မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီဟာမနေ့ညတုန်းက
အာဆင်နယ်နှင့်ပွဲစဉ်တွင်နာကျင်အချိန်ပိုအဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
အာဆင်နယ်ပရိသတ်များရှေ့သို့သွားကာအကြီးအကျယ်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာမနေ့ညတုန်းကအမ်းမရိတ်မှ
ာအာဆင်နယ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအချိန်ပိုမှာမန်စီးတီးအတွက်
အနိုင်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဂိုးသွင်းယူပြီးနောက်
ရိုဒရီဟာအင်္ကျီချွတ်ကာအာဆင်နယ်ပရိသတ်များရှေ့သို့သွားရောက်ပြီး
အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်များကလည်းသူတို့ရှေ့သို့လာရောက်အောင်ပွဲခံတဲ့ရိုဒရီကို
ရေသန့်ဗူးပုလင်းများ၊အိမ်သာသုံးစက္ကူများအပြင်အခြားပစ္စည်းများဖြင့်
ဝိုင်းပစ်ကာကြိုဆိုခဲ့ကြပါတယ်။အာဆင်နယ်ပရိသတ်များ
ပစ်ပေါက်တဲ့ပစ္စည်းများကိုအာဆင်နယ်ကစားသမားများနှင့်
ကွင်းဝန်ထမ်းတို့ကရှင်းလင်းပေးခဲ့ကြတာတွေ့ရပါတယ်။
မနေ့ညကပွဲတွင်အာဆင်နယ်ဟာဆာကာရဲ့ဂိုးဖြင့်ပထမပိုင်းမှာ
ဦးဆောင်နိုင်ခဲ့ပေမဲ့မရာ့ဇ်ကပင်နယ်တီကနေမန်စီးတီးအတွက်
ချေပခဲ့ပါတယ်။ယင်းနောက်ချက်ချင်းဆိုသလို ဂါဘရီရယ်အနီကတ်ပြထုတ်ပယ်ခံရလို့
အာဆင်နယ်တို့တစ်ယောက်အလျှော့နဲ့ကစားခဲ့ရပါတယ်။
နာကျင်အချိန်ပိုမှာရိုဒရီကအနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
zawgyi
လာရောက်အောင်ပွဲခံတဲ့ ရိုဒရီကို ရေသန့်ဗူးပုလင်းများ၊ အိမ်သာသုံးစက္ကူများအပြင် အခြားပစ္စည်းများဖြင့် ကြိုဆိုခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်များ