
စူပါကွန်ပျူတာကမန်ချက်စတာယူနိုက်တက်မှာလာမယ့်ပွဲ၉ပွဲတွင်၃ပွဲတည်းသာ
အနိုင်ရရှိမယ်လို့ခန့်မှန်းလာပါတယ်။ ဆိုးလ်ရှားဦးဆောင်တဲ့မန်ယူအသင်းဟာ
နောက်ဆုံး၈ပွဲတွင်၂ပွဲတည်းသာအနိုင်ရရှိထားပြီးခြေစွမ်းဆိုးရွားကာဖိအားများနှင့်
ရင်ဆိုင်နေရပါတယ်။
ဒါကြောင့်လည်းမန်ယူပရိသတ်များရဲ့ဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ရေး
တောင်းဆိုမှုကအသံပိုမိုကျယ်လောင်လာနေပါတယ်။
မန်ယူဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာအတ္တလန္တာကိုဧည့်ခံကစားရပါမယ်။
မန်ယူဟာအိုးထရက်ဖို့ဒ်နှစ်ပွဲဆက်နိုင်ပွဲပျောက်နေတဲ့အသင်းလည်းဖြစ်ပါတယ်။
BonusCodeBets ရဲ့စူပါကွန်ပျူတာကမန်ယူဟာအတ္တလန္တာကိုအနိုင်ရဖို့
၅၅ရာခိုင်နှုန်းတည်းသာရှိကြောင်းဆိုသွားပါတယ်။ဒါ့အပြင်စူပါကွန်ပျူတာက
မန်ယူဟာလာမယ့်ပွဲ၉ပွဲတွင်၃ပွဲတည်းသာအနိုင်ရမယ်လို့ဆိုသွားပါတယ်။
ယင်း၉ပွဲမှာနိုင်ပွဲ၃ပွဲတွင် ယနေ့အတ္တလန္တာကိုအနိုင်ရတဲ့ပွဲလည်းပါဝင်ပါမယ်။
မန်ယူဟာယနေ့ညအတ္တလန္တာနှင့်ပွဲပြီးလျှင်ပွဲကြပ်များအဖြစ်လီဗာပူး၊
စပါးစ်တို့နှင့်ပရီးမီးယားလိဂ်မှာဆက်တိုက်ရင်ဆိုင်ရပါမယ်။
ယင်းနောက်၎င်းတို့ဟာအတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်
ရင်ဆိုင်ရမှာဖြစ်ပြီးမန်စီးတီး၊ဝက်ဖို့ဒ်၊ဗီလာရီးရဲလ်၊ချဲလ်ဆီး၊အာဆင်နယ်တို့နှင့်ရင်ဆိုင်ရပါမယ်။
စူပါကွန်ပျူတာကဆိုးလ်ရှားရဲ့မန်ယူအသင်းဟာယခုအပတ်အကုန်မှာ
ရင်ဆိုင်ရမယ့်လီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်မှာအနိုင်ရာခိုင်နှုန်း
၃၃ရာခိုင်နှုန်းသာရှိကြောင်းခန့်မှန်းထားသလိုမန်စီးတီးနှင့်ပွဲတွင်အနိုင်ရရှိရန်
၄၂ရာခိုင်နှုန်းသာရှိကြောင်းဆိုထားပါတယ်။
Zawgyi
လာမယ့္ ၉ ပြဲမွာ ယူႏိုက္တက္ ၃ ပြဲသာ ႏိုင္မည္
စူပါကြန္ပ်ဴတာကမန္ခ်က္စတာယူႏိုက္တက္မွာလာမယ့္ပြဲ၉ပြဲတြင္၃ပြဲတည္းသာ
အႏိုင္ရရွိမယ္လို႔ခန႔္မွန္းလာပါတယ္။ ဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူအသင္းဟာ
ေနာက္ဆုံး၈ပြဲတြင္၂ပြဲတည္းသာအႏိုင္ရရွိထားၿပီးေျခစြမ္းဆိုး႐ြားကာဖိအားမ်ားႏွင့္
ရင္ဆိုင္ေနရပါတယ္။ ဒါေၾကာင့္လည္းမန္ယူပရိသတ္မ်ားရဲ႕ဆိုးလ္ရွားကိုရာထူးမွ
ထုတ္ပယ္ေရးေတာင္းဆိုမႈကအသံပိုမိုက်ယ္ေလာင္လာေနပါတယ္။
မန္ယူဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာအတၱလႏၲာကိုဧည့္ခံကစားရပါမယ္။
မန္ယူဟာအိုးထရက္ဖို႔ဒ္ႏွစ္ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။
BonusCodeBets ရဲ႕စူပါကြန္ပ်ဴတာကမန္ယူဟာအတၱလႏၲာကိုအႏိုင္ရဖို႔
၅၅ရာခိုင္ႏႈန္းတည္းသာရွိေၾကာင္းဆိုသြားပါတယ္။ဒါ့အျပင္စူပါကြန္ပ်ဴတာက
မန္ယူဟာလာမယ့္ပြဲ၉ပြဲတြင္၃ပြဲတည္းသာအႏိုင္ရမယ္လို႔ဆိုသြားပါတယ္။
ယင္း၉ပြဲမွာႏိုင္ပြဲ၃ပြဲတြင္ ယေန႔အတၱလႏၲာကိုအႏိုင္ရတဲ့ပြဲလည္းပါဝင္ပါမယ္။
မန္ယူဟာယေန႔ညအတၱလႏၲာႏွင့္ပြဲၿပီးလွ်င္ပြဲၾကပ္မ်ားအျဖစ္လီဗာပူး၊
စပါးစ္တို႔ႏွင့္ပရီးမီးယားလိဂ္မွာဆက္တိုက္ရင္ဆိုင္ရပါမယ္။
ယင္းေနာက္၎တို႔ဟာအတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္
ရင္ဆိုင္ရမွာျဖစ္ၿပီးမန္စီးတီး၊ဝက္ဖို႔ဒ္၊ဗီလာရီးရဲလ္၊ခ်ဲလ္ဆီး၊အာဆင္နယ္တို႔ႏွင့္ရင္ဆိုင္ရပါမယ္။
စူပါကြန္ပ်ဴတာကဆိုးလ္ရွားရဲ႕မန္ယူအသင္းဟာယခုအပတ္အကုန္မွာ
ရင္ဆိုင္ရမယ့္လီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္မွာအႏိုင္ရာခိုင္ႏႈန္း
၃၃ရာခိုင္ႏႈန္းသာရွိေၾကာင္းခန႔္မွန္းထားသလိုမန္စီးတီးႏွင့္ပြဲတြင္အႏိုင္ရရွိရန္
၄၂ရာခိုင္ႏႈန္းသာရွိေၾကာင္းဆိုထားပါတယ္။