဂ်ကနေ မနုတ်ထွက်သေးရင် ဂျူဗင်တပ်စ်အသင်းကို ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာပါ။

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ ဂါဘရီယဲလ်လီဂရာဗီနာက “စည်းမျဉ်းတွေက ရှင်းရှင်းလင်းလင်းသတ်မှတ်ထားပြီးသားပါ။

တကယ်လို့ ဂျူဗင်တပ်စ်အသင်းသာ လာမယ့်ရာသီမှာ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် စီးရီးအေမှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါဘူး။

ဂျူဗင်တပ်စ်ပရိသတ်တွေအတွက် ကျွန်တော် စိတ်မကောင်းပေမယ့် သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပြီး ဒီစည်းမျဉ်းတွေက အသင်းတိုင်းနဲ့သက်ဆိုင်ပါတယ်။

ဒီပြဿနာဟာ မကြာခင်ပြေလည်သွားလိမ့်မယ်လို့တော့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် UEFA ကလည်း ဥရောပစူပါလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့်အသင်းတွေကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်သွားမယ်လို့ သတိပေးထားတာကြောင့် ဂျူဗင်တပ်စ်အသင်း ဘေးကျပ်နံကျပ်ဖြစ်နေပါပြီ။

ဂျူဗင်တပ်စ်အသင်းဟာ ၂၀၀၆ ခုနှစ်တုန်းက လုပ်ပွဲပြဿနာတွေကြောင့် စီးရီးဘီကို တန်းဆင်းပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးတဲ့ အဖြစ်အပျက်တွေလည်းရှိခဲ့ဖူးတာပါ။

ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင် ပေါင်(၇၈)သန်းအထိနစ်နာဖို့ရှိနေပြီး အဓိက ကစားသမား စီရော်နယ်လ်ဒိုကလည်း အသင်းနဲ့လမ်းခွဲဖို့နီးစပ်နေချိန်မှာ

စီးရီးအေပြိုင်ပွဲကနေ အထုတ်ခံရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရတာကြောင့် အသင်းအတွက် ကြမ္မာဆိုးဝင်တဲ့ကာလလို့ပဲ ပြောရမှာဖြစ်ပါတယ်။

Zawgyi

လာမယ့္ရာသီမွာ ဂ်ဴဗင္တပ္စ္အသင္း စီးရီးေအၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခံရဖို႔ရွိေန

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္း ေအစီမီလန္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔မေသခ်ာျဖစ္ေနတဲ့ ဂ်ဴဗင္တပ္စ္အသင္းဟာ အခုေနာက္ထပ္သတင္းဆိုးအျဖစ္ လာမယ့္ရာသီမွာ စီးရီးေအၿပိဳင္ပြဲယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရျပန္ပါၿပီ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကေန တရားဝင္ႏုတ္ထြက္တာမ်ိဳးမရွိေသးတဲ့အတြက္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္(FIGC)က ဂ်ဴဗင္တပ္စ္အသင္းကို လာမယ့္ရာသီစီရီးေအၿပိဳင္ပြဲကေန ထုတ္ပယ္ဖို႔ သတိေပးမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လကုန္ပိုင္းေလာက္တုန္းက ဥေရာပထိပ္သီးအသင္းေတြပါဝင္မယ့္ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို လာမယ့္ရာသီကစတင္က်င္းပမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ခ်ိန္မွာ သက္ဆိုင္ရာကလပ္အသင္းက ပရိသတ္ေတြ၊ နာမည္ေက်ာ္ေဘာလုံးသမားေဟာင္းေတြအျပင္ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(UEFA)ပါ ကန႔္ကြက္ခဲ့ၾကၿပီး အဂၤလန္မွာ ပရိသတ္ေတြရဲ႕ ဆႏၵျပမႈေၾကာင့္ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးအသင္းေတြဟာ ၿပိဳင္ပြဲက ႏုတ္ထြက္ခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း ဂ်ဴဗင္တပ္စ္၊ ဘာစီလိုနာနဲ႔ ရီးယဲလ္အသင္းတို႔က အခုအခ်ိန္အထိ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကေန ႏုတ္ထြက္ေၾကာင္းတရားဝင္ထုတ္ျပန္ေၾကညာတာမ်ိဳး မရွိေသးတာေၾကာင့္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က လာမယ့္ရာသီမတိုင္ခင္ ဥေရာပစူပါလိဂ္ကေန မႏုတ္ထြက္ေသးရင္ ဂ်ဴဗင္တပ္စ္အသင္းကို ၿပိဳင္ပြဲဝင္ခြင့္ပိတ္ပင္မယ္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့တာပါ။ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌျဖစ္သူ ဂါဘရီယဲလ္လီဂရာဗီနာက “စည္းမ်ဥ္းေတြက ရွင္းရွင္းလင္းလင္းသတ္မွတ္ထားၿပီးသားပါ။

တကယ္လို႔ ဂ်ဴဗင္တပ္စ္အသင္းသာ လာမယ့္ရာသီမွာ ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ္ဆိုရင္ စီးရီးေအမွာ ပါဝင္ကစားခြင့္ရမွာ မဟုတ္ပါဘူး။ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြအတြက္ ကြၽန္ေတာ္ စိတ္မေကာင္းေပမယ့္ သတ္မွတ္ထားတဲ့စည္းမ်ဥ္းေတြအတိုင္း ေဆာင္႐ြက္ရမွာျဖစ္ၿပီး ဒီစည္းမ်ဥ္းေတြက အသင္းတိုင္းနဲ႔သက္ဆိုင္ပါတယ္။ ဒီျပႆနာဟာ မၾကာခင္ေျပလည္သြားလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ UEFA ကလည္း ဥေရာပစူပါလိဂ္ၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္မယ့္အသင္းေတြကို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ထုတ္ပယ္သြားမယ္လို႔ သတိေပးထားတာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္း ေဘးက်ပ္နံက်ပ္ျဖစ္ေနပါၿပီ။ ဂ်ဴဗင္တပ္စ္အသင္းဟာ ၂၀၀၆ ခုႏွစ္တုန္းက လုပ္ပြဲျပႆနာေတြေၾကာင့္ စီးရီးဘီကို တန္းဆင္းျပစ္ဒဏ္ခ်မွတ္ခံခဲ့ရဖူးတဲ့ အျဖစ္အပ်က္ေတြလည္းရွိခဲ့ဖူးတာပါ။

ဂ်ဴဗင္တပ္စ္အသင္းဟာ လာမယ့္ရာသီခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရင္ ေပါင္(၇၈)သန္းအထိနစ္နာဖို႔ရွိေနၿပီး အဓိက ကစားသမား စီေရာ္နယ္လ္ဒိုကလည္း အသင္းနဲ႔လမ္းခြဲဖို႔နီးစပ္ေနခ်ိန္မွာ စီးရီးေအၿပိဳင္ပြဲကေန အထုတ္ခံရမယ့္အေနအထားနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ အသင္းအတြက္ ၾကမၼာဆိုးဝင္တဲ့ကာလလို႔ပဲ ေျပာရမွာျဖစ္ပါတယ္။