လာမယ့်အပတ်မှာ စီရော်နယ်ဒိုနဲ့ရင်ဆိုင်ရဖို့ မျှော်လင့်နေတဲ့မက်ဆီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပေမယ့် လာမယ့်အပတ်ချန်ပီယံလိဂ်ပွဲမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်းစီရော်နယ်ဒိုပါဝင်နိုင်မယ်လို့ မက်ဆီတစ်ယောက် မျှော်လင့်နေပါတယ်။ လာမယ့်အောက်တိုဘာ ၂၈ မှာ မက်ဆီရဲ့ဘာစီလိုနာနဲ့ စီရော်နယ်ဒိုရဲ့ဂျူဗင်တပ်တို့ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် တူရင်မြို့မှာ ရင်ဆိုင်ရဖို့ရှိနေတာပါ။

ဒါပေမဲ့ စီရော်နယ်ဒိုဟာ ဒုတိယအကြိမ်ကိုဗစ်စစ်ဆေးမှုမှာလည်း positive ထွက်ခဲ့ပြန်တာကြောင့် အဲဒီပွဲကို မပါနိုင်ဖို့ များနေပါတယ်။ သူ့အသင်းဂျူဗင်တပ်ကတော့ ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ စီရော်နယ်ဒိုကို ထပ်မံစစ်ဆေးပြီး negative ထွက်တာနဲ့ ပါနိုင်ရေးအတွက် လုံးပန်းနေပါတယ်။

ဒီလိုပဲ မက်ဆီကလည်း သူ့ရဲ့အဓိကပြိုင်ဘက်ဟောင်းနဲ့ နောက်တစ်ကြိမ်ပြန်တွေ့နိုင်ရေးအတွက် စိတ်အားထက်သန်နေတာပါ။ ရီးရဲလ်ကနေ စီရော်နယ်ဒိုထွက်ခွာသွားပြီးကတည်းက သူတို့နှစ်ယောက်ဟာ ကွင်းထဲမှာ ရင်ဆိုင်ရခြင်းမရှိတော့ဘဲ ဒီတစ်ကြိမ်မှာမှ အခါအခွင့်သင့်လို့ တစ်အုပ်စုတည်းကျနေတာပါ။

”ရီးရဲလ်မှာ စီရော်နယ်ဒို ကစားခဲ့စဉ်က ပွဲတွေဟာ ထူးရှယ်ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်နဲ့ပွဲတွေဟာ အမြဲတမ်းစပယ်ရှယ်ဆိုပေမယ့် ကွင်းထဲမှာ စီရော်နယ်ဒိုရှိနေမှသာ ပိုကောင်းတာပါ။ လာမယ့်ဗုဒ္ဓဟူးမှာလည်း အဲဒီစိန်ခေါ်မှုမျိုးရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ စီရော်နယ်ဒို ပြန်ပါဖို့နဲ့ ကိုဗစ်ကနေ မကြာခင်သက်သာပျောက်ကင်းနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ မက်ဆီက ပြောခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

လာမယ့္အပတ္မွာ စီေရာ္နယ္ဒိုနဲ႔ရင္ဆုိင္ရဖို႔ ေမွ်ာ္လင့္ေနတဲ့မက္ဆီ

ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရေပမယ့္ လာမယ့္အပတ္ခ်န္ပီယံလိဂ္ပြဲမွာ သူ႔ရဲ႕ၿပိဳင္ဘက္ေဟာင္းစီေရာ္နယ္ဒိုပါ၀င္ႏိုင္မယ္လုိ႔ မက္ဆီတစ္ေယာက္ ေမွ်ာ္လင့္ေနပါတယ္။ လာမယ့္ေအာက္တုိဘာ ၂၈ မွာ မက္ဆီရဲ႕ဘာစီလိုနာနဲ႔ စီေရာ္နယ္ဒိုရဲ႕ဂ်ဴဗင္တပ္တို႔ဟာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ တူရင္ၿမိဳ႕မွာ ရင္ဆုိင္ရဖုိ႔ရွိေနတာပါ။

ဒါေပမဲ့ စီေရာ္နယ္ဒုိဟာ ဒုတိယအႀကိမ္ကိုဗစ္စစ္ေဆးမႈမွာလည္း positive ထြက္ခဲ့ျပန္တာေၾကာင့္ အဲဒီပြဲကုိ မပါႏိုင္ဖို႔ မ်ားေနပါတယ္။ သူ႔အသင္းဂ်ဴဗင္တပ္ကေတာ့ ပြဲမတိုင္ခင္ ရက္ပိုင္းအလုိမွာ စီေရာ္နယ္ဒိုကို ထပ္မံစစ္ေဆးၿပီး negative ထြက္တာနဲ႔ ပါႏိုင္ေရးအတြက္ လုံးပန္းေနပါတယ္။

ဒီလုိပဲ မက္ဆီကလည္း သူ႔ရဲ႕အဓိကၿပိဳင္ဘက္ေဟာင္းနဲ႔ ေနာက္တစ္ႀကိမ္ျပန္ေတြ႕ႏိုင္ေရးအတြက္ စိတ္အားထက္သန္ေနတာပါ။ ရီးရဲလ္ကေန စီေရာ္နယ္ဒိုထြက္ခြာသြားၿပီးကတည္းက သူတို႔ႏွစ္ေယာက္ဟာ ကြင္းထဲမွာ ရင္ဆိုင္ရျခင္းမရွိေတာ့ဘဲ ဒီတစ္ႀကိမ္မွာမွ အခါအခြင့္သင့္လို႔ တစ္အုပ္စုတည္းက်ေနတာပါ။

”ရီးရဲလ္မွာ စီေရာ္နယ္ဒုိ ကစားခဲ့စဥ္က ပြဲေတြဟာ ထူးရွယ္ျဖစ္ခဲ့ပါတယ္။ ရီးရဲလ္နဲ႔႔ပြဲေတြဟာ အၿမဲတမ္းစပယ္ရွယ္ဆုိေပမယ့္ ကြင္းထဲမွာ စီေရာ္နယ္ဒုိရွိေနမွသာ ပိုေကာင္းတာပါ။ လာမယ့္ဗုဒၶဟူးမွာလည္း အဲဒီစိန္ေခၚမႈမ်ိဳးရွိေနႏိုင္ပါတယ္။ ကၽြန္ေတာ္တုိ႔ကေတာ့ စီေရာ္နယ္ဒို ျပန္ပါဖို႔နဲ႔ ကိုဗစ္ကေန မၾကာခင္သက္သာေပ်ာက္ကင္းႏို္င္ဖုိ႔ ေမွ်ာ္လင့္ပါတယ္”လုိ႔ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ မက္ဆီက ေျပာခဲ့တာပါ။